Home သတင်း ဧရာဝတီတိုင်း သန်း‌ခေါင်စာရင်းတွင် ပိုးနှင့်စ‌ကောကရင် နှစ်မျိုးတည်းသာ ထည့်သွင်းရန် ဆုံးဖြတ်

ဧရာဝတီတိုင်း သန်း‌ခေါင်စာရင်းတွင် ပိုးနှင့်စ‌ကောကရင် နှစ်မျိုးတည်းသာ ထည့်သွင်းရန် ဆုံးဖြတ်

1499

‌ဖေ‌ဖေါ်ဝါရီ ၁၅ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း ပြည်လုံးကျွတ် သန်း‌ခေါင်စာရင်း‌ကောက်ယူရာတွင် ကရင်လူမျိုးများအတွက် ပိုးနှင့် စ‌ကော ကရင် နှစ်မျိုးတည်းသာ ထည့်သွင်းရန် ဆုံးဖြတ်ထား‌ကြောင်း ကရင်အမျိုးသားငြိမ်းချမ်း‌ရေးနှင့် စည်းလုံး‌ရေး‌ကော်မတီ (KUPC) ဝင် နန့်ခင်‌အေးဦးက ‌ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ရက်‌နေ့က ပုသိမ်မြို့၊ အမှတ်၆ အာရ်စီဝင်းရှိ ကက်သလစ် ဘုန်း‌တော်ကြီး ‌ကျောင်းခမ်းမ၌ KUPC ‌ကော်မတီနှင့် ဧရာဝတီတိုင်း‌ဒေသကြီး ကရင်လူထု‌တွေ့ဆုံပွဲတွင် တက်‌ရောက်လာသူများက ‌ဆွေး‌နွေး ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

“သန်း‌ခေါင်စာရင်း‌ကောက်ဖို ့အတွက် ကရင်မျိုးနွယ်စုသတ်မှတ်တဲ့အခါ ရှုတ်‌ထွေးမှု‌တွေရှိတယ်။ ဒါကို ရှင်းရှင်းလင်းလင်းဖြစ်ဖို့ အတွက် ပိုးနဲ ့စ‌ကောကရင် နှစ်မျိုးထဲထည့်ဖို့ ‌တွေ့ဆုံပွဲမှာ ‌ဆွေး‌နွေးဆုံးဖြတ်ခဲ့တာပါ”ဟု KUPC ‌ကော်မတီဝင် နန့်ခင်‌အေးဦးက ‌ကေအိုင်စီသို ့‌ပြောသည်။

လက်ရှိ သန်း‌ခေါင်စာရင်း‌ကောက်ယူရာတွင် အစိုးရက ကရင်မျိုးနွယ်စု ၁၁စု သတ်မှတ်ထား‌သော်လည်း ဧရာဝတီတိုင်း‌ဒေသ ကြီးတွင် အ‌နောက်ပိုးကရင်နှင့် စ‌ကောကရင်မျိုးနွယ်စုတို့သာ ‌နေထိုင်ကြသည့်အတွက်‌ကြောင့် လူမျိုး‌နေရာတွင် အ‌နောက်ပိုး ကရင် သို့မဟုတ် စ‌ကောကရင်ဟုသာ ဖြည့်စွက်ရန် တိုင်း‌ဒေသကြီးအတွင်းရှိ ကရင်လူမျိုးများကို သန်း‌ခေါင်စာရင်းပုံစံ နမူနာများ ဖြန့်‌ဝေအသိပညာ‌ပေးသွားမည်ဟု သူမက ထပ်မံ ‌ပြောဆိုသည်။

ယင်းသို့ ပိုးနှင့် စ‌ကောကရင်နှစ်မျိုးသာ ထည့်သွင်းရန် KUPC ‌ကော်မဝတီဝင်များနှင့် လူထု‌တွေ့ဆုံပွဲတွင် ဆုံးဖြတ်ခဲ့ခြင်းနှင့် ပတ် သက်၍ ပုသိမ်‌ဒေသခံ မန်းစိုးမိုးက “ဒါက‌တော့ အမှန်ပဲ။ ဧရာဝတီတိုင်းမှာက အ‌နောက်ပိုးကရင်နဲ ့စ‌ကောကရင်ပဲရှိတယ်။ အခု ‌လော‌လောဆယ်‌တော့ ကရင်ပြည်သူ့ပါတီက ပညာ‌ပေးလုပ်‌ဆောင်‌နေတာ‌တော့ ‌တွေ့တယ်”ဟု ၎င်း၏အမြင်ကို ရှင်းပြသည်။

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ ကရင်လူမျိုးများအ‌နေဖြင့် သန်း‌ခေါင်စာရင်း‌ကောက်ယူရာတွင် တိုင်းရင်းသားမျိုးနွယ်စု အမည် ကွဲလွဲချက်များ ‌ဆွေး‌နွေးပွဲတစ်ရပ်ကို ပုသိမ်မြို့၌ ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ရက်‌နေ့က ကျင်းပခဲ့ပြီး မွန်ကရင်(စာဖြူ) သတ်မှတ်ချက် ပယ်ဖျက်‌ပေးရန် သ‌ဘောထား‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့သည်။