Home သတင်း မြန်မာ့အ‌ရေးနှင့်လူမှု‌ရေး လုပ်ငန်း‌ဆောင်ရွက်သူ ‌ဒေါက်တာ စင်သီယာ‌မောင် အပါအဝင် ပုဂ္ဂိုလ် ၅ဦး ဒီမိုက‌ရေစီဆု ချီးမြှင့်ခံရ

မြန်မာ့အ‌ရေးနှင့်လူမှု‌ရေး လုပ်ငန်း‌ဆောင်ရွက်သူ ‌ဒေါက်တာ စင်သီယာ‌မောင် အပါအဝင် ပုဂ္ဂိုလ် ၅ဦး ဒီမိုက‌ရေစီဆု ချီးမြှင့်ခံရ

1591
စက်တင်ဘာလ ၄ရက်၊ ၂၀၁၂ခုနှစ်။ စဖန်း‌ရှောင်း(‌ကေအိုင်စီ)


အ‌မေရိကန်အ‌ခြေစ်ိုက် National Endowment for Democracy-NED မှ ၂၀၁၂ခုနှစ် ဒီမိုက‌ရေစီဆု(The 2012 Democracy Award)အတွက် မြန်မာ့အ‌ရေးနှင့် လူမှု‌ရေးလုပ်ငန်းများ ‌ဆောင်ရွက်သူများဖြစ်သည့် ‌ဒေါက်တာ စင်သီယာ‌မောင် အပါအဝင် ပုဂ္ဂိုလ်(၅)ဦးအား ‌ရွေးချယ်ချီးမြှင့်လိုက်သည်။

ဆုချီးမြှင့်ခံရသူများမှာ မယ်‌တော်‌ဆေးခန်း ထူ‌ထောင်ခဲ့သူ ‌ဒေါက်တာစင်သီယာ‌မောင်၊ သျှမ်း‌ခေါင်း‌ဆောင် (SNLD) ဥက္ကဌ ဦးခွန်ထွန်းဦး၊ (နာ‌ရေးကူညီမှုအသင်း ဥက္ကဌ)ဦး‌ကျော်သူ၊ ၈၈မျိုးဆက်‌ကျောင်းသား ကိုမင်းကို နိုင်၊ (US Campaign For Burma)မှ ဦး‌အောင်ဒင်တို့ဖြစ်ကြပြီး ၎င်းတို့အား အ‌မေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ ‌တော်၌ ယခု စက်တင်ဘာလ ၂ဝရက်‌နေ့တွင် ဆုချီးမြှင့်မည်ဟု NED ဝက်ဘ်ဆိုက်တွင် ‌ဖော်ပြထားသည်။

ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် မယ်‌တော်‌ဆေးခန်းတွင် လူမှုအကျိုးပြုလုပ်ငန်းများကို ‌ဆောင်ရွက်‌နေ‌သော ‌ဒေါက်တာစင်သီယာ‌မောင်က ဆုချီးမြှင့်ခံရခြင်းအ‌ပေါ် ဝမ်း‌မြောက်မိ‌ကြောင်း ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။
‌ဒေါက်တာစင်သီယာ‌မောင်က “ဆုရတာ‌တော့ ဝမ်းသာတယ်။ ဒါ‌ပေမယ့် ဆု‌ပေးပွဲအခမ်းအနားကို ကျမကိုယ် တိုင် တက်‌ရောက် ယူနိုင်ခြင်း ရှိမရှိ မ‌သေချာ‌သေးဘူး”ဟု ‌ပြောဆိုသည်။

ဒီမိုက‌ရေစီဆု ချီးမြှင့်‌သော NED သည် ၁၉၈၃ခုနှစ်တွင် စတင်တည်‌ထောင်ခဲ့ပြီး ကမ္ဘာတဝန်းရှိ ဒီမိုက‌ရေစီ အ‌ရေးနှင့် လူမှုအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် အစဉ်တစိုက် ‌ဆောင်ရွက်‌နေသူများကို ‌ရွေးချယ်ချီး မြှင့်‌ပေးလျှက်ရှိသည်။

လူမှုလုပ်ငန်း ‌ဆောင်ရွက်‌နေ‌သော ‌ဒေါက်တာ စင်သီယာ‌မောင်အား အသိအမှတ်ပြုသည့်အ‌နေဖြင့် နိုင်ငံတကာ ရှိ အဖွဲ့အစည်းများက သူမအား ချီးမြှင့်သည့်ဆုများအနက် ယခုဒီမိုက‌ရေစီဆုသည် (၆)ခု‌မြောက်ရရှိ‌သောဆု ဖြစ်သည်ဟု သိရသည်။

‌ဒေါက်တာစင်သီယာ‌မောင်သည် မယ်‌တော်‌ဆေးခန်းကို ၁၉၈၉ ခုနှစ်တွင် စတင်တည်‌ထောင်ခဲ့ပြီး ပြည်တွင်း စစ်‌ကြောင့် ထွက်‌ပြေးလာသူစစ်‌ဘေးဒုက္ခသည်များ၊ ထိုင်းနိုင်ငံရှိ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ၏ ကျန်း မာ‌ရေး၊ ပညာ‌ရေးလုပ်ငန်းများကို အခမဲ့စွမ်းစွမ်းတမံ‌ဆောင်ရွက်‌ပေးလျှက်ရှိသည်။