Home သတင်း မူးယစ်‌ဆေးဝါး ‌ရောင်းဝယ်သူတစ်ဦးကို လက်နက်အချို့နှင့်အတူ ဘားအံရဲများ ဖမ်းဆီးမိ

မူးယစ်‌ဆေးဝါး ‌ရောင်းဝယ်သူတစ်ဦးကို လက်နက်အချို့နှင့်အတူ ဘားအံရဲများ ဖမ်းဆီးမိ

1576
ဩဂုတ်လ ၁၃ရက်၊ ၂၀၁၃ခုနှစ်။ ‌တော်ဝင်ပန်း (‌ကေအိုင်စီ)

ကရင်ပြည်နယ် ဘားအံမြို့နယ် ‌ကော့သင်းရှူး‌ကျေးရွာအုပ်စုတွင် မူးယစ်‌ဆေးဝါးများ ‌ရောင်းဝယ်‌ဖောက်ကားသူ ၎င်းရွာသား ဦးကြာကူ ၅၁နှစ်ကို ယမန်‌နေ့မနက်ပိုင်းက ဖမ်းဆီးလိုက်‌ကြောင်း ဘားအံမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ရွာသားတစ်‌ယောက်က သတင်း‌ပေးလို့ သွားဖမ်း‌တော့ ကျ‌နော်တို့ ရဲတပ်ဖွဲ့‌တွေ အလိုရှိ‌နေတဲ့ မူးယစ်‌ဆေးဝါး ‌ရောင်းဝယ်သူ တစ်‌ယောက်ကို မ‌နေ့က ‌ကော့သင်းရှူးရွာမှာ သွားဖမ်းမိခဲ့တယ်။ လက်နက်တစ်ချို့ကိုလည်း သိမ်းဆည်းမိခဲ့တယ်။”ဟု ဩဂုတ်လ ၁၃ရက်‌နေ့တွင် ၎င်းက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ဖမ်းဆီးခံရသူ ဦးကြာကူကို လက်ရှိအချိန်၌ ဘားအံမြို့မရဲစခန်းတွင် ထိန်းသိမ်းထားကာ ၎င်းမှာ မည်သည့်အဖွဲ့အစည်းမှ အဖွဲ့ဝင် ဖြစ်သည်ကို စစ်‌ဆေး‌မေးမြန်း လျက်ရှိ‌ကြောင်း ၎င်းရဲအရာရှိက ဆက်လက် ‌ပြောဆိုသည်။

ယင်းသို့ သွား‌ရောက်ဖမ်းဆီးရာတွင် တူမီး‌ပြောင်းအရှည် ၃လက်၊ ‌လေ‌သေနတ် ၁လက်၊ ကျည်မျိုးစုံ ၁၃‌တောင့်၊ ၁၅‌တောင့်ဝင် ကျည်ကဒ် ၂ခု၊ ၉-မမ ကျည် ၃‌တောင့်ကို ရှာ‌ဖွေသိမ်းဆည်းခဲ့‌ကြောင်း သိရသည်။

ဦးကြာကူနှင့် လက်‌ထောက် မိုးခိုင်တို့အဖွဲ့တို့သည် ဩဂုတ်လ ၁၁ရက်‌နေ့က ဘားအံမြို့နယ် ‌ကော့သင်းရှူး‌ကျေးရွာအုပ်စု၊ လိုင်ကား‌ကျေးရွာ အ‌နောက်ဘက် တစ်မိုင်ခွဲအကွာရှိ တဲအိမ်တစ်အိမ်တွင် မူးယစ်‌ဆေးဝါး ‌ရောင်းဝယ်‌နေ‌ကြောင်း ဘားအံမြို့မ ရဲများက သတင်းရရှိကာ အရပ်ဝတ်ဖြင့် ရဲ ၃ဦးနှင့် လက်နက်အပြည့် ရဲ ၇ဦးတို့က ဝင်‌ရောက်ဖမ်းဆီးရာတွင် နှစ်ဖက် အပြန်အ လှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

ထိုပစ်ခတ်မှုတွင် ဦးကြာကူက ထွက်‌ပြေးလွတ်‌မြောက်သွားပြီး ၎င်း၏လက်‌ထောက်ဖြစ်သူ မိုးခိုင် ၃ဝနှစ်မှာ ရဲတပ်ဖွဲ့များ ပစ်ခတ် သည့်ကျည်ဆံ ထိမှန်ကာ ပွဲချင်းပြီး ‌သေဆုံးသွားခဲ့သည်။

အဆိုပါတဲအိမ်အတွင်းမှ ရဲတပ်ဖွဲ့ဝင်များက WY စာတန်းပါ လိ‌မ္မော်‌ရောင် စိတ်ကြွ‌ဆေးပြား ၃၀၄၅ပြား၊ အမ်-၁၆ တစ်လက်နှင့် ၎င်း ကျည် ၁၃‌တောင့်၊ ကျည်ကဒ် ၂ခု ၊ ပွိုင့်-၄၅ ပစ္စတိုတစ်လက်နှင့် ၎င်းကျည်တစ်‌တောင့်၊ လက်ပစ်ဗုံးတစ်လုံး၊ တူမီး‌ပြောင်း ရှည် ၄လက်၊ မူးယစ်‌ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဝါး‌ပြောင်း ၃ခု၊ ယမ်းမှုန့်များ၊ ခဲကျည်များ သိမ်းဆည်းရမိခဲ့သည်ဟု ၎င်းရဲအရာရှိက ‌ပြောသည်။

ဘားအံမြို့နယ်တွင် အစိုးရတပ်ဖွဲ့ဝင်များ၊ အစိုးရစစ်တပ် လက်‌အောက်ခံ နယ်ခြား‌စောင့်တပ်ဖွဲ့ဝင်များ၊ ဒီမိုက‌ရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မ‌တော်-ဒီ‌ကေဘီ‌အေ၊ ‌ကေအဲန်ယူ/‌ကေအဲန်အယ်လ်‌အေ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီနှင့် ကရင်အမျိုးသား အစည်းအရုံး-‌ကေအဲန်ယူ စသည့်လက်နက်ကိုင်အဖွဲ့များ သွားလာလှုပ်ရှားလျက်ရှိသည်။