Home တွေ့ဆုံမေးမြန်းခန်း ငြိမ်းချမ်း‌ရေးနှင့် ကရင့်နိုင်ငံ‌ရေး‌ခေါင်း‌ဆောင် ‌နော်စီဖိုးရာစိန်

ငြိမ်းချမ်း‌ရေးနှင့် ကရင့်နိုင်ငံ‌ရေး‌ခေါင်း‌ဆောင် ‌နော်စီဖိုးရာစိန်

2374


မြန်မာပြည်၏ လက်ရှိ ပြည်တွင်း ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်၌ ကရင်လက်နက်ကိုင်အဖွဲ့အ‌နေဖြင့် ဦး‌ဆောင်ကာ မြန်မာအစိုးရနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးလျှက်ရှိသည့် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ‌နော်စီဖိုးရာစိန်ကို ‌ကေအိုင်စီ သတင်း‌ထောက် နန်းသူး‌လေမှ ဆက်သွယ်‌မေးမြန်းထားချက် ဖြစ်ပါသည်။

KIC – ကရင်အမျိုးသမီးအစည်းအရုံးက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ရက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့မှာ ဆရာမကို ဂုဏ်ပြု လိုက်တယ်ဆို‌တော့ ငြိမ်းချမ်း‌ရေးဟာ ဘယ်‌လောက်အထိ အ‌ရေးကြီးသလဲဆိုတာ အမျိုးသမီးထု အပါအဝင် ပြည်သူတစ်ရပ်လုံး ကို ဆရာမအ‌နေနဲ့ ‌ကေအိုင်စီက‌နေ ‌ပြောသွား‌ပေးပါလား။
‌ဖြေ – အမျိုးသမီး‌တွေအတွက် ငြိမ်းချမ်း‌ရေးဟာ ဘယ်‌လောက် အ‌ရေးပါတယ်ဆိုတာက‌တော့ ဒီပဋိပက္ခဖြစ်တဲ့အချိန်မှာ အမျိုးသ မီး‌တွေ ခံစားရတာ‌တွေ အများကြီးရှိပါတယ်။ ဥပမာ စစ်ပွဲ‌တွေ၊ ပဋိပက္ခ‌တွေ ဖြစ်‌နေတဲ့ကြားမှာ သူတို့က ‌နောက်မှာ မိသားစုအ တွက်ကို ဦး‌ဆောင်ခဲ့ကြရတယ်။ ပြီး‌တော့ စစ်ပဋိပက္ခထဲမှာပဲ အကြမ်းဖက်မှုမျိုးစုံ ခံ‌နေရတဲ့အတွက်‌ကြောင့် ဒီပြဿနာ‌တွေထဲမှာ အမျိုးသမီး‌တွေ ကြုံ‌တွေ့ရတဲ့အတွက်‌ကြောင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးတဲ့အခါမှာပဲဖြစ်ဖြစ်၊ ‌ဖော်‌ဆောင်တဲ့အခါမှာပဲဖြစ်ဖြစ် လုပ် ‌ဆောင်တဲ့အခါမှာ အမျိုးသမီး‌တွေရဲ့ ပါဝင်မှုက အရမ်းကို အ‌ရေးကြီးတယ်။ သူတို့ကလည်း အခန်းကဏ္ဍတစ်ခုခုကို ပါဝင်ပြီး ‌ဆောင်ရွက်ရင် ပို‌ကောင်းတယ်။ ဘာဖြစ်လို့လဲဆို‌တော့ အမျိုးသမီး‌တွေ ကြုံ‌တွေ့‌နေရတဲ့ အခက်အခဲ‌တွေ၊ ဖြတ်သန်း‌နေရတဲ့ ဘဝဒုက္ခ‌တွေကို သူတို့ကလည်း ‌ဖော်ပြနိုင်တဲ့အတွက်‌ကြောင့် ဒီလို ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု‌တွေမှာ အမျိုးသမီး‌တွေ ပါဝင်တာ ‌တော့ ပိုပြီး‌တော့ ‌ကောင်းပါတယ်။

