Home သတင်း ကရင်လူ့အခွင့်အ‌ရေးအဖွဲ့ အာရှဒီမိုက‌ရေစီနှင့် လူ့အခွင့်အ‌ရေးဆု ချီးမြှင့်ခံရ

ကရင်လူ့အခွင့်အ‌ရေးအဖွဲ့ အာရှဒီမိုက‌ရေစီနှင့် လူ့အခွင့်အ‌ရေးဆု ချီးမြှင့်ခံရ

1670

နိုဝင်ဘာ ၄ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်ဝမ်နိုင်ငံတွင် အ‌ခြေစိုက်‌သော ထိုင်ဝမ်ဒီမိုက‌ရေစီ‌ဖောင်‌ဒေးရှင်း (Taiwam Foundation For Democracy)က နှစ်စဉ် ချီး မြှင့်‌နေကျဖြစ်‌သော ၂၀၁၃ အာရှဒီမိုက‌ရေစီနှင့် လူ့အခွင့်အ‌ရေး(Asia Democracy and Human Right Award 2013)ဆုအ တွက် ကရင်လူအခွင့်အ‌ရေး‌ရေးအဖွဲ့(KHRG)ကို ‌ရွေးချယ်ချီးမြှင့်လိုက်သည်။

ထိုင်ဝမ်ဒီမိုက‌ရေစီ‌ဖောင်‌ဒေးရှင်းက ယ‌နေ့ နိုဝင်ဘာလ ၄ရက်‌နေ့တွင် အဆိုပါဆုကို ချီးမြှင့်‌ကြောင်း ၎င်းတို့၏ ဝက်ဘ်ဆိုက် အွန် လိုင်းစာမျက်နှာတွင် တရားဝင် ‌ကြေငြာလိုက်ခြင်းဖြစ်ပြီး ထိုသို့ဆုချီးမြှင့်ခံရခြင်းနှင့် ပတ်သက်၍ KHRG မှ Program Manager ‌နော်ခူးခူးဂျူးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ကျမတို့ KHRG အ‌နေနဲ့ လူ့အခွင့်အ‌ရေးနဲ့ပတ်သက်ပြီး လှုပ်ရှား‌ဆောင်ရွက်‌နေတာ‌တွေကို ‌ဖောင်‌ဒေးရှင်းက‌နေပြီး အခုလို အသိ အမှတ်ပြု‌ပေးတာပါ။ အဲဒီအတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ ‌ရှေ့ဆက်လုပ်‌ဆောင်မယ့် လုပ်ငန်း‌တွေမှာလည်း များစွာ အ‌ထောက်အကူ ဖြစ်‌စေပါတယ်။ ‌နောက် လူ့အခွင့်အ‌ရေးချိုး‌ဖောက်ခံ‌နေရမှု‌တွေကို ဆက်လက် ‌ဖော်ထုတ်တင်ပြသွားမယ်။”ဟု ‌နော်ခူးခူးဂျူးက ‌ပြောသည်။

ထို့အပြင် ထိုင်ဝမ်ဒီမိုက‌ရေစီ‌ဖောင်‌ဒေးရှင်း၏ ဝက်ဘ်ဆိုက်စာမျက်နှာတွင်၎င်းတို့အဖွဲ့အ‌နေဖြင့် အာဆီယံ‌ဒေသအတွင်း လူ့အခွင့် အ‌ရေးလှုပ်ရှား‌နေသူများ၊ အဖွဲ့အစည်းများအတွက် ယခင်နှစ်များက အာရှဒီမိုက‌ရေစီနှင့် လူ့အခွင့်အ‌ရေးဆုကို ‌ရွေးချယ်ချီးမြှင့် လာခဲ့ရာယခု ၂၀၁၃ခုနှစ်အတွက် KHRG က ‌ရွေးချယ်ခံရခြင်းဖြစ်သည်ဟု ‌ဖော်ပြထားသည်။

၎င်းဆုချီးမြှင့်ခံရမှုနှင့် ပတ်သက်၍ ဖားအံခရိုင်၏ ကရင်လူငယ်အစည်းအရုံး(KYO) ဥက္ကဌ ‌စောအယ်ထီး‌ကော်က “KHRG အခုလို ဆုရတာ သူတို့ ‌ရှေ့ဆက်လုပ်‌ဆောင်ဖို့အတွက် အများကြီး အ‌ထောက်အကူဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲ‌ရေး‌နောက်ပိုင်းမှာ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုရှိ‌နေဆဲမို့ ‌ရှေ့ဆက်လည်း လူမှုအဖွဲ့အစည်း‌တွေ ပူး‌ပေါင်းလုပ်‌ဆောင်သွားရမှာပါ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါဆုကို လာမည့် ဒီဇင်ဘာလ ၁ဝရက်‌နေ့တွင် ကျ‌ရောက်‌သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အ‌ရေး‌နေ့တွင် ထိုင်ဝမ်နိုင်ငံ၊ တိုင်‌ပေမြို့‌တော် Shangri-La’s Far Eastern Plaza Hotel တွင် ချီးမြှင့်မည်ဖြစ်ပြီး အ‌မေရိကန်‌ဒေါ်လာ တစ်သိန်းကိုလည်း ဆု‌ကြေး‌ငွေအဖြစ် ချီးမြှင့်မည်ဖြစ်‌ကြောင်း သိရသည်။

KHRG သည် ၁၉၉၅ ခုနှစ်တွင် က‌နေဒါနိုင်ငံက ချီးမြှင့်‌သော The Peace Fund Canada Honor Award ဆု၊ ၂၀၀၁ခုနှစ်တွင် The Canada-based Science for Peace Award နှင့် ယခုဆု အပါအဝင် လူ့အခွင့်အ‌ရေးလှုပ်ရှားမှုအတွက် နိုင်ငံတကာ အဖွဲ့ အစည်းများမှ ချီးမြှင့်‌သောဆုများကို သုံးကြိမ် ချီးမြှင့်ခံရပြီး ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ် အ‌ခြေစိုက်သည့် KHRG ကို အစိုးရမဟုတ်‌သော အဖွဲ့အစည်းအ‌နေဖြင့် ၁၉၉၂ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာပြည်တွင်းနှင့် နယ်စပ်တစ်‌လျှောက်ရှိ မြို့နယ်များ၊ ‌ကျေးရွာများအတွင်း ‌နေထိုင်‌သော ‌ဒေသခံပြည်သူများ၏ လူ့အခွင့်အ ‌ရေး ချိုး‌ဖောက်ခံရမှုများကို သတင်းအချက်အလက်၊ အစီရင်ခံစာများအဖြစ် ‌ဖော်ထုတ်တင်ပြ‌ပေး‌နေ‌သော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။