Home သတင်း ပတ်စ်ပို့ပြုလုပ်‌ပေးသည့် ကယ်ရီနှင့် ဆက်သွယ်မရသဖြင့် မြန်မာ အလုပ်သမား ၁၀၀‌ကျော် အခက်ကြုံ

ပတ်စ်ပို့ပြုလုပ်‌ပေးသည့် ကယ်ရီနှင့် ဆက်သွယ်မရသဖြင့် မြန်မာ အလုပ်သမား ၁၀၀‌ကျော် အခက်ကြုံ

1447
ဇွန်လ ၁၂ရက်။ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ(‌ကေအိုင်စီ)


ယာယီနိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)ပြုလုပ်ရန် ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့မှ မဲ‌ဆောက်မြို့သို့ ‌ရောက်ရှိ‌နေသည့် အလုပ်သမားလက်မှတ် ရှိပြီးသားသူ ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမား ၁၀ဝ ‌ကျော်သည် ၎င်းတို့အတွက် လက်မှတ်ပြုလုပ်‌ပေးရန် အာမခံ‌ပေးထားသည့် ကယ်ရီသမားနှင့် ဆက်သွယ် မရသဖြင့် အခက် အခဲကြုံ‌နေရ ‌ကြောင်း သိရသည်။

ကို‌ကျော်စစ် အမည်ရှိ မြန်မာနိုင်ငံသား ကယ်ရီသမားက အဆိုပါ အလုပ်သမားများထံ တစ်ဦးလျှင် ထိုင်းဘတ် ‌ငွေ ၅,၅၀ဝ နှုန်းဖြင့် ယူ၍ ပတ်စ်ပို့ပြုလုပ်‌ပေးမည်ဟု ‌ပြောဆိုကာ ဘန်‌ကောက်မှတဆင့် ဇွန်လ ၅ရက်‌နေ့တွင် မ‌ဆောက်မြို့သို့ ပြန်လာ‌စေပြီး‌နောက် ယခုအချိန်ထိ ဆက်သွယ်မရ‌သော‌ကြောင့် အခက်ကြုံ‌နေရသည်ဟု ပတ်စ်ပို့လုပ်ရန် ‌စောင့်ဆိုင်း‌နေသူ ‌နော်တာတဘိက ‌ပြောသည်။

၎င်းက “တပတ်အတွင်း ပြီး‌အောင်လုပ်‌ပေးမယ်ဆိုလို့ ‌စောင့်‌နေတာ။ ခုထိ ကျမတို့ လက်မှတ် မလုပ်ရ‌သေးဘူး။ သူ့ကို ဆက်သွယ်လို့လည်း မရ‌တော့ဘူး။ ဒီ(မဲ‌ဆောက်)မှာ ‌နေထိုင်စရိတ်၊ စားစရိတ် အကုန်ပိုက်ဆံ‌ပေး‌နေရ တယ်‌လေ။ ကြာလာ‌တော့ ပိုက်ဆံ မရှိ‌တော့ဘူး။ ဆက်‌စောင့်ဖို့ ‌နေစရာပိုက်ဆံ မရှိ‌တော့လို့ တချို့ မြန်မာပြည် ပြန်ကုန်ကြပြီ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပတ်စ်ပို့ ပြုလုပ်‌ပေးရန် ကို‌ကျော်စစ်အား ဘတ်‌ငွေ‌ပေးထားသည့် ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမား ၁၀ဝ ‌ကျော် ထဲတွင် မွန်၊ မြန်မာ အပါအဝင် ကရင်အလုပ်သမား ၁၄ဦး ပါဝင်သည်ဟု သူမက ဆက်‌ပြောသည်။

အဆိုပါ အလုပ်သမားများ ကြုံ‌တွေ့‌နေရသည့် အခက်အခဲများကို စုံစမ်းပြီး ကူညီလုပ်‌ဆောင်‌ပေးသွားမည်ဟု ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်အ‌ခြေစိုက် ‌ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ဥပ‌ဒေ‌ရေးရာတာဝန်ခံ ကို‌ထွေးနိုင်က ‌ပြောသည်။

ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရန် ၂၀၁၂ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ အလုပ်သမားလက်မှတ် (Work Permit) ရှိသူများနှင့် မရှိ‌သေးသူ ‌ရွေ့‌ပြောင်းမြန်မာအလုပ်သမားများအတွက် ၆နှစ်သက်တမ်းရှိသည့် ယာယီ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)ကို ပြုလုပ်‌ပေးရန် ထိုင်းအစိုးရက ‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း ထုတ်ပြန်ထားပြီဖြစ်သည်။

ယင်းထုတ်ပြန်‌ကြေညာပြီး‌နောက် ပတ်စ်ပို့လုပ်ရန် အလုပ်သမားလက်မှတ်ရှိသူများသည် နီးစပ်ရာ ကယ်ရီသမား များ၏ အကူအညီဖြင့် ဘတ်‌ငွေ ၄,၀၀ဝ မှ ၆,၀၀ဝ အထိ ‌ပေးရပြီး လက်မှတ်မရှိသူများက ဘတ်‌ငွေ ၁၀,၀၀ဝ မှ ၁၅,၀၀ဝ အထိ ‌ပေးကြရသည်ဟု သိရသည်။