Home သတင်း ‌သောက်‌ရေခပ် ‌ရေကာတာ စီမံကိန်း‌ကြောင့်စံပြရွာအဖြစ် ပြန် အ‌ခြေချရမည်ကို ‌ဒေသခံများ မလိုလား

‌သောက်‌ရေခပ် ‌ရေကာတာ စီမံကိန်း‌ကြောင့်စံပြရွာအဖြစ် ပြန် အ‌ခြေချရမည်ကို ‌ဒေသခံများ မလိုလား

2344
စက်တင်ဘာလ ၄ရက်၊ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)


ပဲခူးတိုင်း၊ ‌တောင်ငူမြို့နယ်ရှိ ‌သောက်‌ရေခပ်‌ချောင်း အား ဖြတ်၍ တည်‌ဆောက်‌နေ‌သော ‌သောက်‌ရေခပ် ‌ရေကာတာ စီမံကိန်း‌ကြောင့် စံပြရွာအဖြစ် ပြန်အ‌ခြေချရမည်ကို ထို‌ဒေသရှိ ထုံးဘိုရွာသူရွာများက မလိုလား ‌ကြောင်း သိရသည်။

‌ရွှေစွမ်းအင် (ယခင် Asia World )ကုမ္ပဏီ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ‌သောက်‌ရေခပ် ‌ရေကာတာစီမံ ကိန်းတွင် စံပြရွာပြန်လည်တည်‌ဆောက်‌ရေးအတွက် ယခုချိန်ထိ အ‌ကောင်အထည် မ‌ဖော်‌သေး‌သော်လည်း အမှန်တကယ် ‌ပြောင်း‌ရွှေ့ရမည်ကို မလိုလားဘဲ ယခင် ရွာ‌ဟောင်း‌ဘေးတွင်သာ ပြန်လည်‌နေလိုသည်ဟု ‌ဒေသခံများက ‌ပြောသည်။

အမည်မ‌ဖော်လိုသူ ထုံးဘိုရွာသားတဦးက “အရင်‌နေရာ‌ဟောင်းက ‌တောင်ယာ‌တွေနဲ့ နီးတယ်‌လေ။ ၁၅ မိနစ် ‌လောက် လမ်း‌လျှောက်ရင် ရတယ်။ အခုက ၂နာရီ‌ကျော် ‌လောက်သွားရပြီး ‌တောင်ယာလုပ်‌နေရတယ်။ ဒီယာ ယီချထား‌ပေးတဲ့ ‌နေရာမှာ ဘာမှလုပ်စားစရာ မရှိဘူး။ အရမ်းခက်တယ်။ သွားလာ‌ရေး‌ကော၊ စားဝတ်‌နေ‌ရေး ‌ကော ခက်တယ်”ဟု ‌ပြောသည်။

ထို့အပြင် စံပြရွာတည်‌ဆောက်မည်ဟု သတ်မှတ်ထား‌သော ‌မြေ‌နေရာများမှာ လက်ရှိ ပိုင်ရှင်များရှိပြီး စပါးစိုက် ပျိုးလျက်ရှိကာ ကုမ္ပဏီမှ သွား‌ရောက်ညှိနှိုင်း‌သော်လည်း အဆင်မ‌ပြေ‌သေးဟု သိရသည်။

ယင်းသို့ ထုံးဘိုရွာမှအမျိုးသမီးတစ်ဦးက “ပိုင်ရှင် တချို့က ‌ဈေးတိုး‌တောင်းတယ်။ ကုမ္ပဏီက မ‌ပေးဘူး။ တချို့က မ‌ရောင်းဘူး။ ကိုယ့်လယ်ပဲ ကိုယ်လုပ်စားမယ်လို့ ‌ပြောတယ်။ ဒါ‌ကြောင့် ညှိမရဘူး။ ကုမ္ပဏီဘက်က လည်း အကျိုးအ‌ကြောင်းရှိရင် ရွာသား‌တွေကို လာမ‌ပြော မရှင်းဘူး။ အရင် အုပ်ချုပ်‌ရေးမှုး‌ဟောင်းနဲ့ပဲ မှာတယ်။ ‌ပြောတယ်။ အုပ်ချုပ်‌ရေးမှုးအသစ်ကို ဘာမှ မ‌ပြောဘူး”ဟု ဆိုသည်။

