Home ဆောင်းပါး ‌တောင်ပံတဖက်နှင့် ချိုးငှက်တ‌ကောင်

‌တောင်ပံတဖက်နှင့် ချိုးငှက်တ‌ကောင်

2035
M.ထက်‌ခေါင်

(၁)

နှစ်စဉ် နှစ်ကုန်ခါနီးရက်များတွင် ပြု‌နေကျ ထုံးစံအတိုင်း ၂၀၁ဝခုနှစ်အတွင်း တနှစ်တာ လုပ်ဖြစ်ခဲ့‌သော အလုပ်များနှင့် မလုပ် ဖြစ်ခဲ့‌သော အလုပ်‌ကြွေးများကို ကျ‌နော် ပြန်လည် ‌စောင်းငဲ့ကြည့်ခဲ့သည်။ လုပ်ဖြစ်ခဲ့သမျှ အလုပ်များအတွက် ‌ကျေနပ်မှု အနည်းငယ်ရသလို မလုပ်ဖြစ်ခဲ့‌သော အလုပ်များအတွက် ဘဝင်မကျ ဖြစ်ရသည်။

၂၀၁ဝခုနှစ်အတွင်း ကရင်သတင်းစဉ်တွင် တစ်လတည်းဖြင့် အပြီးအပြတ် မ‌ဖော်ပြနိုင်‌သော ကျ‌နော့်‌ဆောင်းပါး ၂ပုဒ် ရှိခဲ့သည်။ “အမျိုးသား‌ရေး ဒီမိုက‌ရေစီ‌ရေး ‌တော်လှန်‌ရေးနှင့် ရန်သူ”ဟူ‌သော ‌ဆောင်းပါးကို ‌လေးလ ‌ဖော်ပြရပြီး “‌သေနတ်သံ‌တွေ ကြားပါ စ”ဆိုသည့် ‌ဆောင်းပါးကို‌တော့ သုံးလဆက်၍ ‌ဖော်ပြခဲ့ရသည်။ ‌သေနတ်သံ‌တွေ ကြားပါစ မှာ အပြတ်အ‌တောက်မရှိ‌သော် လည်း အမျိုးသား‌ရေး ဒီမိုက‌ရေစီ‌ရေး ‌တော်လှန်‌ရေးနှင့် ရန်သူ ‌ဆောင်းပါးက‌တော့ အပြတ်အ‌တောက် ရှိခဲ့သည်။ ဖြစ်ရှိလာ ‌သော အချိန်အခါနှင့် အ‌ခြေအ‌နေ‌ပေါ်တွင် အ‌ရေးကြီးလျှင်ကြီးသလို၊ အ‌ရေးမကြီး‌သေးလျှင် မကြီး‌သေးသလို လုပ်တတ်သည့် အ‌လေ့အထအတိုင်း ထို‌ဆောင်းပါး သုံးလ‌ဖော်ပြအပြီး အမှတ်စဉ်(၄) ‌ဖော်ပြရမည့်လ၌ ‌ခေတ္တရပ်ဆိုင်းကာ “‌အောင်မြင်စွာ ‌ကျော်ဖြတ်မဲ့ ‌လှေငယ်ဟာ ပြင်ဆင်ပြီ”ဆို‌သော ‌ဆောင်းပါးကို ကြားဖြတ်ထည့်သွင်းခဲ့သည်။ တိုက်ပွဲဝင်ကြမည့် တပ်မှူးများ ရဲ‌ဘော်ရဲဘက်များအတွက် အ‌ရေးတကြီး ‌ပြောစရာစကားအချို့ ရှိလာ၍ဖြစ်၏။ ‌ပြောစရာရှိတာကို ‌ပြောလိုက်ပြီးမှ အမှတ်စဉ် (၄)ကို ‌နောက်တလတွင် ဆက်လက် ‌ဖော်ပြခဲ့သည်။

၂၀၁ဝခုနှစ်အတွင်း လုပ်ဖြစ်ခဲ့သမျှကို ပြန်လည်‌စောင်းငဲ့ လှန်‌လှော ကြည့်ရှုရင်းမှာပင် ထိုစဉ်က ‌လော‌လောဆယ် အ‌ရေးတ ကြီး တင်ပြစရာ အ‌ကြောင်းအချက်များ ရှိ‌နေ‌သော‌ကြောင့် အရိပ်အမြွက်မျှသာ တပိုင်းတစ ‌ဖော်ပြနိုင်ပြီး အခွင့်သင့်‌သောအခါ ကျမှ အပြည့်အစုံ ‌ဖော်ပြ‌ပေးမည်ဟုဆိုကာ ‌ဘေးချိတ်ထားခဲ့‌သော အ‌ကြောင်းအရာတခုကိုလည်း ၂၀၀၉ခုနှစ် လက်ကျန် အ လုပ်‌ကြွေးအဖြစ် ‌တွေ့ရှိလိုက်ရသည်။ ၂၀၀၉ခုနှစ် ‌အောက်တိုဘာလ “သန်း‌ခေါင်ထက်နက်‌သော ညဉ့်များ” ‌ဆောင်းပါးတွင် ပါ ရှိ‌သော “‌တောင်ပံတစ်ဖက်နှင့် ချိုးငှက်တစ်‌ကောင်”သီချင်းပင် ဖြစ်၏။

မိတ်‌ဆွေတစ်ဦးကလည်း တပိုင်းတစ ‌ဖော်ပြခဲ့‌သော ထိုသီချင်းကို ယခုလိုအချိန်မျိုး၌ အပြည့်အစုံ ‌ဖော်ပြ‌ပေးဖို့သင့်‌ကြောင်းနှင့် ထိုသီချင်းပါ အ‌ကြောင်းအရာများအ‌ပေါ် စိတ်ဝင်စားကြသူများလည်းရှိ‌ကြောင်း၊ ၁၉၉၃-၁၉၉၄ခုနှစ်များအတွင်းက ‌ရေးသားသီ ဆိုခဲ့‌သော သီချင်းဖြစ်သည့်တိုင် ယခုလက်ငင်း အ‌ခြေအ‌နေများနှင့် ကိုက်ညီ‌နေဦးမည်ဖြစ်‌ကြောင်း၊ ပြည်တွင်းငြိမ်းချမ်း‌ရေးကိစ္စ မှာ မည်သည့်အခါမျှ မတိမ်‌ကောနိုင်သည့် ငါးပါးသီလတရားများလိုပင် ‌ခေတ်အဆက်ဆက် ‌စောင့်ထိန်းကျင့်ကြံရန် အမြဲတမ်း နှိုး‌ဆော်တိုက်တွန်း‌နေရမည့် ကိစ္စတရပ်ဖြစ်‌ကြောင်း ‌ပြောလာခဲ့သည်။

မှန်၏။ သီချင်းပါ အ‌ကြောင်းအရာများမှာ ဗမာ့နိုင်ငံ‌ရေးနှင့် ပတ်သက်၍ လွန်ခဲ့‌သော နှစ်‌ပေါင်း ၂ဝခန့်မှသည် ယခုအချိန်ထိ ‌ခေတ်မှီ‌နေဆဲ ဖြစ်သည်။ လွန်ခဲ့‌သော နှစ်အတန်ကြာက ဗမာပြည် ‌ရေဒီယိုက ထုတ်လွှင့်ခဲ့သည့် အနှစ် နှစ်ဆယ်‌တေးများလို ပင် နားဆင်သူ ပရိဿတ်၏ ‌သောတအာရုံ၌ တိုး၍‌ပေါက်‌နေဆဲပင် ဖြစ်သည်။

