Home ထိပ်တန်းသတင်း ကရင်ပြည်နယ်ရှိ ကရင်ငြိမ်း ချမ်း‌ရေး‌ကော်မတီ KNU နှင့် ‌တွေ့ဆုံ

ကရင်ပြည်နယ်ရှိ ကရင်ငြိမ်း ချမ်း‌ရေး‌ကော်မတီ KNU နှင့် ‌တွေ့ဆုံ

1581
ဒီဇင်ဘာလ ၉ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ဘားအံမြို့ အ‌ခြေစိုက် ကရင်ငြိမ်းချမ်း‌ရေး ​‌ကော်မတီ-KPC နှင့် ကရင်အမျိုးသားအစည်းအရုံး-KNU တို့သည် ဒီဇင်ဘာလ ၇ရက်‌နေ့က ထိုင်း-မြန်မာနယ်စပ်တ‌နေရာတွင် ငြိမ်းချမ်း‌ရေးကိစ္စနှင့် ပတ်သက် ၍​‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြသည်။

ထို‌တွေ့ဆုံပွဲတွင် KNU ဘက်မှ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန် အပါအဝင် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး ‌ကော်မတီဝင် ၃ဦးနှင့် KPC ၏ ဦး‌ဆောင်အဖွဲ့ဝင် ၃ဦးတို့ အချိန် သုံးနာရီကြာ ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

ယင်းသို့ ‌ဆွေး‌နွေးရာတွင် KPC ဘက်က အဓိက သိလိုသည့် မြန်မာအစိုးရနှင့် KNU တို့ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့သည့် ငြိမ်းချမ်း‌ရေး ကိစ္စကို ရှင်းပြခဲ့သည်ဟု ‌ဆွေး‌နွေးပွဲတွင် ပါဝင်ခဲ့သူ KNU ၏ ဗဟိုသစ်‌တောဌာနတာဝန်ခံ ပဒို‌စောအားတိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“KNU ဟာ မြန်မာအစိုးရနဲ့ ‌တွေ့ဆုံခဲ့စဉ်က ငြိမ်းချမ်း‌ရေးအ‌ကြောင်းနဲ့ အပစ်ခတ်ရပ်စဲ‌ရေး စတဲ့ကိစ္စ သူတို့ (KPC)ကို တဆင့် ချင်း ရှင်းပြခဲ့တယ်။ (မြန်မာအစိုးရနဲ့)ကျ‌နော်တို့ လုပ်ခဲ့တဲ့ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲဟာ ပြည်တွင်းမှာရှိတဲ့ လူထု‌တွေရဲ့ အမြင်သ‌ဘောထား၊ အကြံဉာဏ်နဲ့ တင်ပြမှု စတာ‌တွေ သိဖို့လည်း လိုတယ်‌လေ။”ဟု သူက ‌ပြောဆိုသည်။

ယခင်လ နိုဝင်ဘာလ ၁၉ရက်မှ ၂ဝရက်‌နေ့အထိ KNU နှင့် မြန်မာအစိုးရသည် ထိုင်းနိုင်ငံ၊ ချင်းရိုင်းမြို့တွင် ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးအတွက် ‌တွေ့ဆုံခဲ့ကြပြီး (၁)အပစ်အခတ်ရပ်စဲ‌ရေး (၂)ဆက်ဆံ‌ရေးရုံးများ အပြန်အလှန် ထားရှိ‌ရေး (၃)လက်နက်မပါဘဲ နယ်‌မြေ‌ကျော်ဖြတ်ခွင့်ပြု‌ရေး (၄)တိုင်းရင်းသားအားလုံးနှင့် အဖွဲ့‌ပေါင်းစုံ ပါဝင်သည့် ဗဟိုအဆင့် ‌ဆွေး‌နွေးပွဲအတွက် ‌နေရာ၊ သတ်မှတ်‌ရေး စသည့်အချက်‌လေးချက်ကို ပဏာမအဆင့် သ‌ဘောတူညီခဲ့ကြသည်။

