Home ထိပ်တန်းသတင်း ဒုတိယအကြိမ်‌မြောက် မယ်လစခန်း LMTC ‌ကောလိပ်‌ကျောင်းဆင်းပွဲ ကျင်းပပြီးစီး

ဒုတိယအကြိမ်‌မြောက် မယ်လစခန်း LMTC ‌ကောလိပ်‌ကျောင်းဆင်းပွဲ ကျင်းပပြီးစီး

1743
ဧပြီလ ၁ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်လူငယ်များအတွက် ပညာမြင့်တင်‌ပေး‌ရေးနှင့် အမျိုးသားအကျိုးပြုလုပ်ငန်းများ ရည်ရွယ်၍ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ထာ့ ‌ဆောင်ယန်းမြို့နယ်အတွင်းရှိ မယ်လဒုက္ခသည်စခန်းတွင် ဖွင့်လှစ်ခဲ့သည့် ‌ခေါင်း‌ဆောင်မှုနှင့် စီမံခန့်ခွဲမှု ‌ကောလိပ်သင်တန်း ‌ကျောင်း(LMTC)၏ ဒုတိယအကြိမ်‌မြောက် ‌ကျောင်းဆင်းပွဲ ယမန်‌နေ့က ကျင်းပပြီးစီးခဲ့သည်။

လူထုပရိဿတ် ၅၀ဝခန့် တက်‌ရောက်ခဲ့သည့် ထို‌ကျောင်းဆင်းပွဲတွင် ‌နောက်ဆုံးနှစ် ‌အောင်မြင်သည့် ‌ကျောင်းသား‌ကျောင်းသူ ၁၉ဦးရှိရာ ယခင်နှစ်ထက် ပိုများလာသည့်အတွက် အားရ‌ကျေနပ်မှုပိုများလာသလို အမျိုးသားအကျိုးပြုလုပ်ငန်းအတွက် စိတ် အားထက်သန်မှု ပိုများလာသည်ကို ‌တွေ့ရ‌ကြောင်း LMTC ‌ကျောင်းအုပ်ဖြစ်သူ ဆရာ‌စောအားသာက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“မနှစ်က LMTCမှာ ‌အောင်တဲ့ ‌ကျောင်းသူ‌ကျောင်း ၉‌ယောက်‌ပေါ့‌နော်။ ဒိနှစ်က ၁၉‌ယောက်‌အောင်တယ်။ သိပ္ပံတွဲ ၄ဦးနဲ့ ဝိဇ္ဖာတွဲ ၁၅ဦး။ ‌ကျောင်းပြီးသူ‌တွေက ‌ကျောင်းဆက်တက်တာထက် အလုပ်ပြန်လုပ်မဲ့သူများလာတာ ‌တွေ့ရတယ်။ ဆယ်တန်းလွန် ‌ကျောင်းဆရာတို့၊ သက်ဆိုင်ရာရုံး‌တွေမှာ အလုပ်သွားမဲ့သူ‌တွေနဲ့ မြန်မာပြည်တွင်းထဲကို အမျိုးသား‌ရေးအတွက် ပြန်လုပ်မဲ့သူ ‌တွေလည်း ရှိတယ်။ ဒါ‌ကြောင့် ကျ‌နော်တို့ ‌မျှော်မှန်းထားသ‌လောက် မဖြစ်‌မြောက်‌ပေမဲ့လည်း တဖြည်းဖြည်း ‌အောင်မြင်စပြုလာ ပါပြီ။”ဟု ရှင်းပြသည်။

ယခုနှစ် LMTC ‌အောင်မြင်ခဲ့သူ ‌စောဘွယ်‌စေးကလည်း “ကျ‌နော်‌တော့ ‌ကျောင်းဆရာလုပ်ဖို့ ရည်ရွယ်ထားတယ်။ ဘာဖြစ်လဲဆို ‌တော့ အခု နိုင်ငံခြား ထွက်တဲ့ဆရာ‌တွေ များလာတဲ့အတွက် ‌ကျောင်းဆရာလိုအပ်မှု‌တွေ များလာတာ‌ပေါ့‌နော်။ ‌ကျောင်းတက် ချင်လို့ နိုင်ငံခြားထွက်မယ်ဆိုရင်လည်း အလုပ်တဖက် ‌ကျောင်းတဖက်နဲ့ဆိုလည်း ထင်သ‌လောက် ခရီး‌ပေါက်မှာ မဟုတ်ဘူး။ ဒါ‌ကြောင့် တတ်နိုင်သ‌လောက် ကိုယ့်လူမျိုးအကျိုးအတွက် ပြန်လုပ်မယ်။”ဟု ‌ပြောသည်။

LMTC ‌ကျောင်းတွင် ‌ကျောင်းဆရာ ၂ဝဦး၊ ‌ကျောင်းသား‌ကျောင်းသူ‌ပေါင်း ၁၅၀‌ကျော် တက်‌ရောက်သင်ယူလျှက်ရှိရာ ‌ခေါင်း ‌ဆောင်မှုနှင့် စီမံခန့်ခွဲမှု အပါအဝင် သမိုင်း၊ ပထဝီ၊ အဂင်္လိပ်၊ သချင်္ာ၊ သိပ္ပံ(ရူပ‌ဗေဒ၊ ဇီဝ‌ဗေဒ၊ ဓါတု‌ဗေဒ) စသည့် သိပ္ပံနှင့် ဝိဇ္ဇာ ဘာသာတွဲဟူ၍ သတ်မှတ်‌ပေးထားသည်။

ဒုတိယအကြိမ်‌မြောက် မယ်လစခန်း LMTC ‌ကောလိပ်‌ကျောင်းဆင်းပွဲ (Photo- Tha dee (TNT))

အထက်တန်း‌အောင် ကရင်လူငယ်များအတွက် ရည်ရွယ်၍ ‌လေးနှစ်တာ တက်‌ရောက်ရမည့် ‌ခေါင်း‌ဆောင်မှုနှင့် စီမံခန့်ခွဲမှု ‌ကော လိပ်သင်တန်း‌ကျောင်း(LMTC)ကို လက်ရှိ ‌ကျောင်းအုပ်ဆရာအားသာနှင့် ကရင်‌ခေါင်း‌ဆောင်အချို့က ၂၀၀၆ခုနှစ်တွင် စတင် တည်‌ထောင်ခဲ့သည်။

ဘာသာရပ် များသင်ကြား‌ပေးကာ ယခု ၂၀၁၁ခုနှစ် ဒုတိယအကြိမ်‌မြောက်၌ ‌အောင်သူ ‌ကျောင်းသား‌ကျောင်းသူ ၁၉ဦးတွင် သိပ္ပံတွဲဘာသာ ရပ် ၄ ဦးနှင့် ဝိဇ္ဇာတွဲ ဘာ သာရပ်ယူထားသူ ၁၅ဦး ဖြစ်သည်ဟု သိရသည်။