KIC – လက်ရှိ အစိုးရနဲ့ KNU တို့ ‌တွေ့ဆုံ‌ဆွေး‌နွေး‌နေတဲ့ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတစ်ဦးအ‌နေနဲ့ ဦး‌ဆောင်ပြီး လုပ် ‌ဆောင်‌နေရတဲ့အ‌ပေါ်မှာ ဘယ်လိုမျိုး အခက်အခဲ‌တွေ ရှိပါသလဲ။
‌ဖြေ – အခု ‌ဆွေး‌နွေး‌နေတဲ့ အချိန်အထိ‌တော့ အခက်အခဲအ‌နေနဲ့ သိပ်ကြီးကြီးမားမား မရှိ‌သေးပါဘူး။ ‌နောက်ပြီး အားလုံးက ပါဝင်လာပြီး ဝိုင်းဝန်းကူညီ‌ပေး‌နေတဲ့အတွက်‌ကြောင့်လည်း အခုချိန်ထိ အဆင်‌ပြေ‌ပြေနဲ့ပဲ လုပ်‌ဆောင်နိုင်ပါတယ်။ ဒါ‌ပေမယ့် အမျိုးသမီး ဦး‌ဆောင်ပြီး ‌ဆွေး‌နွေးတာနဲ့ အမျိုးသား ဦး‌ဆောင်ပြီး ‌ဆွေး‌နွေးတာ‌တွေမှာ မတူတာ‌တွေလည်း ရှိပါတယ်။ အမျိုးသား အချင်းချင်း၊ အမျိုးသမီးအချင်းချင်း ‌ဆွေး‌နွေးတာမျိုး မဟုတ်တဲ့အတွက်‌ကြောင့် အချိန်‌တွေ ကြာ‌နေတာမျိုး‌တွေ‌တော့ ရှိပါတယ်။

KIC – ‌နောက်ပြီး အစိုးရနဲ့ KNU ကြားမှာ ‌ဆွေး‌နွေး‌နေတဲ့ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အ‌ပေါ်မှာ‌ကော ဘယ်‌လောက် အတိုင်းအတာ ထိ အားရ‌ကျေနပ်မှု ရှိပါသလဲ။ အားနည်းချက်‌တွေက ဘာ‌တွေလို့ မြင်ပါသလဲ။
‌ဖြေ – ကျမတို့က‌တော့ စပြီး‌ဆွေး‌နွေး‌နေကတည်းက တချို့ကိစ္စ‌တွေကို‌ေ‌တော့ ‌ကျေနပ်မှု မရှိပါဘူး။ ဒါ‌ပေမယ့် ‌ဆွေး‌နွေးတဲ့အခါ မှာပဲဖြစ်ဖြစ်၊ အပြည့်အစုံ မဖြစ်‌သေး‌ပေမယ့် တချို့ဟာ‌တွေ‌တော့ ‌ကျေနပ်ပါတယ်။ အဲ့ဒီမှာ အခက်အခဲ ‌တွေ့‌နေတာက‌တော့ ငြိမ်းချမ်း‌ရေးက မြန်မာတစ်နိုင်ငံလုံးအတွက်ဆိုရင် အထူးသဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မှာ တိုက်ပွဲ‌တွေ ဖြစ်‌နေတဲ့အ တွက်‌ကြောင့် စိုးရိမ်စရာ‌တွေ အများကြီးရှိ‌နေပါတယ်။ အစိုးရနဲ့ KNU ကြားမှာ ‌ဆွေး‌နွေး‌နေတဲ့ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်က ‌လော‌လောဆယ်မှာ နိုင်ငံ‌ရေး‌ဆွေး‌နွေးတဲ့ အဆင့်ထိ မ‌ရောက်‌သေးဘူး။ ပထမအဆင့်မှာပဲ ‌ဆွေး‌နွေးရ‌သေးတယ်။ ‌ဆွေး‌နွေးသင့် တာ‌တွေကို စကား‌ပြော‌နေတုန်းပဲ ဖြစ်တဲ့အတွက်‌ကြောင့် အများကြီး မ‌ရောက်‌သေးဘူး‌ပေါ့‌နော်။ နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုအဆင့်ထိ မ‌ရောက်‌သေး‌တော့ လက်ရှိ ‌ဆွေး‌နွေး‌နေတဲ့အထိ အားနည်းချက်အ‌နေနဲ့ဆိုရင် အများကြီး‌တော့ မရှိ‌သေးပါဘူး။

