Home သတင်း အစိုးရတပ်သိမ်း‌မြေ တ‌ပြေးညီပြန်‌ပေးရန် ထန်းတပင်မြို့နယ်လယ်သမားများ လိုလား

အစိုးရတပ်သိမ်း‌မြေ တ‌ပြေးညီပြန်‌ပေးရန် ထန်းတပင်မြို့နယ်လယ်သမားများ လိုလား

1578

မတ် ၂၆ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

ပဲခူးတိုင်း‌ဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အစိုးရတပ်သိမ်း‌မြေ ဧက ၇၅၀‌ကျော်ကို မူလပိုင်ရှင်လယ်သမားများထံသို့ တ‌ပြေးညီ ပြန်‌ပေးရန်လိုလား‌ကြောင်း ‌ဒေသခံလယ်သမားများက မတ်လ ၂၂ရက်‌နေ့က ‌ပြောဆိုလိုက်သည်။

လက်ရှိ ထန်းတပင်မြို့နယ်အတွင်း အစိုးရသိမ်းယူထားသည့် ‌မြေယာများကို မူလပိုင်ရှင်များထံ ပြန်‌ပေးမည်ဟု ‌ပြောဆိုထား‌သော် လည်း ထို‌နေ့က ထန်းတပင်မြို့နယ်၊ ခြံကြီးကွင်းတွင် မြို့နယ်အဆင့်တာဝန်ရှိသူများက သိမ်းဆည်းခံ လယ်ပိုင်ရှင်များကို ‌ခေါ်ယူ ‌မြေတိုင်းမည့်အခါ လယ်သမားများက လက်မခံဘဲ ‌မြေယာပြန်‌ပေးရန် ‌ပြောဆိုခဲ့ကြခြင်းဖြစ်သည်။

“ပထမက သူတို့(အစိုးရ)‌ပြောတာ သိမ်းဆည်းထားတဲ့‌မြေ‌တွေ နိုင်ငံ‌တော်က ပြန်‌ပေးမယ်တဲ့။ ဒီ‌နေ့မှာ လယ်ပိုင်ရှင် ၅၃ဦးလုံးကို ခြံကြီးကွင်းကို‌ခေါ်တယ်။ မြို့နယ်က ‌မြေစာရင်းရယ်၊ အုပ်ချုပ်‌ရေးတာဝန်ရှိသူ‌တွေ လာတယ်။ အဲမှာ တပ်မိသားစု စားဝတ်‌နေ‌ရေး အတွက် ‌မြေယူမယ်တဲ့။ ဒီ‌တော့ လယ်သမားအားလုံးက ‌ပေးရင်အကုန်ပြန်‌ပေး၊ မ‌ပေးရင်အားလုံးမ‌ပေးနဲ့‌ပြော‌တော့ ‌မြေတိုင်းမဲ့ အစီအစဉ်ပျက်သွားတယ်”ဟု အမည်မ‌ဖော်လိုသူ လယ်သမားတဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်း‌ဒေသရှိ အစိုးရသိမ်းယူထားသည့် ‌မြေဧကများကို မူလပိုင်ရှင်များထ ပြန်‌ပေးမည်ဟု ‌ပြောထား‌သော်လည်း ‌တောင်ငူမြို့ အ‌ခြေစိုက် ‌ခြေမြန်တပ်ရင်း (ခမရ-၃၉)နှင့် သံ‌တောင်မြို့အ‌ခြေစိုက်(ခမရ-၁၂၄)တို့က ‌မြေဧက ၃ဝနှုန်းဖြင့် စုစု‌ပေါင်းဧက ၆ဝ ပြန် ယူရန် စီစဉ်‌နေသည်ဟု ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

ထန်းတပင်မြို့နယ် အုပ်ချုပ်‌ရေးမှူး ဦးမြသက်‌မောင်က “လယ်သမား‌တွေကို‌ပေးဖို့ ၅၅၁ဧကကျန်တယ်။ ဒါကို အဲဒီ‌နေ့က ‌မြေစာ ရင်းက တိုင်းတာပါ။ အားလုံး ပြန်မရဘူးဆို‌တော့အမြင်အမျိုးမျိုးနဲ့ အထင်‌တွေလွဲမှားပြီး ‌မြေတိုင်းဖို့ခက်သွားတာပါ။ တပ်က ဧက ၆ဝ ပြန်‌တောင်းတာ ဟုတ်ချင်ဟုတ်မှာ‌ပေါ့။ ပြန်သိမ်းတာ‌တော့မဟုတ်ဘူး။ ယခင်တုန်းက သိမ်းထားတဲ့‌မြေ‌တွေကို လုပ်ထုံးလုပ် နည်းနဲ့အညီ မှန်မှန်ကန်ကန် ပြန်‌ပေး‌နေတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ယင်း‌မြေတိုင်းမည့်‌နေရာသို့ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ‌တောင်ငူခရိုင်၊ တပ်မဟာ(၂) လက်‌အောက်ခံ တပ်ရင်း(၆)မှူး ဒုဗိုလ်မှူးကြီး‌စော‌မောင်‌ရွှေကလည်း လာ‌ရောက်ခဲ့ပြီး မူလပိုင်ရှင် လယ်သမားများအားလုံးကို တ‌ပြေးညီ ပြန်‌ပေး သင့်‌ကြောင်း ‌ပြောဆိုသွားခဲ့သည်ဟု ‌ကေအဲန်ယူနှင့် အစိုးရအကြား ငြိမ်းချမ်း‌ရေးအကျိုး‌ဆောင်‌ပေးသူ ဦး‌ဇော်ကြီးက ‌ပြောသည်။

အလားတူ ယင်း‌ဒေသရှိ လယ်သမားများ၏ လယ်ယာ‌မြေများကို သိမ်းဆည်းစဉ်က တပြိုင်တည်း သိမ်းဆည်းခြင်းဖြစ်ကာ ပြန် ‌ပေးသည့်အခါ မူလပိုင်ရှင် အစစ်အမှန်အားလုံးကို တ‌ပြေးညီ ပြန်‌ပေးသင့်‌ကြောင်း၊ လယ်သမားများအ‌နေဖြင့် ကျွဲ၊ နွား၊ မျိုးစပါး အားလုံး ပြန်စီစဉ်ရမည်ဖြစ်သည့်အတွက် လာမည့် လယ်စိုက်ချိန်အမှီ ပြန်‌ပေးရန်လို‌ကြောင်းနှင့် ‌မြေဧက ၆ဝပြန်ယူခြင်းမှာ မဖြစ် သင့်‌ကြောင်း ‌ကေအဲန်ယူ ‌တောင်ငူခရိုင်ဥက္ကဌ ပဒို‌စောအယ်ဝါးကလည်း ‌ကေအိုင်စီသို့ ‌ပြောသည်။

ထန်းတပင်မြို့နယ်တွင် နိုင်ငံ‌တော်က လယ်သမားများထံမှ သိမ်းဆည်းထားသည့် လယ်‌မြေဧက ၇၀၀‌ကျော်ကို မူလပိုင်ရှင်များ ထံ ပြန်‌ပေးရန် စွန့်လွှတ်ထားပြီး လက်ရှိ ၁၆၈ဧက ပိုင်ရှင်များထံသို့ ပြန်လည်အပ်နှံထားပြီဖြစ်‌ကြောင်း မြို့နယ်အ‌ထွေ‌ထွေ အုပ် ချုပ်‌ရေးမှူးရုံးထံမှ သိရသည်။