တခု‌တော့ ရှိသည်။ သီချင်းတ‌နေရာတွင် “သန်း‌လေးဆယ်‌ကျော် ပြည်သူခံ”ဟူ‌သော စာသားပါရှိသည်။ ယ‌နေ့ ဗမာနိုင်ငံ၏ လက်ရှိလူဦး‌ရေမှာ သန်း‌ခြောက်ဆယ်‌ကျော်‌နေခဲ့ပြီ ဖြစ်သည်။ သို့ရာတွင် အချိန်ကာလ မည်မျှပင် ‌ရွေ့‌လျောသွား‌စေကာမူ စာ သားအများစုမှာ ‌ခေတ်နှင့်အတူ လိုက်ပါလာ‌နေဆဲဖြစ်၍ သီချင်းပါ စာသားများ တခုတ‌လေမျှ မပြင်ဆင်သည့်နည်းတူ သန်း ‌လေးဆယ်‌ကျော် ဆို‌သော‌နေရာ၌လည်း သန်း‌ခြောက်ဆယ်‌ကျော်ဟု ပြင်မ‌နေ‌တော့ဘဲ ထိုသီချင်း‌ရေးစဉ်က ဗမာပြည်လူဦး‌ရေ ဤ‌ရွေ့ဤမျှ ရှိသည်ဟူ‌သော မှတ်တမ်းအ‌နေဖြင့် ဤအတိုင်းပင် အမှတ်တရ ထားရှိလိုက်ပါသည်။

ယခုလို နှစ်‌ဟောင်းမှ နှစ်သစ်သို့ ‌ပြောင်းလဲ‌ရောက်ရှိလာသည့် အခါသမယတွင် ဗမာပြည်သားများအတွက် နှစ်သစ်လက် ‌ဆောင်အဖြစ် ၂၀၀၉ခုနှစ်က အ‌ကြွေးတင်‌နေခဲ့ပြီး ၂၀၁ဝခုနှစ် တနှစ်လုံး ပြန်လည်တင်ပြခွင့် မကြုံကြိုက်ခဲ့‌သော ဤသီချင်း အ ပြည့်အစုံကို ‌ဖော်ပြရ‌တော့မည် ဖြစ်သည်။ တဆက်တည်းမှာပင် ကျ‌နော်တို့ ‌ခေါင်း‌ဆောင်များ အနှစ်နှစ်အလလ ကြိုးပမ်း ‌ဆောင်ရွက်ခဲ့ပြီး အကြိမ်ကြိမ်အဖန်ဖန် သဲထဲ‌ရေသွန် ပျက်ပြယ်ခဲ့ရ‌သော စိတ်ကူးအိပ်မက်များ ပြန်လည်ရှင်သန် အ‌ကောင်အ ထည်‌ပေါ်လာနိုင်‌ရေး ‌မျှော်လင့်လျက် ယခင် ၁၉၉၃-၉၄ခုနှစ်တုန်းက သ‌ဘောထားအတိုင်း မဟုတ်‌တော့‌သော ၂၀၁၁ခုနှစ်အ တွက် “‌တောင်ပံတစ်ဖက်နှင့် ချိုးငှက်တစ်‌ကောင်”ဟူ‌သော သ‌ဘောထား အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုပါ ‌ဖော်ပြသွားမည် ဖြစ်‌လေ သည်။

(၂)
စိတ်ကူးမလွဲလိုက်နဲ့‌နော် ‌စေတနာစကား ‌ပြောပြမယ်
ရင်ကြား‌စေ့ဖို့ရာ ဦးတည်ကြစို့
သားချင်းတို့ရဲ့‌သွေး‌တွေ မခမ်း‌ခြောက်‌သေးလည်း ‌နေပါ‌စေ
ပြီးခဲ့သမျှအဖြစ်‌တွေ သင်ပုန်း‌ချောလိုက်ပါ့မယ်။

ရန်ကိုရန်ချင်း မတုံ့နှင်းဘဲ ‌စေတနာအရင်းခံထားကာ
မှန်ကန်စွာ ‌ဖြေရှင်းကြစို့
ပြည်သူလူထုတရပ်လုံးရဲ့ ထာဝစဉ် ငြိမ်းချမ်း‌ရေးကို
စားပွဲဝိုင်းမှာ ‌ဆွေး‌နွေးအ‌ဖြေရှာမယ်။

‌ဒေသစိတ်နဲ့ မုန်းမာန်ပွားခဲ့တာလည်း ကြာရှည်ပြီ
လူ့အခွင့်အ‌ရေးနဲ့ ဒီမိုက‌ရေစီ တိုက်ယူဖို့အတွက် ရည်
ပြည်တွင်းစစ်ရဲ့ဆိုးဒဏ် သန်း‌လေးဆယ်‌ကျော် ပြည်သူခံ
စာနာစိတ်နဲ့ ဒီအနိဌာရုံ‌တွေကို အဆုံးသတ်ကြစို့။

ပြည်တွင်း ငြိမ်းချမ်း‌ရေး နိုင်ငံ‌ရေးအရ ဖြစ်တဲ့ပြဿနာ
နိုင်ငံ‌ရေးနည်းနဲ့မှ ‌ပြေလည်မယ်
ပြည်တွင်းငြိမ်းချမ်း‌ရေး လူတိုင်း‌မျှော်မှန်းချက် ပန်းတိုင်
မ‌ရောက်‌ရောက်‌အောင် ကြိုးပမ်းလှမ်းကိုင်မယ်။

တဖွဲ့ချင်းခွဲပြီး သီးခြား‌တွေ့ပ‌စေ အားလုံးနဲ့‌တော့ ‌တွေ့မှဖြစ်မယ်
‌ကျောင်းသားညွှန့်‌ပေါင်း ရဟန်းပျိုမကျန်‌အောင် (မင်းတို့) ‌တွေ့ကြရမယ်
လူထုချစ်တဲ့‌ခေါင်း‌ဆောင် လျစ်လျူရှုလို့ မရဘူး‌နော်
သူပါပါမှ ဖြစ်မယ် ချန်လှပ်မထားသင့်တယ်။

(ရန်ကိုရန်ချင်း မတုံ့နှင်းဘဲ —- ‌ဆွေး‌နွေး အ‌ဖြေရှာမယ်)

သပ်လျှို‌သွေးခွဲ ဖိနှိပ်ဖို့ရာ လုံးဝမကြံနဲ့ တကယ်မှားမယ်
ဗျူရိုက‌ရေစီ အကျင့်ဆိုးများကို လူ‌တွေအားလုံးက သိကြပြီ
ဒို့ လက်နက်ချဖို့အ‌ရေးလည်း တစက်က‌လေးမှ ‌မျှော်မ‌တွေးလိုက်နဲ့
ငြိမ်းချမ်း‌ရေးအတွက် အသက်တစ်ဝက်ဟာ လက်နက်ဖြစ်တယ်။

(ပြည်တွင်းငြိမ်းချမ်း‌ရေး —— မ‌ရောက်‌ရောက်‌အောင် ကြိုးပမ်းလှမ်းကိုင်မယ်)

ရိုးရိုးသားသား ‌ဆွေး‌နွေးကြမယ် ‌စေတနာအရင်းခံ ပြဌာန်းမယ်
လွတ်လပ်ပွင့်လင်း မျှတလှစွာ ‌ဆွေး‌နွေးမှဖြစ်မယ်
တဖက်သတ်ဖျက်သိမ်းတတ်တဲ့ အကျင့်‌တွေ လုံးဝ မလိုလား‌ရှောင်ရှားဖွယ်
လျှို့ဝှက်မှုမချန် ကမ္ဘာ့နိုင်ငံ‌တွေပါ သိကြရမယ်။

(ရန်ကိုရန်ချင်း မတုံ့နှင်းဘဲ —— ‌ဆွေး‌နွေး အ‌ဖြေရှာမယ်)

ငြိမ်းချမ်း‌ရေးအတွက် လုပ်သမျှ အလုပ်ဟာ မြင့်မြတ် မှန်ကန် မြတ်တရားတယ်
ညစ်ပတ်စိတ်အကြံ ‌ကောက်ကျစ်ဉာဏ်‌တွေဟာ ဆိုးရွားရှက်ဖွယ်
အမဲစက်မထင်တဲ့ သမိုင်း‌ကြောင်းတစ်ဝက်ကို ပြန်ဆက်ဖို့ စိတ်ကူးကွယ်
မှားယွင်းမှုရဲ့ ‌နောက်‌ကျောတစ်ဘက်မှာ အမှန် ရှိတယ်။

(ပြည်တွင်းငြိမ်းချမ်း‌ရေး —— မ‌ရောက်‌ရောက်‌အောင် ကြိုးပမ်းလှမ်းကိုင်မယ်)

