Home သတင်း လယ်သိမ်းမခံရ‌စေရန် ကရင်နီ‌တောင်သူ ၇၀၀‌ကျော် ဆု‌တောင်းပွဲပြုလုပ်

လယ်သိမ်းမခံရ‌စေရန် ကရင်နီ‌တောင်သူ ၇၀၀‌ကျော် ဆု‌တောင်းပွဲပြုလုပ်

1516
ဩဂုတ်လ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ)


ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်‌ကော်မြို့နယ် အ‌ရှေ့‌မြောက်ဘက်‌ဒေသတွင် တည်‌ဆောက်မည့် ဘိလပ်‌မြေစက်ရုံအတွက် လယ်ယာ‌မြေ အသိမ်းခံရဖွယ်ရှိသည့် ‌ကျေးရွာ ၁ဝရွာ‌ကျော်မှ လယ်ယာ‌မြေပိုင်ရှင် ‌တောင်သူဦးကြီး ၇၀၀‌ကျော်က ဘာသာစုံ ဆု‌တောင်းပွဲကို ယ‌နေ့ ပြု လုပ်ခဲ့ကြသည်။

အဆိုပါဆု‌တောင်းပွဲကို ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်မည့် ပကျဲရွာ‌ဟောင်းတွင် ပြုလုပ်ကြခြင်းဖြစ်ပြီး အနီးနားတဝိုက်ရှိ ပကျဲရွာသစ်၊ နွားလဘိုးရွာ၊ ချိကယ်ရွာမှ ‌တောင်သူများလည်း ပါဝင်ခဲ့ကြသည်။

“ဘိလပ်‌မြေစက်ရုံ‌ဆောက်ဖို့ဆိုပြီး‌တော့ ကျ‌နော်တို့ လုပ်ကိုင်စား‌သောက်‌နေတဲ့ လယ်ယာ‌မြေ‌တွေကို သိမ်းဖို့ ပြည်နယ်အစိုးရအဖွဲ့က‌နေ ကျ‌နော်တို့ ‌တောင်သူ‌တွေကို ‌ခေါ်‌ပြောထားတာရှိတယ်။ တိုင်းတာမှု‌တွေလည်း လုပ်ပြီးပြီ။ ကျ‌နော်တို့မှာ ဒီ‌မြေ‌တွေပဲရှိတာပါ။ ဒါ‌ကြောင့်မို့ စက်ရုံ‌ဆောက်ဖို့ ပါသွားတဲ့ ရွာ‌တွေက စုပြီး‌တော့ ဆု‌တောင်းပွဲလုပ်တာပါ”ဟု ပကျဲရွာသစ်မှ ‌တောင်သူဦးကြီးတဦးက ‌ပြောသည်။

ထို့အပြင် မိုး‌လေဝသ ‌ကောင်းမွန်‌စေရန်၊ သီးနှံ‌ကောင်းများ ထွက်ရှိရန်နှင့် မိမိတို့‌ဒေသအတွင်း ‌အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်‌ရေးတို့ကို လည်း ‌တောင်သူဦးကြီးတို့က ဆု‌တောင်းခဲ့ကြ‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

ကယား‌မြေသက်‌သေ‌ကော်မတီအဖွဲ့ ဥက္ကဌ ဦး‌ညေးရယ်က “စက်ရုံ‌ဆောက်ဖို့ လျာထားတဲ့‌မြေ‌တွေ ဧက‌ထောင်ချီရှိတယ်။ အဲဒါကို သိမ်းဖို့ ပြည်နယ်အစိုးရက‌နေ ‌တောင်သူ‌တွေ ‌ခေါ်‌ပြောထားပြီးပြီ။ ဒါ‌ပေမယ့် ဘယ်‌တော့‌ဆောက်မယ် ‌လျော်‌ကြေး‌ပေးမယ်ဆိုတာကို‌တော့ ‌ပြောမ ထားဘူး”ဟု ‌ပြောသည်။

ဘိလပ်‌မြေစက်ရုံတည်‌ဆောက်မည့် ‌ဒေသတဝိုက်တွင် လယ်ယာခြံ‌မြေ ဧက‌ပေါင်း ၂,၀၀၀‌ကျော် သိမ်းဆည်းရန်စီစဉ်ထားပြီး လက်ရှိတွင် တိုင်းတာမှုအဆင့်သာ ပြုလုပ်လျှက်ရှိသည်။ ထို‌မြေသိမ်းဆည်းမှုကို ‌ဒေသခံ ‌တောင်သူဦးကြီးများမှ ပြီးခဲ့သည့် ဇွန်လကတည်းက ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြထား‌သော်လည်း ယ‌နေ့အထိ တုန့်ပြန်မှု တစုံတရာ မရှိ‌သေး‌ကြောင်း ဦး‌ညေးရယ်က ‌ပြောသည်။

“ကျ‌နော်တို့ ‌ဒေသခံ‌တွေက ဒီ‌မြေကိုပဲ အားကိုးလုပ်ကိုင်‌နေကြတာ‌လေ။ တကယ်လို့ အဲဒီ‌မြေ‌တွေသာ အသိမ်းခံရမယ်ဆိုရင် ‌ရှေ့ဆက် ဘာလုပ်စရာမှမရှိ‌တော့ဘူး။ စား‌ရေး‌သောက်‌ရေး အခက်အခဲ‌တွေ ကြုံရမှာ”ဟု ဦး‌ညေးရယ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

စက်ရုံတည်‌ဆောက်မည့် ‌မြေ‌နေရာတွင် ‌ဒေသခံတို့ ‌တောင်ယာလုပ်ကိုင်‌နေကြပြီး စပါး အပါအဝင် ‌မြေပဲ၊ နှမ်း၊ ‌ပြောင်းဖူး၊ ပဲစင်းငုံတို့ကို ‌နွေ၊ မိုး၊ ‌ဆောင်း ရာသီတိုင်း နှစ်စဉ် စိုက်ပျိုးလုပ်ကိုင်လာကြသည်။