Home သတင်း ရန်ကုန်ရှိ အာလိန်ငါးဆင့် နှစ်သစ်ကူး ပွဲ‌တော်သို့ KNU ‌ခေါင်း‌ဆောင်အချို့ တက်‌ရောက်

ရန်ကုန်ရှိ အာလိန်ငါးဆင့် နှစ်သစ်ကူး ပွဲ‌တော်သို့ KNU ‌ခေါင်း‌ဆောင်အချို့ တက်‌ရောက်

2067
ဇန်နဝါရီလ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

ရန်ကုန်တိုင်း‌ဒေသကြီး အင်းစိန်မြို့နယ်၊ မဟာ‌ဆေးဂဂင်္ဘာ အာလိန်ငါးဆင့်တွင် ကျင်းပ‌သော ၇၅နှစ်‌မြောက် ကရင်နှစ်သစ်ကူး စိန်ရတုပွဲ‌တော်သို့ ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူမှ ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင် ပဒို‌စောသမိန်ထွန်းနှင့် ပဒို‌စော အယ်ကလူ‌စေးတို့ တက်‌ရောက်ခဲ့ကြသည်။

၂၇၅၂ ခုနှစ်၊ ပြာသိုလဆန်း ၁ (ဇန်နဝါရီလ ၁၂)ရက်‌နေ့တွင် ကျ‌ရောက်‌သော ကရင်နှစ်သစ်ကူးပွဲ‌တော်ကို ‌ကေအဲန်ယူမှ ၄၅နှစ်အတွင်း ပထမအကြိမ် ပါဝင်ဆင်နွှဲနိုင်ခြင်းဖြစ်‌သော‌ကြောင့် ဝမ်း‌မြောက်မိ‌ကြောင်း ပဒို‌စောသမိန်ထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အခုလို နှစ်‌ပေါင်းများစွာကင်းကွာ‌နေတဲ့ ရန်ကုန်ကကရင်အမျိုးသား‌တွေနဲ့ ပြန်လည်‌တွေ့ဆုံရတာ အတိုင်းထက်အလွန်ကို ဝမ်းသာမိပါတယ်။ အခုလည်း လွတ်လွတ်လပ်လပ်‌ပြောလို့ ရတဲ့အခါကျ‌တော့ ‌နောက်‌ရှေ့ဆက်လုပ်မယ့် လုပ်ငန်း‌တွေလည်း တိုင်ပင်လို့ရတယ်။ အခွင့်အလမ်းလည်း ရှိလာတယ်”ဟု ၎င်းက ‌ပြောသည်။

ကရင်အမျိုးသားများအ‌နေဖြင့် မိမိတို့လုပ်ရမည့် လုပ်ငန်းတာဝန်များတွင် ‌အောင်ပွဲခံနိုင်‌အောင် ကရင်အမျိုးသားအ‌နေဖြင့် အား လုံး ဝိုင်းဝန်းလုပ်‌ဆောင်နိုင်ပါ‌စေလို့ ဆန္ဒပြုပါ‌ကြောင်း ပဒို‌စောသမိန်ထွန်းက ‌ပြောကြားခဲ့သည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး ကျင်းပ‌ရေးဗဟို‌ကော်မတီ(မဟာရန်ကုန်)မှဥက္ကဌ မန်း‌ရွှေပြည်‌အေးကလည်း “အစိုးရအ‌နေနဲ့ ‌ကေအဲန်ယူကို မတရားအသင်း‌ကြေငြာတာက‌နေ မပယ်ဖျက်‌သေး‌ပေမယ့် နားလည်‌ပေးတဲ့အတွက် ‌ကျေးဇူးတင် ပါတယ်။ အခုလို လာ‌ရောက်နိုင်တာကိုလည်း ဝမ်းသာပါတယ်။ ‌နောက်နှစ်များမှာ အစိုးရအ‌နေနဲ့ မတရားအသင်းက‌နေ ပယ်ဖျက်‌ပေးရင် ဖိတ်မယ်”ဟု ‌ပြောဆိုသည်။

အလုံ၌ ပြုလုပ်သည့် ၇၅ကြိမ်‌မြောက် ကရင်နှစ်သစ်ကူးပွဲ‌တော် အခမ်းအနား(Photo-KIC)

ထို့အပြင် ယခုပြုလုပ်သည့် ၇၅နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်တွင် နှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး ဗဟို‌ကော်မတီ မဟာရန်ကုန် မှ ထုတ်‌ဝေ‌သော ကရင်‌ကြေးမုံမဂ္ဂဇင်း၊ ကရင်အမျိုးသားအလံများ၊ တီရှပ်များ၊ စ‌တေကာများ၊ ပြက္ခဒိန်များကို ထုတ်‌ဝေကာ ရန်ပုံ ‌ငွေအဖြစ် ‌ရောင်းချ‌ပေးလျှက်ရှိသည်။

၎င်းနှစ်သစ်ကူးပွဲ‌တော်ကို ဇန်နဝါရီလ ၁၁ရက်‌နေ့မှစ၍ အကြိုအဖြစ် ကျင်းပခဲ့ရာမှ ဇန်နဝါရီလ ၁၃ရက်‌နေ့အထိ သုံးရက်ကျင်းပပြီး ပွဲ‌တော်အခမ်းအနားတွင် ဒုံးအကများ၊ ‌တေးသီချင်းများဖြင့် ယှဉ်ပြိုင်‌ဖျော်‌ဖြေခဲ့ကြကာ ဆုချီးမြှင့် အစီအစဉ်ဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အာလိန်ငါးဆင့်တွင်ကျင်းပ‌သော နှစ်သစ်ကူးအခမ်းအနားသို့ တက်‌ရောက်‌သော KNU ‌ခေါင်း‌ဆောင်နှစ်ဦးသည် ထို‌နေ့တွင်ပင် ရန်ကုန်တိုင်း‌ဒေသကြီး သာ‌ကေတမြို့နယ်ရှိ တိုင်းရင်းသား‌ကျေးရွာတွင် ကျင်းပ‌သော နှစ်သစ်ကူးပွဲ‌တော် အခမ်းအနားကိုလည်း သွား‌ရောက်ခဲ့သည်။

ပဒို‌စောသမိန်ထွန်းသည် ရန်ကုန်တိုင်း‌ဒေသကြီး အလုံမြို့နယ်တွင် ပြုလုပ်‌သော ကရင်နှစ်သစ်ကူးပွဲ‌တော်သို့ ကျင်းပ‌ရေး ‌ကော်မတီ၏ ဖိတ်ကြားချက်အရ KNU ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗဟိုမန်းငြိမ်း‌မောင်နှင့်အတူ တက်‌ရောက်ခဲ့သည်။