၁၉၉၃-၁၉၉၄ခုနှစ်များအတွင်း ဒူးပလာယာခရိုင်မှ ရိုက်ကူးခဲ့သည့် ချစ်‌သော‌ကော်သူး‌လေမှတ်တမ်းတင် သတင်းစဉ် ဗီဒီယိုအ ‌ခွေ၌လည်း‌ကောင်း၊ ၁၉၉၄ခု ‌အောက်တိုဘာလ မာနယ်ပ‌လော၌ ကျင်းပခဲ့‌သော အနာဂတ် ဖက်ဒရယ်ပြည်‌ထောင်စု မြန်မာနိုင် ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေ‌ရေးရာ နှီး‌နှောဖလှယ်ပွဲအ‌ကြောင်း ပြည့်ပြည့်စုံစုံ ရိုက်ကူးထားသည့် ဗီဒီယိုမှတ်တမ်း‌ခွေများ၌ လည်း‌ကောင်း ‌တောင်ပံတစ်ဖက်နှင့် ချိုးငှက်တစ်‌ကောင်သီချင်းကို ကြားကြရမည် ဖြစ်သည်။

‌တောင်ပံတစ်ဖက်နှင့် ချိုးငှက်တစ်‌ကောင်သည် လက်ရှိ ဗမာနိုင်ငံ စစ်အုပ်စုအား မှန်ကန်‌သောလမ်း‌ကြောင်းသို့ ဦးတည်ရန် ဆွဲ ‌ခေါ်လိုက်သည့် သီချင်း ဖြစ်သည်။ ညစ်ပတ်စိတ်အကြံ ‌ကောက်ကျစ်ဉာဏ်‌တွေဖြင့် မှားယွင်း‌သောလမ်း‌ကြောင်းကို ‌ရှေ့ရှုမ‌နေ ဘဲ ‌ကျောခိုင်းထား‌သော လမ်း‌ကြောင်းမှန်ဘက်သို့ ပြန်လှည့်ရန် တိုက်တွန်းထားသည်။

ဤသီချင်း ‌ရေးသားဖြစ်ခြင်းနှင့် ပတ်သက်၍ ထိုစဉ်က ထားရှိခဲ့‌သော ကျ‌နော့် သ‌ဘောထားအမြင်များကို အထူးတလည် တင်ပြ ‌နေစရာလိုမည် မဟုတ်ပါ။ သီချင်းစာသား‌တွေထဲမှာ ‌ပေါ်လွင်‌နေပြီး ဖြစ်သည်။

(၃)
ဗိုလ်ချုပ်‌အောင်ဆန်းကို သတ်သည့် အဓိကလက်သည်မှာ ဦး‌စော မဟုတ်။ ဦး‌စောသည် ဓားခုတ်ရာ လက်ဝင်လျှိုလိုက်သူသာ ဖြစ်၏။ ဗိုလ်ချုပ်‌အောင်ဆန်းကို တကယ်တမ်းသတ်လိုက်သည်မှာ တိုင်းရင်းသားအချို့ စည်းလုံးညီညွှတ်မှု ရရှိခဲ့‌သော ပင်လုံညီ လာခံ၏ရလဒ် ပင်လုံစာချုပ်နှင့် ဖက်ဒရယ်ပြည်‌ထောင်စု ‌ပေါ်ထွန်းလာ‌တော့မည့် အ‌ရေးကိစ္စတို့ပင် ဖြစ်‌လေသည်။ ဂျွန်လဲင်နွန် ကိုလည်း စိတ်‌နောက်သူတစ်‌ယောက်က သတ်သွားခြင်း မဟုတ်။ Imagine သီချင်းက သတ်သွားခဲ့ခြင်း ဖြစ်၏။ လင်ကွန်းကို ‌ငွေဝယ်ကျွန်စနစ် ဖျက်သိမ်းသည့်လုပ်ရပ်များက သတ်သွားခဲ့ခြင်း ဖြစ်၏။ မဟတ္တမဂန္ဒီကို‌တော့ ၎င်း၏ဝံသာနုစိတ်ဓာတ် ပြန့် ပွား‌ရေးလုပ်ရပ်များနှင့် အကြမ်းမဖက် ဆန္ဒပြပွဲ‌ခေါင်း‌ဆောင်မှုများက သတ်သွားခဲ့ခြင်း ဖြစ်‌လေသည်။

အ‌ကောင်းအဆိုး အကျိုးအပြစ်ကို အသိဉာဏ်ရှိသူတိုင်းပင် နားလည်ကြ၏။ ဘယ်လိုလုပ်ရပ်မျိုး‌တွေက နတ်လူသာဓု‌ခေါ်ဖွယ် ရာ ဖြစ်သည်၊ ဘယ်အပြုအမူမျိုး‌တွေက‌တော့ လူယုတ်လူညံ့တို့၏ အမူအကျင့်များဖြစ်ပြီး လူအများ ကဲ့ရဲ့စရာ ဖြစ်သည်၊ ဘာ ‌တွေကို လုပ်သင့်လုပ်ထိုက်ပြီး ဘာ‌တွေကို‌တော့ မလုပ်သင့် မလုပ်ထိုက် စသည်တို့ကိုလည်း လူစိတ်ရှိသူတိုင်း ခွဲခြားနားလည် နိုင်ကြမည်ဖြစ်သည်။

သို့ရာတွင် ‌လောက‌ကောင်းကျိုး၊ လူအများ‌ကောင်းကျိုးအတွက် ‌စေတနာ‌ရှေ့ထား ‌ဆောင်ရွက်‌သောလုပ်ရပ်များ၊ အများအကျိုး အတွက် ရည်ရွယ်‌ပြောဆို‌သော စကားများမှာ ထူးဆန်းစွာပင် အန္တရာယ်‌တွေ အထပ်ထပ် ဝိုင်း‌နေ၏။ အ‌ရေးမထားသလို လျစ်လျူရှုမှုများ၊ မထီမဲ့မြင် သ‌ရော်‌မော်ကားပြုမှုများ၊ ‌ဗြောင်ကျကျ ဆန့်ကျင်တိုက်ခိုက်မှုများ၊ အပြုံးမျက်နှာဖုံး ‌နောက်ကွယ်မှ ‌နေ၍ လက်သီးပုန်းထိုးမှုများ၊ စသဖြင့် အ‌နှောက်အယှက်‌တွေ ပြည့်နှက်‌နေ၏။

ပြည်တွင်းငြိမ်းချမ်း‌ရေး ကိစ္စသည်လည်း ထို့အတူပင် ဖြစ်၏။ လူတိုင်း ရသင့်ရထိုက်သည့် အ‌ခြေခံ လူ့အခွင့်အ‌ရေးများ ပြည့်ဝ ‌သော သာတူညီမျှ တန်းတူရည်တူ လွတ်လပ်စွာ ‌ပြောဆို ‌ရေးသား ကိုးကွယ် ယုံကြည် ရင်းနှီးမြှုပ်နှံ ‌ရောင်းဝယ်‌ဖောက်ကား ‌ပေါင်းသင်းဆက်ဆံ လုပ်ကိုင်ခွင့်များကို အကာအကွယ်‌ပေးမည့် စစ်မှန်‌သော ဒီမိုက‌ရေစီ‌ရေးနှင့် တိုးတက်ဖွံ့ဖြိုး‌သော နိုင်ငံတ နိုင်ငံ ထူ‌ထောင်ဖို့ရန်မှာ ထိုနိုင်ငံ၌ ငြိမ်းချမ်း‌ရေးမရရှိဘဲ မဖြစ်နိုင်။ တကယ်တမ်း ငြိမ်းချမ်း‌ရေးရရှိ‌သော နိုင်ငံအဖို့ ဒီမိုက‌ရေစီနှင့် လူ့အခွင့်အ‌ရေးများမှာ အလိုအ‌လျောက် ပြည့်စုံ‌နေမည်ဖြစ်ပြီး ထိုနိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးမှုသည်လည်း ငြိမ်းချမ်း‌ရေးနှင့်အတူ ထက်ကြပ်မကွာ လိုက်ပါလာ‌နေမည် ဖြစ်သည်။

