Home သတင်း KNU ချုံခိုတိုက်ခိုက်မှု‌ကြောင့် အစိုးရစစ်တပ်မှ ၃ဦး ထိခိုက်ကျဆုံး

KNU ချုံခိုတိုက်ခိုက်မှု‌ကြောင့် အစိုးရစစ်တပ်မှ ၃ဦး ထိခိုက်ကျဆုံး

1635
ဒီဇင်ဘာလ ၉ရက်။ ‌စောဖိုးမူး (‌ကေအိုင်စီ)

တနသင်္ာရီတိုင်း၊ ပ‌လောမြို့နယ် တစ်‌နေရာတွင် လှုပ်ရှား‌နေသည့် အစိုးရစစ်တပ်အား KNU တပ်မဟာ(၄) တပ်ဖွဲ့၏ ချုံခိုတိုက် ခိုက်မှု‌ကြောင့် ၂ဦး‌သေဆုံးပြီး ၁ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု ‌ဒေသခံရွာသားများက ‌ပြောသည်။

ယခုလ ၆ရက်‌နေ့က အစိုးရတပ် စစ်ကွပ်ကဲ‌ရေးဋ္ဌာနချုပ်-စကခ(၈)လက်‌အောက်ခံ ဗိုလ်မှူး‌အောင်မျိုးထွန်း ဦးစီး‌သော ခမရ (၄၀၉)တပ်ရင်းအား ‌ကေအဲန်ယူ တပ်မဟာ(၄)အထူးတပ်ဖွဲ့မှ အမိုရွာအနီးတွင် ၁ဝမိနစ်‌ကျော်ကြာ ချုံခိုတိုက်ခိုက်ခဲ့သည်ဟု အမိုရွာသားတစ်ဦးက ‌ပြောသည်။

၎င်းက “ရွာပြင်မှာ ပစ်ခတ်ခံရ‌တော့ ၃ဦးဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့လူ‌တွေကို ရွာထဲပြန်အ‌ရောက်မှာ ၂ဦး‌သေသွားတယ်။ ‌သေတဲ့အထဲမှာ တပ်ကြပ်တစ်ဦးပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ ဒီဇင်ဘာလ ၇ရက်‌နေ့တွင်လည်း စကခ(၈)လက်‌အောက်ခံ ဗိုလ်မှူး‌ဇော်ပိုင်ဦး ဦးစီးသည့် ခမရ(၄၀၅)တပ်ရင်း စစ် ‌ကြောင်း(၁)မှ ဗိုလ်တစ်ဦးသည် အမိုရွာအနီးနားဝန်းကျင်၌ နယ်‌မြေလိုက်လံရှင်းလင်းရာတွင် ‌ကေအဲန်ယူ ‌ထောင်ထား‌သော ‌မြေမြှုပ်မိုင်းတစ်လုံး တက်နင်းမိ‌သော‌ကြောင့် ညာဘက်‌ခြေကျင်းဝတ် ပြတ်သွားသည်ဟု အဆိုပါရွာသားက ဆက်‌ပြောသည်။

၎င်းဒဏ်ရာရစစ်သည်များအား ထီးထာစခန်းသို့ ပို့‌ဆောင်ရန်အတွက် ‌တွေ့သမျှ ‌ဒေသခံရွာသားများကို ‌ပေါ်တာဆွဲသည့်အပြင် ယခုအချိန်တွင် ရွာအပြင်ရှိ လယ်၊ ‌တောင်ယာများတွင် အလုပ်လုပ်‌နေသည့် ရွာသူရွာသားများအား ရွာအတွင်းသို့ အကုန်ပြန် လာ‌နေရမည်ဟု ဗိုလ်မှူး‌ဇော်ပိုင်ဦးက အမိန့်ထုတ်လိုက်‌ကြောင်း တပ်ဖက်သတင်းအရ သိရသည်။

KNU တပ်မဟာ(၄)မှ တာဝန်ရှိသူတစ်ဦးက “ကျ‌နော်တို့ တပ်မဟာ(၄)က တပ်ကြပ်ကြီးဖိုးစီ ဦးစီးအဖွဲ့က ဝင်‌ရောက်ပစ်ခတ် တာ ဖြစ်တယ်။ အစိုးရဘက်က ၂ဦး‌သေ ၁ဦးဒဏ်ရာရတယ်လို့ သတင်းပို့လာတယ်။ ကျ‌နော်တို့ဘက်က ထိခိုက်မှုမရှိဘူး”ဟု အတည်ပြု ‌ပြောဆိုခဲ့သည်။

တနသင်္ာရီတိုင်း ထားဝယ်ခရိုင် ‌မေတ္တာရွာအ‌နောက်ဘက် ၅ဝကီလိုမီတာအကွာရှိ ယခုတိုက်ပွဲ‌ဒေသတွင် အစိုးရစစ်တပ် စကခ (၈)လက်‌အောက်ခံ စစ်ဗျူဟာ(စဗဟ)မှ တပ်ရင်း ၃ရင်းနှင့် နည်းဗျူဟာ(နဗဟ)မှ တပ်ရင်း(၃)ရင်း လှုပ်ရှား‌နေသကဲ့သို့ ‌ကေအဲန်ယူ တပ်မဟာ(၄) အထူးတပ်ရင်းတို့လည်း လှုပ်ရှားလျှက်ရှိသည်။