Home သတင်း သံလွင်ကွင်းကို မြို့နယ်အားကစားကွင်း တည်‌ဆောက်ရန် မြို့ခံလူထု မလိုလား

သံလွင်ကွင်းကို မြို့နယ်အားကစားကွင်း တည်‌ဆောက်ရန် မြို့ခံလူထု မလိုလား

1315

စက်တင်ဘာ ၃ဝရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်၊ ဖားအံမြို့၊ အမှတ်(၄)ရပ်ကွက်အတွင်းရှိ ကရင်‌ကျောင်းသားများရိပ်သာအ‌ရှေ့ရှိ သံလွင်ကွင်းကို ပြည်နယ်အစိုးရ ၏ မြို့နယ်အားကစားကွင်း တည်‌ဆောက်မည့်အ‌ပေါ် မြို့ခံလူထုများက နဂိုအတိုင်း ထားရှိရန် စက်တင်ဘာ ၂၉ရက်‌နေ့က ‌တောင်းဆိုလိုက်သည်။

အများပိုင်ဖြစ်သည့် သံလွင်ကွင်းကို မြို့နယ်အားကစားကွင်းအဖြစ် သတ်မှတ်ခြင်းကို ကန့်ကွက်‌ကြောင်း၊ လက်ရှိ ကွင်းအတွင်းသို့ သဲများပုံခြင်း၊ ‌မြေတူးခြင်း၊ အ‌ဆောက်အဦး‌ဆောက်လုပ်ခြင်း၊ ခြံစည်းရိုးခတ်ထားခြင်းများကို ဆိုင်းငံ့ထားရန်နှင့် ကွင်းပြန်လည် ရရှိ‌ရေးအတွက် ပြည်နယ်လွှတ်‌တော်သို့ တင်သွင်းသွားရန် အစရှိသည့် အချက် ၆ချက်ကို ကရင်‌ကျောင်းသားများရိပ်သာ‌ဆောင် ၌ ဒုတိယအကြိမ် အစည်းအ‌ဝေး ပြုလုပ်ရာတွင် မြို့ခံလူထုများက ‌တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အစည်းအ‌ဝေးတက်‌ရောက်သည့် ဘားအံမြို့ခံဖြစ်သူ ‌စောသာမြ‌အောင်က “ဒီကွင်းကို မူလကွင်းအတိုင်း ပြန်ရ‌အောင် ကျ‌နော်တို့ အများလူထုဆန္ဒအတိုင်း ဒီမိုက‌ရေစီနည်းလမ်းအရ သက်ဆိုင်ရာ အစိုးရဌာနဆီကို တစ်ဆင့်ပြီးတစ်ဆင့် ‌တောင်းဆိုသွားမယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းလူထုအစည်းအ‌ဝေးတွင် လွှတ်‌တော်ကိုယ်စားလှယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ကရင်အနုပညာရှင်များအသင်း၊ ‌ကျောင်းသား‌ဟောင်းများနှင့် မြို့မိမြို့ဖတို့ စုစု‌ပေါင်း ၁၀ဝဦး‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ‌စောမင်း‌အောင်လင်းက “ကျ‌နော်က‌တော့ လူထုဆန္ဒကိုလည်း ‌ကောက်ခံခဲ့ပြီးပြီ။ လူထုဆန္ဒ က‌တော့ မြို့နယ်အားကစားကွင်းကို အခြား‌နေရာ‌တွေမှာ သွား‌ဆောက်‌စေချင်တယ်။ လူထုဆန္ဒအတိုင်း ပြည်နယ်လွှတ်‌တော်မှာ တင်ပြသွားမယ်။ မရရင် ပြည်‌ထောင်စုလွှတ်‌တော်အပြင် သမ္မတအထိ တင်ပြသွားဖို့ လုပ်‌ဆောင်‌ပေးမယ်။”ဟု ‌ပြောသည်။

အဆိုပါ မြို့နယ်အားကစားကွင်း တည်‌ဆောက်ရန် အခြား‌မြေ‌နေရာကို ရှာ‌ဖွေပြီး နိုင်ငံ‌တော်မှ ချ‌ပေးသည့် ဘတ်ဂျက်‌ငွေ ကျပ် သိန်း (၉၀၀)ကို အကျိုးရှိရှိ အသုံးပြုကာ ‌ဆောက်လုပ်‌စေလိုသည့်အပြင် သံလွင်ကွင်းသည် ကရင်‌ကျောင်းသားများရိပ်သာ ‌ဆောင်နှင့် အလွန်နီးကပ်သဖြင့် မြို့နယ်အားကစားကွင်း တည်‌ဆောက်ပြီးပါက မလိုလားအပ်သည့် လူမှု‌ရေးပြဿနာများ ဖြစ် ‌ပေါ်နိုင်သည်ဟုလည်း မြို့ခံလူထုက ‌ပြောဆို‌နေကြသည်။
Thanlwin construction case img2
ပြီးခဲ့သည့် ဩဂုတ် ၂၁ရက်‌နေ့က မြန်မာ‌ဌေး‌ဇော်ကုမ္ပဏီနှင့် အစိုးရ၏ အားကစားနှင့်ကာယပညာဦးစီးဌာနတို့သည် လူထုဆန္ဒကို မခံယူဘဲ ကွင်းအတွင်း ပွဲကြည့်စင်တည်‌ဆောက်ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများ လုပ်‌ဆောင်ခြင်း၊ အဝီစိတွင်း တူး‌ဖော်ခြင်း၊ ‌ရေစင် တည်‌ဆောက်ခြင်း၊ ဂိုးအ‌ခြေပြဘုတ်တည်‌ဆောက်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်း စသည့်လုပ်ငန်းများလုပ်‌ဆောင်သွားရန် သ‌ဘော တူညီခဲ့‌ကြောင်း သိရသည်။

သံလွင်ကွင်းသည် မြန်မာနိုင်ငံ လွတ်လပ်‌ရေးရရှိပြီး‌နောက် ‌ဒေါက်တာ‌စောလှထွန်း အစိုးရလက်ထက်မှစ၍ ကရင်စာ‌ပေနှင့် ယဉ် ‌ကျေးမှုဌာနနှင့် အများပြည်သူလူထုက ပြည်သူပိုင်ကွင်းအဖြစ် သတ်မှတ်ထားပြီး ယခု သံလွင်ကွင်းကို မြို့နယ်အားကစားကွင်း တည်‌ဆောက်ရန် လုပ်‌ဆောင်‌နေခြင်းသည် အာဇာနည်‌ကျောက်တိုင်ရှိရာ မြို့မ‌ဘောလုံးကွင်းအတွင်း ကုန်တိုက်နှင့် ဟိုတယ် ‌ဆောက်လုပ်‌နေမှုနှင့် ဆက်စပ်‌နေသည်ဟု မြို့ခံများက ‌ဝေဖန်‌ပြောဆို‌နေကြသည်။