သို့ရာတွင် ဗမာနိုင်ငံ စစ်အုပ်စုလက်‌အောက်၌ သာယာနာ‌ပျော်ဖွယ်‌ကောင်း‌သော ငြိမ်းချမ်း‌ရေး‌တေးသံများမှာ ‌ချောင်ထိုးထားခံ ‌နေရပြီး တကယ်တမ်း ငြိမ်းချမ်း‌ရေး လိုလားသူများ၊ လူမှုအကျိုး‌ဆောင်များ၏ လုပ်ရပ်များအ‌နေဖြင့် ‌နှောက်ယှက် ဟန့်တား ပိတ်ပင်မှုမျိုးစုံကို ခံ‌နေရ‌လေသည်။

စစ်မက်ဖြစ်ပွားမှု မရှိလျှင် ငြိမ်းချမ်း‌ရေးဆို‌သော ‌ဝေါဟာရလည်း မရှိနိုင်။ စစ်ပွဲနှင့် ‌တွေ့ကြုံရမှသာ ငြိမ်းချမ်း‌ရေး၏ အရသာကို လည်း ခံစားနားလည်နိုင်ကြမည် ဖြစ်သည်။ ငြိမ်းချမ်း‌ရေးရရှိရန်အတွက် ပဋိပက္ခဖြစ်‌နေသူချင်း တဖက်နှင့်တဖက် ‌စေ့စပ်‌ဆွေး ‌နွေးရသည်။ အ‌လျှော့အတင်း အ‌ပေးအယူ ညှိနှိုင်းမှုများ လုပ်ရသည်။

‌စေ့စပ်‌ဆွေး‌နွေး‌ရေးမှာ တိုက်ပွဲများအကြားမှသာ ထွက်‌ပေါ်လာရခြင်း ဖြစ်သည်။ တိုက်ပွဲမရှိလျှင် ‌စေ့စပ်‌ဆွေး‌နွေး‌ရေးလည်း မရှိ နိုင်။ ပြန်လည်တိုက်ခိုက်ခြင်း မပြုနိုင်သူများအ‌ပေါ် တဘက်သတ် အနိုင်ကျင့်မှု၊ ရပိုင်ခွင့်များ ပိတ်ပင်ဖိနှိပ်မှု၊ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှု၊ အဓမ္မ ဖမ်းဆီးခိုင်း‌စေမှု၊ အဓမ္မ စစ်သားစု‌ဆောင်းမှု၊ အိုးအိမ်‌မြေယာများကို ‌လျော်‌ကြေးမ‌ပေးဘဲ အဓမ္မ သိမ်းယူမှု၊ တို်င်းပြည်၏ သယံဇာတအားလုံး လက်ဝါးကြီးအုပ် ချုပ်ကိုင်ချယ်လှယ်မှု၊ ‌လောင်းကစားဝိုင်းများ ပြည့်တန်ဆာရုံများနှင့် မူးယစ် ‌ဆေးဝါးများ ‌ပေါများ‌စေမှု၊ စာရိတ္တမဏ္ဍိုင် ယိုင်နဲ့သူများ အကျင့်ပျက်‌ဖောက်ပြားသူများ၊ သူရဲ‌ဘော‌ကြောင်သူများဖြင့် ကျန်းမာ ‌ရေး၊ စီးပွား‌ရေး၊ ပညာ‌ရေးကဏ္ဍ အသီးသီး၌ အစစအရာရာ ချွတ်ခြုံကျ‌စေပြီး တတိုင်းတပြည်လုံးကို စစ်ကျွန်အဖြစ် သွတ်သွင်း မှုများသာ အစဉ်မပြတ် ရှိ‌နေမည် ဖြစ်‌လေသည်။

စစ်အုပ်စုသည် လူထုကို ဦး‌ဆောင်နိုင်စွမ်းရှိ‌သော ‌ဒေါ်‌အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို အသိအမှတ်မပြုဘဲ ‌နေ၍မရ သည့်တိုင် သူမ၏ ကမ်းလှမ်းမှုကို အဘယ့်‌ကြောင့် လျစ်လျူရှုထားသနည်း။ တရားမျှတ‌သော တိုက်ပွဲကို မ‌ဖော်‌ဆောင်နိုင်၍ ဖြစ်၏။ ယဉ်‌ကျေး‌သော ကမ္ဘာ့နိုင်ငံကြီးများက လက်ခံနိုင်‌သော်လည်း ဗမာနိုင်ငံနှင့် ကိုက်ညီမှုမရှိသည့် အကြမ်းမဖက်‌ရေး ‌ပေါ် လစီကို လွဲမှားစွာ ကိုင်စွဲထား‌သော‌ကြောင့် ဖြစ်၏။ အကြမ်းဖက်သူများအား ကာကွယ်တုန့်ပြန်ခြင်း၊ အကြမ်းဖက်မှု‌အောက်မှ ရုန်းထွက်ရန် ကြိုးစားခြင်းတို့မှာ အကြမ်းဖက်ခြင်း မဟုတ်မှန်း သ‌ဘော‌ပေါက်လာပြီဖြစ်သည့် လူထုကို မှန်ကန်စွာ ‌ရှေ့‌ဆောင် မှုမပြုနိုင်‌သေးသမျှ လူထု‌ခေါင်း‌ဆောင်၏ ကမ်းလှမ်းမှုမှာ လျစ်လျူရှုခံ‌နေရမည်သာ ဖြစ်သည်။

ဗိုလ်ချုပ်နှုတ်ခမ်း‌မွှေးတို့ တပ်ဖွဲ့များအ‌နေဖြင့် ‌သွေးပူ‌အောင်‌တောင် မတိုက်ရ‌သေးခင်မှာပင် စစ်အုပ်စုက ‌စေ့စပ်‌ဆွေး‌နွေးဖို့ရန် အဘယ့်‌ကြောင့် အကြိမ်ကြိမ် အဖန်ဖန် ကမ်းလှမ်း‌နေခဲ့ရသနည်း။ မှန်ကန်‌သောတိုက်ပွဲကို ‌ဖော်‌ဆောင်နိုင်‌သော‌ကြောင့် ဖြစ်၏။ စစ်တိုက်သူများကိုသာ စစ်အုပ်စုက ‌စေ့စပ်‌ဆွေး‌နွေး‌ရေး လုပ်မည်ဖြစ်ပြီး စစ်မတိုက်သူများကိုမူ ‌စေ့စပ်‌ဆွေး‌နွေးရန် မလိုအပ် ‌သော‌ကြောင့် သူ့ဘက်က ကမ်းလှမ်းလိမ့်မည် မဟုတ်သလို သူ့ကို ကမ်းလှမ်းလာလျှင်လည်း လက်ခံလိမ့်မည် မဟုတ်‌ချေ။

သို့ရာတွင် စစ်အုပ်စု ကမ်းလှမ်းသည့် ‌စေ့စပ်‌ဆွေး‌နွေး‌ရေးမှာ ငြိမ်းချမ်း‌ရေးကို ဦးတည်သည့် ‌ဆွေး‌နွေး‌ရေးမဟုတ်မှန်း သိထားဖို့ လိုသည်။ ၎င်းတို့၏ ‌စေ့စပ်ကမ်းလှမ်းမှု အ‌ပေးအယူများကို အငိုက်မမိဖို့ လိုသည်။