ထုံးဘိုရွာသည် ၂ကြိမ်တိုင်တိုင် ‌ပြောင်း‌ရွှေ့ခံခဲ့ရသဖြင့် ရွာသားများပိုင်ဆိုင်‌သော ပစ္စည်းများ ဆုံးရှုံးပျက်စီးခဲ့ရပြီး စတင်‌ပြောင်း‌ရွေ့စဉ်က ယခင် Asia World မှ လက်‌ထောက်ဒါရိုက်တာ ဗိုလ်မှူး‌ဟောင်း ဝမ်း‌မောင်မှ ဘိုးဘွားပိုင်‌မြေဆိုသည်ကို နားမည်‌ကြောင်း‌ပြောဆိုခဲ့သည်ဟု သိရသည်။

၎င်းအပြင် ‌ပြောင်း‌ရွေ့ခဲ့ရ‌သော ထုံးဘိုရွာအနီးအနားရှိ နဂါး‌မောက်၊ ‌ကျောက်ပါးစပ်၊ ‌ရေအိုးစင်၊ ကြက်ချီး‌ချောင်း စ‌သော ရွာများမှာလည်း စီမံကိန်းလုပ်ကွက်များ‌ကြောင့် ဥယျာဉ်နှင့် ‌တောင်ယာ‌မြေများဆုံးရှုံးလျှက်ရှိသည်။

စီမံကိန်းလုပ်ကွက်များ‌ကြောင့် ထို‌ဒေသရှိ သိမ်းယူခဲ့‌သော ‌မြေ‌နေရာအကျယ်အဝန်းမှာ ‌ရွှေစွမ်းအင်ကုမ္ပဏီမှ
၃၄၀ဝ ဧက၊ ကျွန်းစိုက်စီမံကိန်းအတွက် ‌ကောင်းမြန်မာ ကုမ္ပဏီမှ ၂၄၀ဝ ဧက၊ ‌ရော်ဘာစီမံကိန်းအတွက် MSP ကရင်ငြိမ်းချမ်း‌ရေးမှ ၈၀ဝ ဧက၊ ‌ကျောက်ထုတ်စီမံကိန်းအတွက် မင်းအ‌နော်ရထာနှင့် ‌ကေတုကုမ္ပဏီတို့မှ ၈၀ဝ ဧကတို့ဖြစ်သည်ဟု သိရသည်။

ယခင်စစ်အစိုးရလက်ထက်ကတည်းက စတင်အ‌ကောင်အထည်‌ဖော်ခဲ့‌သော ‌သောက်‌ရေခပ်‌ရေကာတာများကို ၂ ခုတည်‌ဆောက်ခဲ့ပြီး ယခုနှစ် လာမည့် နိုဝင်ဘာလတွင် လျှပ်စစ်စွမ်းအင်းစတင် ထုတ်လုပ်ရန်ရှိသည်။

‌သောက်‌ရေခပ်‌ရေကာတာစီမံကိန်း‌ကြောင့် သဘာဝအရင်းအမြစ်များပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် ‌နောက်ဆက် တွဲ ‌ရေကြီး‌ရေလျှံမှုများ ဖြစ်နိုင်သဖြင့် အနီးနားရွာများအန္တာရယ်ရှိနိုင်သည်ဟု ‌တောင်ငူမြို့‌ပေါ်ရှိ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်း‌ရေးအဖွဲ့များက ‌ပြောဆို‌နေကြသည်။