Home သတင်း အီတာလျှံ-ထိုင်း ‌ရေအားလျှပ်စစ် စီမံကိန်း‌ကြောင့် ‌ပြောင်း‌ရွှေ့ရမည့် ‌ဒေ သခံများ ‌ကျေနပ်မှုမရှိ

အီတာလျှံ-ထိုင်း ‌ရေအားလျှပ်စစ် စီမံကိန်း‌ကြောင့် ‌ပြောင်း‌ရွှေ့ရမည့် ‌ဒေ သခံများ ‌ကျေနပ်မှုမရှိ

2677
ဇူလိုင်လ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (ကရင်သတင်းဌာန)

တနသင်္ာရီတိုင်း၊ ‌ရေဖြူမြို့နယ်ရှိ ကလုံးထ‌ကျေးရွာတွင် အီတာလျှံထိုင်း ကုမ္ပဏီမှ ‌ဆောက် လုပ်‌တော့မည့် ‌ရေအားလျှပ်စစ်စီမံကိန်း‌ကြောင့် ‌နေရပ် အိုးအိမ် ‌ပြောင်း‌ရွှေ့‌ပေးရမည့်အ‌ရေး ‌ဒေသခံများက မ‌ကျေမနပ် ဖြစ်‌နေကြ‌ကြောင်း သိရသည်။

ကလုံးထ‌ကျေးရွာဘက်မှ ‌ဒေသခံတစ်ဦးက “အခု‌တော့ ဘာမှမဖယ်‌ပေးရ‌သေးဘူး။ ‌မြေ‌နေရာ‌တွေမှာ ပနှက်‌တွေ လာရိုက်‌နေကြပြီ‌လေ။ ဘာပဲဖြစ်ဖြစ်ဒီ စီမံကိန်း‌ကြောင့် တစ်ရွာလုံး ‌ရေမြုပ်သွားမယ်‌လေ။ မဖယ်‌ပေးချင်လည်း မရဘူး။ ဒါ‌ကြောင့် ဖယ်‌ပေးရ‌တော့မယ်”ဟု ‌ပြော သည်။

ယင်းလျှပ်စစ်စီမံကိန်း တည်‌ဆောက်မည့်‌နေရာမှာ ကလုံးထ‌ကျေးရွာဖြစ်ပြီး ရွာအနီး စီးဆင်း‌နေသည့် တနသင်္ာရီမြစ်အတွင်းသို့ စီးဝင်သွား ‌သော တလိုင်းရာ‌ချောင်းကို ပိတ်ကာ တည်‌ဆောက်သွားမည်ဖြစ်‌ကြောင်း သိရသည်။

ယခုအခါတွင် အိုးအိမ်၊ ‌မြေ‌နေရာများ ‌ပြောင်း‌ရွှေ့‌ပေးရမည့် ‌ဒေသခံများထံ အီတာလျှံထိုင်းကုမ္ပဏီဘက်မှ လာ‌ရောက်ညှိနှိုင်း‌နေပြီဖြစ် ‌ကြောင်းလည်း အ‌ခြေအ‌နေမှန် သိရှိထားသည့် ထားဝယ်မြို့ခံ ကိုဧရိယာက ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ ကြားတာက‌တော့ အိမ်‌ရွှေ့‌ပြေးရမယ့်သူ‌တွေကို စီမံကိန်းနယ်‌မြေထဲမပါဘဲ လွတ်‌နေတဲ့‌နေရာမှာ သူတို့(အီတာလျှံ ထိုင်း)က အိမ်ပြန်‌ဆောက်‌ပေးမယ်လို့ ကြားတယ်။ တခြား‌နေရာကို အိမ်‌ပြောင်းရမှာမျိုး‌တော့ မဟုတ်ဘူး။ ဒါ‌ပေမယ့်လည်း ‌ဒေသခံ‌တွေ မ‌ပြောင်းချင်ကြဘူး”ဟု ဆိုသည်။

ထို့အပြင် ၎င်းထိုင်းကုမ္ပဏီက ‌ရော်ဘာခြံ‌မြေများနှင့် ပတ်သက်၍ အ‌စေးခြစ်ယူနိုင်‌သော ‌ရော်ဘာတစ်ပင်လျှင် ၃သိန်းနှင့် ခြစ်၍မရ‌သေး သည့်အပင်များကို ၁သိန်းခွဲ‌ပေးကာ ‌မြေလွတ်‌မြေရိုင်း တစ်ဧကလျှင် ကျပ်ငါးသိန်း ‌လျော်‌ကြေး‌ပေးမည်ဟု ‌ဒေသခံများထံ လိုက်လံ‌ပြော ကြား‌နေ‌ကြောင်းလည်း ကိုဧရိယာက ဆက်‌ပြောသည်။

“လက်ခံတယ်ဆိုရင် လက်မှတ်ထိုးပြီး ‌လျှော်‌ကြေး‌ပေးလိုက်‌တော့မယ်လို့ ‌ပြော‌နေတာကြားတယ်”ဟု ကိုဧရိယာက ‌ပြောသည်။

သို့‌သော် အီတာလျှံထိုင်းကုမ္ပဏီက ‌လျှော်‌ကြေး‌ပေးမည့် ‌ရော်ဘာပင်‌ဈေးနှုန်းမှာ နည်း‌နေသဖြင့် ‌ဈေးနှုန်းပို‌ပေးနိုင်ရန် ‌တောင်းဆိုသွားမည့် သူများနှင့် ‌ရော်ဘာခြံများ မ‌ရောင်း‌ပေးချင်ကြသဖြင့် ၎င်းတို့ခြံ‌မြေများ အသိမ်းမခံရ‌ရေးအတွက် လုပ်‌ဆောင်လိုသူများဟူ၍ ဖြစ်‌နေကြ ‌ကြောင်းလည်း ထို‌ဒေသမှလာသည့် သတင်းများအရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၃ရက်‌နေ့မှ စတင်ပြီး ထိုင်းနိုင်ငံကို အလည်ပတ်‌ရောက်ရှိသွားသည့် မြန်မာနိုင်ငံ‌တော်သမ္မတ နှင့် ထိုင်းဝန်ကြီးချုပ် မစ္စယင်လပ်ရှင်နာဝပ်တို့ ‌တွေ့ဆုံကြပြီး ထားဝယ်‌ရေနက်စီမံကိန်း အမြန်ပြီးစီး ‌အောင်မြင်နိုင်‌ရေးအတွက် တွန်းအား‌ပေး‌ဆောင်ရွက်သွား မည်ဟု သ‌ဘောတူညီခဲ့ကြ‌ကြောင်း မြန်မာအလင်းသတင်းစာတွင် ယမန်‌နေ့က ‌ဖော်ပြထား‌သေးသည်။