၁၉၄၉ခုနှစ် အင်းစိန်တိုက်ပွဲဖြစ်၍ နှစ်လ‌ကျော်ခန့်အကြာမှာပင် ဦးနု ဖဆပလက ‌စေ့စပ်‌ဆွေး‌နွေး‌ရေးစကား ကမ်းလှမ်းလာခဲ့ သည်။ မဟုတ်တာ လုပ်မည့်အကြံနှင့် ‌စေ့စပ်‌ဆွေး‌နွေး‌ရေး ကမ်းလှမ်းသည်ကို ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များက သ‌ဘောရိုးဖြင့် သွား‌ရောက်‌တွေ့ဆုံခဲ့သည်။ ‌စောဘဦးကြီးတို့၊ မန်းဂျိမ်းစ်ထွန်း‌အောင်တို့ သွား‌တွေ့ခဲ့ကြ၏။ ‌စောဘဦးကြီးတို့ကို ကရင်ပြည်အ ‌ရေးကိစ္စ တရားဥပ‌ဒေ‌ဘောင်အတွင်းမှ ဆက်လုပ်ရန် မလိမ့်တပတ်‌ပြောဆိုပြီး လူအမြင်‌ကောင်း‌အောင် လက်နက် အနည်းငယ် ချပွဲကို ဦး‌သော် ပန်းကန်စက်၌လုပ်ရန် လက်မှတ်‌ရေးထိုး သ‌ဘောတူညီချက် ရယူခဲ့ကြ၏။ မန်းဘဇန်က ထိုသို့လက်နက်ချရန် ‌ဆွေး‌နွေးမှုကို လက်မခံနိုင်ဘဲ ‌ကေအဲန်ဒီအို တပ်မှူးအ‌နေဖြင့် ဖဆပလနှင့် ထပ်မံ ‌တွေ့ဆုံ‌ပြောဆိုခဲ့၏။ အဆင်မ‌ပြေခဲ့‌ချေ။ ‌စေ့ စပ်‌ဆွေး‌နွေး ‌ပြောဆို‌နေကြသည့် ရက်များအတွင်း ဖဆပလတပ်မှ ရဲ‌ဘော်တပ်မှူးတပ်သားများက ကရင်တို့ ‌နေရာယူထား သည့် စစ်မျက်နှာများသို့ လာ‌ရောက်လည်ပတ်ကြသည်။ တဘက်နှင့်တဘက် တိုက်ခိုက်စရာ မလို‌တော့ဘဲ ‌စေ့စပ်ညှိနှိုင်းကာ ငြိမ်းချမ်း‌ရေးရ‌အောင် လုပ်‌နေကြပြီဖြစ်၍ ကရင်တပ်များကလည်း ဝမ်းသာအားရပင် ကြိုဆိုကြသည်။ နှစ်ဘက်တပ်မှူးတပ်သား ‌တွေချင်း ရင်းရင်းနှီးနှီး ဆက်ဆံ‌ပြောဆိုကြရင်း ဖဆပလတပ်များက ကရင်တပ်များ ‌နေရာယူပုံ၊ အ‌မြောက်လက်နက်ကြီးများ ‌နေရာချထားပုံနှင့် ပထဝီအ‌နေအထားများကို တ‌စေ့တ‌စောင်း အကဲခတ်သွားနိုင်ကြသည်။ ကရင်ပြည်နယ်အ‌ရေး ‌ပြေလည် ‌တော့မည်။ ငြိမ်းချမ်း‌ရေးရ‌တော့မည် ဟူ‌သော‌မျှော်လင့်ချက်ဖြင့် ဖဆပလတပ်များ ၎င်းတို့‌နေရာသို့ လာလည်ကြသည်ကို ‌ပျော် ‌ပျော်ပါးပါး လက်ခံခဲ့ကြ‌သော ကရင်တို့မှာ ‌စေ့စပ်‌ဆွေး‌နွေး‌ရေး ပျက်ပြားပြီး တိုက်ပွဲပြန်စသည့်အခါတွင် အလူးအလဲ ခံရ‌တော့ သည်။

ရန်သူ၏ ‌စေ့စပ်‌ဆွေး‌နွေး‌ရေး ကမ်းလှမ်းမှုများကို အယုံမလွယ်ဖို့၊ အငိုက်မမိဖို့ လိုသည်။ ၁၉၉၆ခုနှစ် ဒူးပလာယာခရိုင် ဥက္ကဌ ကြီး ဖူးတာအယ်နှင့် ‌ကေအဲန်ယူ အတွင်း‌ရေးမှူး ပဒိုမန်းရှာတို့အဖွဲ့၏ ‌စေ့စပ်‌ဆွေး‌နွေး‌ရေး ခရီးစဉ်တုန်းကလည်း ရန်သူတို့၏ ‌စေတနာသ‌ဘောထားကို နီးကပ်စွာ ‌တွေ့ထိသိရှိခဲ့ကြ၏။ ထိုသူတို့အ‌နေဖြင့် လူထု‌ကောင်းကျိုး ဘယ်‌တော့မှ လုပ်မည်မဟုတ် မှန်း၊ လူထုလိုလား‌သော ဒီမိုက‌ရေစီ အခွင့်အ‌ရေး‌တွေကို ‌ပေးမည်မဟုတ်မှန်း၊ တိုင်းရင်းသားတို့၏ ရပိုင်ခွင့်များ ပိတ်ပင်ထားမှု ကိုလည်း ဘယ်‌သောအခါမျှ လက်လွှတ်မည်မဟုတ်မှန်း ဖူးတာအယ်တို့ နားလည်ခဲ့၏။ ဟန်‌ဆောင်မျက်နှာဖုံး အပြုံးတုများ ‌နောက်ကွယ်မှ မရိုးသား‌သော မျက်နှာရိပ် မျက်နှာကဲများကိုလည်း ‌တွေ့သိခဲ့ရ၏။

စစ်အုပ်စုက ၎င်းတို့နှင့် ‌ပြေလည်စွာ ‌ဆွေး‌နွေးနိုင်‌ရေးအတွက် တခြားနည်း တခြားပုံစံအသစ်များကို မလိုလား။ ‌ကေအိုင်‌အေက လုပ်သည့်နည်းအတိုင်း ‌ကေအိုင်‌အေပုံစံ “‌ကေအိုင်‌အေ မိုဒယ်ပဲ လိုချင်တယ်”ဟု ၎င်းတို့၏ သ‌ဘောထားကို အရှက်ကင်းမဲ့စွာ ‌ပြောခဲ့သည်။ နိုင်ငံ‌ရေးပြဿနာများကို နိုင်ငံ‌ရေးနည်းဖြင့် တရားမျှတစွာ သွား‌ရောက်‌ဆွေး‌နွေး ညှိနှိုင်းလို‌သော ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်များမှာ ဘာမျှအထူးတလည် အ‌ရေးမဆိုနိုင်ကြ။

“ကျ‌နော်တို့ အရင် သွား‌ဆွေး‌နွေးကြတဲ့ တိုင်းရင်းသားအဖွဲ့‌တွေနဲ့ ‌ဆွေး‌နွေးခဲ့သလိုပါပဲ။ လက်နက်ချ အညံ့ခံခိုင်းတာပါပဲ။ ဒါ‌ပေ မဲ့ တရားဝင် ‌ဆွေး‌နွေးတာမဟုတ်ဘဲ အလွတ်သ‌ဘော ‌ဆွေး‌နွေးကြဖို့ အခွင့်‌ပေးတဲ့အတွက် ကျ‌နော့်အ‌နေနဲ့ ‌ဆွေး‌နွေးခဲ့တာက ‌တော့ ဒီ‌နေ့တိုင်းပြည်မှာ ခင်ဗျားတို့လုပ်ရင် တကယ်ဖြစ်ပါတယ်။ ဒီအခွင့်‌ကောင်းကို ခင်ဗျားတို့ တကယ် လုပ်‌စေချင်တယ်။ ကျ‌နော်တို့တိုင်းပြည်မှာ လက်ငင်း အ‌ရေးကြီးဆုံးကိစ္စက‌တော့ တိုင်းရင်းသား တန်းတူအခွင့်အ‌ရေးနဲ့ လူထုဒီမိုက‌ရေစီ‌ရေး‌တွေ ပဲ။ ဒီအခွင့်အ‌ရေး‌တွေကို ‌ပေးလိုက်ပါ။ အဲဒီလို‌ပေးမယ်ဆိုရင် ပြည်တွင်းမှာ‌ရော ပြည်ပမှာပါ ခင်ဗျားတို့ နဝတဟာ တိုင်းပြည်ကို တကယ်ချစ်တဲ့သူ‌တွေ၊ ကယ်တင်တဲ့သူ‌တွေအ‌နေနဲ့ ချစ်ခင်‌လေးစားခံကြရမှာပဲလို့ ‌ပြောခဲ့တယ်။”

