Home သတင်း မြဝတီ‌လောင်းကစားမှုများကို ထိ‌ရောက်စွာအ‌ရေးယူ‌ဆောင် ရွက်သွားမည်ဟုခရိုင်ရဲမှူး ကြီး‌ပြော

မြဝတီ‌လောင်းကစားမှုများကို ထိ‌ရောက်စွာအ‌ရေးယူ‌ဆောင် ရွက်သွားမည်ဟုခရိုင်ရဲမှူး ကြီး‌ပြော

1929
(ဓါတ်ပုံ-မန်းမျိုးမြင့်မီဒီယာ ‌ဖေ့စ်ဘုတ်)

‌အောက်တိုဘာ ၂၅ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ‌လောင်းကစားမှုများ ပ‌ပျောက်‌အောင် ဥပ‌ဒေနှင့်အညီ ထိ‌ရောက်စွာအ‌ရေး ယူလုပ်‌ဆောင်သွားမည်ဟု ‌အောက်တိုဘာလ ၂၄ ရက်‌နေ့က ပြုလုပ်‌သော ‌လောင်းကစားခုံများ မီးရှို့ ဖျက်ဆီး ခြင်းအခမ်းနားမိန့်ခွန်းတွင် မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦး‌အောင်မြင့်က ‌ပြောကြားလိုက်သည်။

ရဲမှူးကြီး ဦး‌အောင်မြင့်က “မြဝတီမြို့နယ်အတွင်းရှိ မိဘပြည်သူများ၏ လိုလားမှု နှင့်လမ်း ညွှန်မှုများနှင့်အညီ ‌လောင်းကစားမှုများကို ပ‌ပျောက် ‌အောင်လုပ်‌ဆောင်သွားမယ်၊ မည့်သည့် အဖွဲ့အစည်းက ဖြစ်‌စေ ၊ ‌ငွေရှင်‌ကြေး ရှင်များက ဖြစ်‌စေ ‌ကျော‌ထောက်‌နောက်ခံပြုထား‌သော်လည်း ‌လောင်းကစားမှုများကို အ‌ရေးယူ‌ဆောင်ရွက်သွား မည်”ဟု ၎င်း၏ အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်း‌ပြောကြားသွားခြင်းဖြစ်သည်။

‌လောင်းကစားခုံများမီးရှို့ဖျက်ဆီးခြင်း အခမ်းအနားတွင် ‌လောင်းကစားခုံ အမျိုးမျိုး ၁၉၉ ခုံကို မြဝတီမြို့ အမှတ် (၄)ရပ်ကွက်အတွင်းရှိ ဓိဌာန်‌အောင်ဘုရားအနီးတွင် ဒုတိယအကြိမ်အဖြစ် မီးရှို့ဖျက်ဆီးမှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ‌အောက်တိုဘာ ၄ရက်‌နေ့မှစ၍ စတင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ရဲမှူးကြီး ဦး‌အောင်မြင့်က ဆက်‌ပြောသည်။

အခမ်းအနားတွင် ကရင်ပြည်နယ်နယ်စပ်‌ရေးရာ လုံခြုံ‌ရေးဝန်ကြီး ဗိုလ်မှူးကြီး‌အောင်လွင်၊ ကရင်ပြည်နယ် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် နန်း‌စေးအွာ၊ မြဝတီမြို့နယ်ရှိ ရဲတပ်ဖွဲ့အရာရှိများ၊ အုပ်ချုပ်‌ရေးမှူးများ၊ ဌာန ဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် မြို့ခံလူထုစုစု‌ပေါင်း ၂၀ဝ ‌ကျော်တက် ‌ရောက်ခဲ့ကြသည်ဟု သိရသည်။

မြဝတီမြို့တွင် ‌လောင်းကစားမှုများကို ပိုမိုများပြားလာသည့်အတွက် မြို့နယ်ရဲတပ်ဖွဲ့က လိုက်လံသိမ်းဆည်း မှုများပြုလုပ်သည့်‌နောက်ပိုင်းတွင် ‌လောင်းကစားမှုများ သိသိသာသာ ‌လျော့ပါးသွားသည်ဟု မြဝတီမြို့ခံတစ်ဦး ဖြစ်သူ ကို‌ဇော်ကြီးက ‌ပြောသည်။

၎င်းက “အခုလို ပန်းသီးပုံး‌လောင်းကစားပုံး‌တွေကို ဖမ်းဆီး သိမ်းဆည်းပြီး မီးရှို့ပစ်တာလည်း ‌ကောင်းပါတယ်။ အဲလို လုပ်လိုက်‌တော့ အရင်ကထက်စာရင် အခုမြို့မှာ ပန်းသီးပုံး‌လောင်းကစား တို့ အနှိပ်ခန်းတို့က ‌လော‌လော ဆယ် လုံးဝနီးပါးကို ပ‌ပျောက်သွားတယ်။ ‌နောက်လည်း အဲဒီလို လုပ်‌ပေးနိုင်ရင်‌ကောင်းပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြဝတီမြို့သည် ထိုင်း-မြန်မာနယ်စပ် နှစ်နိုင်ငံကုန်သွယ်‌ရေးတွင် အ‌ရေးပါ‌သောမြို့ဖြစ်သလို ‌လောင်းကစားရုံများ လိင်‌ဖျော်‌ဖြေ‌ရေးရုံများအပြင် မူးယစ်‌ဆေးဝါး‌ရောင်းဝယ်မှုများရှိ‌သော နယ်စပ်မြို့တစ်မြို့ဖြစ်‌ကြောင်း မြဝတီမြို့ခံ များက ဆိုသည်။

ယခုနှစ် မတ်လ ၃ ရက်‌နေ့ကလည်း မြဝတီမြို့နယ်ရဲတပ်ဖွဲ့မှ ‌လောင်းကစားမှုများကို အလားတူ ဝင်‌ရောက် ဖမ်းဆီးခဲ့ရာ အံဂလုံခုံ ၉၂ခုံနှင့် ဂိမ်းပုံး ၁၄ခုကို သိမ်းဆည်းရမိခဲ့ပြီး ပထမအကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်သည်။