KIC – ငြိမ်းချမ်း‌ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်‌ရေးကို ဘယ်လိုပုံစံ လုပ်‌ဆောင်သွားသင့်တယ်လို့ ဆရာမ ယုံကြည်ထားပါသ လဲ။
‌ဖြေ – အဲ့ဒါက‌တော့ အားလုံးက စိတ်ဝင်စားမယ်။ Commitment ‌တွေရှိဖို့ကလည်း လိုအပ်ပါတယ်။ မြန်မာအစိုးရကလည်း ငြိမ်း ချမ်း‌ရေး ‌ဖော်‌ဆောင်‌နေတဲ့အခါမှာ တစ်နိုင်ငံလုံး အတိုင်းအတာထိဖြစ်ဖို့၊ စစ်တပ်ကလည်း တက်တက်ကြွကြွပါဝင်ဖို့၊ အားလုံးက ပါဝင်မယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ ဥပမာ အခုဆိုရင် အစိုးရက ကြိုးစားပြီး‌တော့ လုပ်‌ဆောင်တာ ရှိတယ်။ ဒါ‌ပေမယ့် စစ်တပ်က ဘယ်‌လောက်‌ထောက်ခံပြီး‌တော့ ဘယ်‌လောက်ပါဝင်တယ်ဆိုတာက‌တော့ တိတိကျကျ ကျမတို့ မသိ‌သေးဘူး။ ရာခိုင်နှုန်း ဘယ် ‌လောက်ရှိတယ် ဆိုတာကိုလည်း မသိရ‌သေးဘူး။

KIC – မြန်မာပြည်ရဲ့ ပြည်တွင်း ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အဖြစ် ‌ကေအဲန်ယူ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ဖွဲ့ က အပစ်အခတ် ရပ်စဲ‌ရေးကို ‌ဆွေး‌နွေး‌နေတာ တစ်တိုင်းပြည်လုံးအတွက် ထိ‌ရောက်ပြီလို့ ယူဆပါသလား။
‌ဖြေ – တတိုင်းပြည်လုံး‌တော့ မဖြစ်‌သေးဘူး‌ပေါ့‌နော်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တိုက်ပွဲ‌တွေ ဖြစ်‌နေ‌သေးတယ်။ အထူး သဖြင့် ကချင်ပြည်နယ်မှာ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေး‌နေစဉ်ပဲ တိုက်ပွဲ‌တွေဖြစ်‌နေဆဲပဲ။ ‌နောက်တစ်ခုက ပြည်တွင်းဒုက္ခသည်‌တွေ အများကြီး ရှိလာတဲ့အတွက်‌ကြောင့် ကျမတို့က မြန်မာပြည်တစ်ခုလုံးက ငြိမ်းချမ်း‌ရေး လုံးဝ မရှိ‌သေးဘူးလို့ပဲ ယူဆပါတယ်။ မြန်မာပြည်က ငြိမ်းချမ်း‌ရေး ရှိမယ်ဆိုရင် တိုင်းပြည်က‌တော့ ‌အေး‌အေးချမ်းချမ်း ရှိရမယ်။ ငြိမ်ငြိမ်သက်သက် ရှိရပါမယ်။

KIC – ပြည်တွင်းစစ်မီးငြိမ်းပြီး မြန်မာပြည် ဒီမိုက‌ရေစီနည်းကျကျ ‌ပြောင်းလဲသွားဖို့အတွက် သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရအဖွဲ့နဲ့ လက်ရှိ ကျင်းပ‌နေတဲ့ လွှတ်‌တော်ကို ဘာများ အကြံပြု ‌ပြောကြားချင်ပါသလဲ။
‌ဖြေ – ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေး‌နေတဲ့အခါမှာ အစိုးရအဖွဲ့‌တွေပဲ ပါဝင်တာမျိုးမဟုတ်ပဲနဲ့ စစ်တပ်ကလည်း ပါဝင်ပြီး‌ဆွေး‌နွေးရင် ပိုပြီး ‌ကောင်းမွန်ပါလိမ့်မယ်။ အခုဟာက အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်း‌တွေက ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေး‌နေစဉ်မှာပဲ စစ်တပ်က တိုက်ပွဲ‌တွေ ဆင်နွှဲ‌နေတာ‌တွေ‌ကြောင့် ပြည်တွင်းစစ်‌တွေ ဖြစ်ပွား‌နေတုန်းပဲ ရှိ‌နေ‌သေးတယ်။ ဒါ‌ကြောင့် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်‌တွေကပဲ ‌ဆွေး‌နွေး‌နေတာမျိုး မဟုတ်ပဲနဲ့ စစ်တပ်ကပါ ပါဝင်လာပြီး ‌ဆွေး‌နွေး‌စေချင်ပါတယ်။ အဲ့ဒါဆိုရင် ငြိမ်းချမ်း ‌ရေး‌ဆွေး‌နွေးမှု‌တွေကလည်း ပိုပြီး‌တော့ ထိ‌ရောက်မှု ရှိလာပါလိမ့်မယ်။ ‌နောက်ပြီး လွှတ်‌တော်‌တွေထဲမှာဆိုရင်လည်း တိုင်းရင်း သားအ‌ရေးကို ထည့်သွင်း‌ဆွေး‌နွေး တင်ပြသွား‌ပေးဖို့လည်း ‌ပြောချင်ပါတယ်။