“ကျ‌နော်‌ပြောတာကို သူတို့ တကယ်လုပ်ရင် ပြည်သူလူထုတရပ်လုံးကလည်း တကယ်ပဲ ‌လေးစား ကြည်ညို အားကိုးလာကြ မှာပါ။ အဲဒါ အမှန်တရားပါ။ ကျ‌နော်တို့က ဒီအမှန်တရား‌ပေါ်မှာ ရပ်ပြီး ‌စေတနာ‌ကောင်းနဲ့ ‌ပြောတာပါ။ လိမ်တာ ညာတာ ‌မြှောက်တာ ပင့်တာ မပါပါဘူး။ တကယ်လုပ်ရင် တကယ့်ကို ဂုဏ်သ‌ရေရှိမှာပါ။ ဒါ‌ပေမဲ့ ဒီလို ဂုဏ်ရှိတဲ့အလုပ်ကို သူတို့ မလုပ်ရဲ ကြဘူး။ ဂုဏ်သ‌ရေမရှိတဲ့အလုပ်‌တွေကိုသာ သူတို့ လုပ်ရဲကြတယ်။ လုပ်‌နေကြတယ်။ ဒါ‌ကြောင့် ပြည်တွင်းငြိမ်းချမ်း‌ရေးကို ဒီလူ‌တွေ ဘယ်‌တော့မှ လုပ်မှာမဟုတ်ဖူးဆိုတာ ကျ‌နော် ‌ကောင်း‌ကောင်း သ‌ဘော‌ပေါက်ပါတယ်။”ဟု ဖူးတာအယ်က ‌ပြောခဲ့ ‌လေသည်။

(၄)
၁၉၉၇ခုနှစ် နှစ်ဦးပိုင်း ဇန္နဝါရီ(၇)ရက်မှ (၁၄)ရက်‌နေ့အထိ ‌ကေအဲန်ယူ တပ်မဟာ(၆)နယ်‌ခြေ မယ်သ‌ရောထာတွင် အမျိုးသား ဒီမိုက‌ရေစီ တပ်‌ပေါင်းစု(မဒတ)က ကမကထပြုလျက် တိုင်းရင်းသားလူမျိုး‌ပေါင်းစုံ နှီး‌နှောဖလှယ်ပွဲတရပ် ကျင်းပခဲ့သည်။ ထိုနှီး ‌နှောဖလှယ်ပွဲ၏ ထူးခြားချက်မှာ စစ်အုပ်စုကို ဆန့်ကျင်‌တော်လှန်‌သော ပြည်တွင်းပြည်ပ တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်း များသာမက စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်း အ‌တော်များများပါ တက်‌ရောက်ပါ ဝင်ခဲ့ခြင်း ဖြစ်သည်။

ထိုနှီး‌နှောဖလှယ်ပွဲမှ အများသ‌ဘောတူ ဆုံးဖြတ်ချက်များကို တက်‌ရောက်‌သော အဖွဲ့အစည်းများမှ ‌ခေါင်း‌ဆောင်များနှင့် တသီးပုဂ္ဂလများက လက်မှတ်‌ရေးထိုး ထုတ်ပြန်‌ကြေညာခဲ့ကြသည်။ ထုတ်ပြန်‌ကြေညာချက် (၁၀)ချက်ရှိသည်။ စစ်အုပ်စု၏ အ ရှိုက်ကို တိုက်ရိုက်သွား‌ရောက် ထိခိုက်‌သော ထုတ်ပြန်‌ကြေညာချက်‌တွေ ဖြစ်သည်။ ‌ဒေါ်‌အောင်ဆန်းစုကြည်ကလည်း မယ်သ ‌ရောထာနှီး‌နှောဖလှယ်ပွဲ၏ ထုတ်ပြန်‌ကြေညာချက်များကို ကြိုဆို‌ထောက်ခံလိုက်‌ကြောင်း ကြားသိကြရသည်။

စစ်အုပ်စုမှာ တိုင်းရင်းသားတို့၏ ‌သွေးစည်းညီညွှတ်မှုကို တဖန်ပြန်၍ ရယူရန် ကြိုးစားလာသည့် နှီး‌နှောဖလှယ်ပွဲရလဒ်များနှင့် တိုင်းရင်းသားတို့၏ အစုအ‌ဝေးကို ဖြိုခွင်းရန်အတွက် မယ်သ‌ရောထာနယ်‌မြေ တပ်မဟာ(၆)ကို ‌ဖေ‌ဖော်ဝါရီလအတွင်းမှာပင် ထိုးစစ်ကြီး ဆင်လာခဲ့သည်။ ထိုထိုးစစ်ကြီးမှာ အလွန်အမင်း ကြီးမားပြင်းထန်မှု မရှိ‌သော်လည်း ‌ကေအဲန်ယူ ဗဟိုဌာနချုပ် မာ နယ်ပ‌လောကို လက်လွှတ်ခဲ့ရပြီး‌နောက်ပိုင်း စိတ်ဓာတ်‌ရေးရာအရ ချွတ်ခြုံကျစပြုလာသည့် အချို့‌သော တပ်မှူးတပ်သားများ မှာ ရန်သူကို ‌ကောင်းစွာ ရင်ဆိုင်တိုက်ခိုက်ခြင်း မပြုရ‌သေးမီမှာပင် အရပ်သားများနည်းတူ ‌ရှောင်တိမ်းလိုလာကြခြင်း၊ အဖွဲ့အ စည်းမှ အချို့‌သော တပ်မှူးများနှင့် တပ်အချို့ ရန်သူနှင့် ပူး‌ပေါင်းသွားခြင်းနှင့် အရာရှိအချို့ အခွင့်အ‌ရေး ‌မြော်ကိုးကာ ရန်သူ့ ထံ ‌အောက်ကြို့ဝင်‌ရောက်ခြင်းတို့‌ကြောင့် ရန်သူအဖို့ တပ်မဟာ(၆)တွင်းမှ နယ်‌မြေ‌ဒေသ အ‌တော်များများကို လွယ်လင့်တကူ သိမ်းယူနိုင်ခဲ့သည်။ ‌တော်လှန်‌သော တပ်မှူးတပ်သားများ၏ ‌ပြောက်ကျားစစ် လှုပ်ရှားစစ်များ‌ကြောင့်သာ တပ်မဟာ(၆)တခွင် လုံးကို ရန်သူတို့ မသိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ရန်သူစစ်အုပ်စုသည် ၁၉၉၆ခုနှစ်က မပြီးပြတ်ခဲ့‌သော ‌ကေအဲန်ယူနှင့် ‌စေ့စပ်‌ဆွေး‌နွေး‌ရေးကို ၁၉၉၇ ‌ဖေ‌ဖော်ဝါရီ ထိုးစစ်ကြီးအ ပြီး များစွာ မကြာ‌သေး‌သော ကာလအတွင်းတွင် မည်သည့်နည်းနှင့်မျှ ပြန်၍ ကမ်းလှမ်းလိမ့်မည် မဟုတ်‌ချေ။ ထို့အပြင်လည်း ရန်သူသည် လွန်ခဲ့‌သော ထိုးစစ်များကလို ၎င်းတို့ ရည်မှန်းချက်သို့ ‌ရောက်ပြီး‌နောက်ပိုင်း အလဲလဲ အကွဲကွဲဖြင့် ကိုယ်လွတ်ရုန်း ဆုတ်ခွာသွားကြရသည့် အ‌နေအထားမျိုး မဟုတ်ဘဲ အတိုင်းအတာတရပ်အထိ အသာစီးရရှိထားကာ ‌ကေအဲန်ယူပိုင်နက် နယ်‌မြေ‌ဒေသအချို့ကိုပါ သိမ်းယူထားနိုင်သည့် အ‌ခြေအ‌နေ ရှိ‌နေသည်။