KPC အ‌နေဖြင့် စစ်မှန်သည့် ငြိမ်းချမ်း‌ရေးကို လိုလားသည့်အ‌ပေါ် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု တိုးတက်‌စေရန်အတွက် ကြားခံအ ဖြစ် တတ်စွမ်းသမျှ ကြိုးစားဆက်သွယ် ကူညီ‌ပေးမှုများ ပြုလုပ်‌ပေးမည်ဟု KPC ဘက်က ‌ဆွေး‌နွေးခဲ့‌ကြောင်း သိရသည်။

ထို့အပြင် ယခုလ ၂၅ရက်‌နေ့တွင် ကျ‌ရောက်မည့် ၂၇၅၁နှစ်‌မြောက် ကရင့်နှစ်သစ်ကူး မတိုင်ခင် KNU က ၎င်းတို့အ‌နေဖြင့် မြန်မာအစိုးရနှင့် ‌တွေ့ဆုံရာတွင် ကရင်တမျိုးသားလုံး ငြိမ်းချမ်း‌ရေးရရှိရန်အတွက် ကြာရှည်တည်မြဲပြီး မှန်ကန်မည့် ငြိမ်းချမ်း ‌ရေးကိုသာ လက်ခံမည်ဖြစ်‌ကြောင်း၊ မဟုတ်မမှန်သည့် ‌ရေတိုငြိမ်းချမ်း‌ရေးကို လက်ခံမည် မဟုတ်‌ကြောင်း ကရင်ပြည်သူလူထု တရပ်လုံးအား KPC အဖွဲ့မှတဆင့် သတင်းစကားများ ‌ပြောကြားလိုက်သည်ဟု သိရသည်။

ဆက်လက်၍ ပဒို‌စောအားတိုးက “မြန်မာအစိုးရကို ကျ‌နော်တို့နဲ့ ထပ်‌တွေ့ဖို့ လုပ်ထားတာရှိတယ်။ KNU အ‌နေနဲ့‌တော့ အီးစီ (ဗဟို)‌ကော်မတီနဲ့ ကျ‌နော်တို့ KNU ရဲ့ အဖွဲ့ဝင် ၇ဦးပါတဲ့ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး‌ကော်မတီနဲ့ ပြန်‌ဆွေး‌နွေးပြီး တိကျတဲ့ လုပ်ငန်းစဉ်‌တွေ ချမှတ်ပြီးမှ မြန်မာအစိုးရကို အ‌ကြောင်းပြန်မယ်။”ဟု ဖြည့်စွက်‌ပြောဆိုသည်။

Karen Peace Committee-KPC ကို ကရင်လူမျိုးများအချင်းချင်း စည်းလုံးညီညွှတ်‌ရေးနှင့် မြန်မာပြည်ငြိမ်းချမ်း‌ရေးကို ‌ရှေးရှု၍ လွန်ခဲ့သည့် နှစ်အနည်းငယ်က ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဖွဲ့စည်းခဲ့ပြီး ဦး‌ဆောင်အဖွဲ့ဝင် ၉ဦး ရှိသည်ဟု သိရသည်။

၎င်း KPC အ‌နေဖြင့် KNU နှင့် ငြိမ်းချမ်း‌ရေးကိစ္စအ‌ပေါ် ‌တွေ့ဆုံခြင်းမှာ ပထမအကြိမ်သာ ရှိ‌သေး‌သော်လည်း နှစ်ဖက်‌ကျေနပ်မှု များ ရရှိခဲ့‌ကြောင်း ‌ကေအဲန်ယူက ‌ပြောသည်။

ယခင်က ‌ကေအဲန်ယူထံ ငြိမ်းချမ်း‌ရေးကိစ္စ လာ‌ရောက်ချဉ်းကပ် ကမ်းလှမ်းခဲ့ဖူးသည့် အခြားပြည်တွင်း ကရင်အဖွဲ့တစ်ဖွဲ့မှာ ‌ဒေါက်တာစိုင်မွန်သာ၊ ‌ဒေါက်တာရီဘက်ခါထင်တို့ ပါဝင်သည့် ရန်ကုန်အ‌ခြေစိုက် Karen Development Committee-KDC အဖွဲ့ဖြစ်သည်။