ထိုသို့‌သော အ‌ခြေအ‌နေအတွင်း ၁၉၉၇ ဇွန်လ၌ ငြိမ်းချမ်း‌ရေး အကျိုး‌တော်‌ဆောင် ခွန်မြတ်နှင့် ‌ဒေါက်တာထွန်း‌အောင်ချိန်တို့ က ရန်သူနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးကိစ္စ အ‌ပေးအယူလုပ်ဖို့ရန် ကမ်းလှမ်း‌ပြောဆိုလာခြင်းကို စိတ်ရင်းသ‌ဘော ရိုးသားမှုရှိ‌သော ဗိုလ်ချုပ်ကြီးမြက လက်ခံခဲ့သည်။ အမျိုးသား ပြည်သူလူထုကြီး၏ အကျိုးအတွက် ‌မျှော်ရည်၍ ရန်သူနှင့် ‌စေ့စပ်‌ဆွေး‌နွေးပြီး ငြိမ်းချမ်း‌ရေးရယူဖို့ရန် ဗိုလ်ချုပ်ကြီးမြ ဆန္ဒရှိသည်။

အ‌ပေးအယူ လုပ်မည့်ကိစ္စက‌တော့ ခပ်ရှင်းရှင်းပင် ဖြစ်သည်။ မယ်သ‌ရောထာ သ‌ဘောတူညီချက်များမှ ‌ကေအဲန်ယူနှင့် တိုက် ရိုက်ပတ်သက်ခြင်းမရှိ‌သော အချက်အလက်အချို့ကို ‌ကေအဲန်ယူက ရုတ်သိမ်း‌ကြောင်း သ‌ဘောထား‌ပေးမည်ဆိုပါက ‌တွေ့ဆုံ ‌ဆွေး‌နွေး‌ရေးကို ပြန်လည် ပြုလုပ်မည်ဖြစ်‌ကြောင်း ခွန်မြတ်တို့၊ ‌ဒေါက်တာထွန်း‌အောင်ချိန်တို့မှတဆင့် နဝတက ‌တောင်းဆိုလာ ခြင်း ဖြစ်သည်။

ဗမာပြည်တွင်း စစ်‌ရေးတိုက်ခိုက်‌နေမှုများကို အမြန်ဆုံး ရပ်ဆိုင်းနိုင်ရန်၊ နိုင်ငံ‌ရေးပြဿနာများကို ‌တွေ့ဆုံ‌ဆွေး‌နွေးသည့်နည်း ဖြင့် ‌ဖြေရှင်းနိုင်ရန်နှင့် ရပ်ဆိုင်းထားခဲ့သည့် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးကို အနိမ့်ဆုံးအဆင့်မှ ပြန်စနိုင်ရန် ‌မျှော်မှန်းကာ ရန်သူနှင့် ပြန်လည်‌တွေ့ဆုံညှိနှိုင်း‌ရေးကိစ္စ အဆင်‌ပြေ ‌ချော‌မွေ့‌စေရန်အတွက် ဗိုလ်ချုပ်ကြီးမြက မယ်သ‌ရောထာ သ‌ဘောတူညီချက် (၁၀)ချက်မှ သ‌ဘောတူညီချက် အမှတ်(၁) (၃) (၅) (၇)တို့ကို ဖျက်‌ပေးခဲ့သည်။ (‌နောက်ပိုင်း ‌ကြေညာချက် ပြန်လည် ထုတ် ပြန်ရာတွင် အချက်(၂) (၃) (၅) (၇) (၈) (၁၀) တို့ကို ရုတ်သိမ်းခဲ့သည်ဟု ပါရှိသည်။ မယ်သ‌ရောထာ သ‌ဘောတူညီချက်များ အားလုံးနီးပါး ရုတ်သိမ်းလိုက်သလို ဖြစ်သွားသည်။)

ရုတ်သိမ်းခဲ့‌သော အချက်အမှတ် (၁) (၃) (၅) (၇)မှာ နဝတ ကျင်းပ‌နေသည့် အတုအ‌ယောင် အမျိုးသားညီလာခံကို အသိအ မှတ် မပြု‌ကြောင်းနှင့် အဖွဲ့အစည်းအားလုံးက ဆန့်ကျင်တိုက်ဖျက်သွားရန်၊ ‌ဒေါ်‌အောင်ဆန်းစုကြည်၊ တိုင်းရင်းသားအဖွဲ့အ စည်းများနှင့် နဝတတို့ ပါဝင်‌သော သုံးပွင့်ဆိုင်‌ဆွေး‌နွေးပွဲကို လက်ခံ‌ကြောင်း၊ နဝတနှင့် ပူးတွဲလုပ်‌ဆောင်‌သော စီးပွား‌ရေးလုပ် ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုများ အားလုံးကို ကန့်ကွက်‌ကြောင်း၊ တိုင်းရင်းသားအခွင့်အ‌ရေး ဒီမိုက‌ရေစီ‌ရေးတို့အတွက် နဝတအား နိုင်ငံ‌ရေးတိုက်ပွဲ၊ သံတမန်‌ရေးတိုက်ပွဲ၊ လူထုတိုက်ပွဲတို့ဖြင့် ဘက်‌ပေါင်းစံမှ တိုးမြှင့်တိုက်ပွဲဝင်သွားရန် ဆို‌သောအချက်များ ဖြစ် သည်။ စစ်အုပ်စုကို ဆန့်ကျင်တိုက်ခိုက်‌နေသည့် ‌တော်လှန်‌ရေး အဖွဲ့အစည်းများ ညှိနှိုင်း‌ဆွေး‌နွေး ချမှတ်ထားသည့် အ‌ရေးကြီး ‌သော သ‌ဘောတူညီချက်များမှ ‌ကေအဲန်ယူအ‌နေဖြင့် ရုတ်သိမ်းနှုတ်ထွက်‌ကြောင်း ‌ကြေညာခဲ့ခြင်းပင် ဖြစ်‌လေသည်။ ထို သတင်းကို ကြားသိရသူများမှာ အ‌တော်ပင် စိတ်မ‌ကောင်းနိုင်၊ မခံမရပ်နိုင် ဖြစ်ကြရသည်။ ဗိုလ်ချုပ်ကြီးမြအ‌ပေါ် ‌ဝေဖန်မှုများ လည်း ထွက်‌ပေါ်လာခဲ့သည်။

အမှန်က‌တော့ ဤကိစ္စမှာ ရန်သူ့စနက်ပင် ဖြစ်၏။ မရိုးမ‌ဖြောင့် လုပ်တတ်‌သော ရန်သူသည် စကားအရာ၌လည်း တည်ကြည် ခြင်း မရှိ‌ချေ။ ရန်သူသည် ဗိုလ်ချုပ်ကြီးမြ၏ မယ်သ‌ရောထာ သ‌ဘောတူညီချက်အချို့ ရုတ်သိမ်း‌ကြောင်း အ‌ကြောင်းကြားစာကို မည်သို့မျှ အ‌ကြောင်းမပြန်ဘဲ ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးကိစ္စကို အချိန်ဆွဲ‌နေခဲ့သည်။ ကရင်‌ကျေးရွာများသို့ အဆက်မပြတ် တိုက် ခိုက်‌နေမှုကိုလည်း မရပ်။ ကရင်ပြည်နယ်အတွင်းမှ ‌ကျေးရွာအများအပြားကို အဓမ္မ ‌ရွှေ့‌ပြောင်းခိုင်း‌နေခြင်း၊ ကရင်အမျိုးသား လူထုများကို နှိပ်စက်သတ်ဖြတ်ခြင်းများလည်း ဆက်လက် လုပ်‌ဆောင်‌နေပြီး ၎င်းတို့ထံ ‌ပေးပို့ခဲ့သည့် ဗိုလ်ချုပ်ကြီးမြ၏ မယ်သ ‌ရောထာကိစ္စ အ‌ကြောင်းကြားစာကို တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းများထံ ဖြန့်‌ဝေကာ “ဒီမှာ‌တွေ့လား။ မင်းတို့ မဟာမိတ် ‌ခေါင်း‌ဆောင်ကြီး ဘယ်လိုဖြစ်သွားပြီလဲဆိုတာ၊ မင်းတို့ရဲ့ ပုဂ္ဂိုလ်ကြီး‌တောင်မှ မယ်သ‌ရောထာ သ‌ဘောတူညီချက်‌တွေက‌နေ ရုတ်သိမ်းနှုတ်ထွက်သွားတာ၊ မင်းတို့လည်း လုပ်မ‌နေပါနဲ့‌တော့” ဟူ‌သောသ‌ဘောမျိုးဖြင့် ‌တော်လှန်‌ရေး အဖွဲ့အစည်းများ၏ ရပ်တည်ချက်အ‌ပေါ် သ‌ရော်လိုက်သည့် ပုံစံမျိုး မနှစ်မြို့ဖွယ်ရာ သ‌ဘောထားဆိုးယုတ်‌သော လုပ်ရပ်များကို လုပ်လာခဲ့‌လေ သည်။

ဗိုလ်ချုပ်ကြီးမြမှာ ရန်သူ့လုပ်ရပ်များအတွက် လွန်စွာ စိတ်မချမ်းမသာ ဖြစ်ခဲ့ရသည်။ ရန်သူ့ထံသို့ သူ ‌ပေးပို့ခဲ့ရသည့် မယ်သ ‌ရောထာ သ‌ဘောတူညီချက်အချို့၌ ‌ကေအဲန်ယူ၏ ပါဝင်ပတ်သက်မှု ရုတ်သိမ်း‌ကြောင်း အ‌ကြောင်းကြားစာကိုလည်း ပြန်လည် ရုတ်သိမ်းလိုက်ပြီး မယ်သ‌ရောထာ တိုင်းရင်းသားလူမျိုးများ နှီး‌နှောဖလှယ်ပွဲ၏ သ‌ဘောတူညီချက် (၁၀)ချက်နှင့် ထုတ်ပြန် ‌ကြေညာချက်တို့အ‌ပေါ်တွင် ယခင်အတိုင်း အ‌လေးအနက် တာဝန်ခံသွားမည်ဖြစ်‌ကြောင်း ထပ်မံ ထုတ်ပြန်‌ကြေညာခဲ့ရသည်။ နဝတကို ဘက်‌ပေါင်းစုံမှ ဆန့်ကျင်တိုက်ပွဲဝင်မည့် သ‌ဘောတူညီချက်များအ‌ပေါ် တာဝန်ခံ ရပ်တည်လိုက်သည့် တချိန်တည်း မှာပင် နဝတနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးပြီး နိုင်ငံ‌ရေးပြဿနာများ ‌ဖြေရှင်းမည့်နည်းလမ်းကိုမူ ဆက်လက် ကိုင်စွဲသွားမည်ဖြစ် ‌ကြောင်းနှင့် ဖြစ်‌မြောက်‌အောင်လည်း ကြိုးပမ်းသွားမည်ဟု ထို‌ကြေညာချက်တွင် ‌ဖော်ပြခဲ့သည်။ ‌တော်လှန်‌ရေး အဖွဲ့အစည်း များသည် ရန်သူ၏ ဆိုးဝါး‌သော လုပ်ရပ်များကို ဆန့်ကျင်တိုက်ခိုက်မည်ဖြစ်‌သော်လည်း စစ်‌သွေးကြွ‌နေသူများ မဟုတ်ဘဲ နိုင်ငံ ‌ရေးပြဿနာများကို ရန်သူနှင့် ‌ပြေလည်စွာ ညှိနှိုင်း‌ဖြေရှင်းကာ ငြိမ်းချမ်း‌ရေးရယူလို‌သော သ‌ဘောထားရှိသူများဖြစ်‌ကြောင်း ‌ပေါ်လွင်‌နေသည့် ‌ကြေညာချက် ဖြစ်‌လေသည်။

(၅)
ယခင်က ရန်သူ၏ ‌စေ့စပ်‌ဆွေး‌နွေး‌ရေး ကမ်းလှမ်းမှုမှာ တိုက်ပွဲစ၍ နှစ်လ‌ကျော်‌လောက်အကြာ ၎င်းတို့လူများ အ‌တော်ပင် ခံခဲ့ရ ‌သောအခါကျမှ ဖြစ်၏။ ‌စေ့စပ်ညှိနှိုင်း‌ပြေလည်လိုသ‌ယောင်ဖြင့် ‌ခေါ်ယူ‌ဆွေး‌နွေးကာ လိမ်ဉာဏ်ဆင်ပြီး အမြတ်ထုတ်သွားခဲ့ခြင်း ဖြစ်သည်။ ‌နောက်ပိုင်းမှာ‌တော့ ရန်သူသည် တိုက်ပွဲဖြစ်ပြီး ရက်သိပ်မကြာခင် ၂ရက်-၃ရက်အတွင်းမှာပင် ‌စေ့စပ်ညှိနှိုင်းရန် ကြိုး စားလာ၏။ ၎င်းတို့တပ်များ အကြီးအကျယ် မခံရမီ ‌စော‌စောစီးစီး အမြတ်ထုတ်စရာ အ‌ကြောင်းအရာ အချက်အလက်များ ရရှိ နိုင်‌ရေး ခပ်‌စော‌စောပင် ‌စေ့စပ်လိုဟန်ပြုလာခြင်းဟု မှတ်ယူရ‌လေသည်။

၁၉၈၈ အ‌ထွေ‌ထွေ သပိတ်ကြီး ဖြစ်‌ပေါ်လာစဉ်တုန်းကလည်း လူထုအုံကြွမှုများ တိုင်းပြည်နှင့်အဝှမ်း ကူးစက်ပြန့်နှံ့မှု များစွာ မကျယ်ပြန့်‌သေးမီမှာပင် လူထု၏ လိုလားချက်အချို့ကို အ‌လျှော့‌ပေး လိုက်‌လျောကာ အုံကြွမှုများ ကြီးမားမလာရ‌အောင် လုပ် ‌ဆောင်ခဲ့သည်။ ကြီးမားကျယ်ပြန့်လာမှဆိုလျှင် ၎င်းတို့ ထိန်းချုပ်၍မရ။ ဦး‌နေဝင်း ထွက်‌ပေးသည်။ ဦးစိန်လွင် ဆင်း‌ပေးရသည်။ ‌ဒေါက်တာ‌မောင်‌မောင် မျက်ရည်လည်ရွဲ နှုတ်ဆက်စကားဆိုရသည်။ မဆလပါတီကို ဖျက်သိမ်း‌ပေးသည်။ ထိုကိစ္စ‌တွေပြီးမှ မင်းမဲ့ကာလတခုကို ရက်အနည်းငယ် ဖြတ်သန်း‌စေပြီး စစ်တပ်ဖြင့် ပြန်လည်အာဏာသိမ်းလိုက်သည်။

ဗိုလ်မှူးချုပ်‌စောလားပွယ်တို့ကိုလည်း မြဝတီမှာ တိုက်ပွဲဖြစ်ပြီး ရက်များမကြာမီမှာပင် အ‌ပေးအယူလုပ် ‌စေ့စပ်ညှိနှိုင်းရန် ကြိုး စားလာကြသည်။ တိုက်ပွဲဝင်‌နေသူများအား ‌တွေ‌ဝေ‌အောင် တိုက်အား‌ပျော့‌အောင် လုပ်လာကြသည်။ ရန်သူနှင့် ‌စေ့စပ်ညှိနှိုင်း ပြီး အခွင့်အ‌ရေးယူလို‌သော တပ်မှူးအချို့မှာ လက်နက်ချ အလင်းဝင်‌ရောက်သည့်အဖြစ်မျိုး အ‌ကြေညာခံကြရသည်။ ဗိုလ်မှူး ချုပ်တို့နှင့်သာ ‌စေ့စပ်ညှိနှိုင်းမှု ဖြစ်‌မြော်ကသွားမည်ဆိုပါက ‌ရှေ့ဆက် လုပ်‌ဆောင်ရမည့် အမြတ်ထုတ်‌ရေး အစီအစဉ်များ လည်း ၎င်းတို့တွင် အသင့်ရှိထားပြီး ဖြစ်၏။

ဗိုလ်မှူးချုပ်‌စောလားပွယ်၏ သ‌ဘောထားက‌တော့ ရှင်းသည်။ ‌စေ့စပ်‌ဆွေး‌နွေးမည်။ ‌ဒေါ်‌အောင်ဆန်းစုကြည်လည်း ပါရမည်။ ယုံကြည်စိတ်ချရ‌သော ကမ္ဘာ့နိုင်ငံတခုခုတွင် ကုလသမဂ္ဂလို အဖွဲ့အစည်းမျိုး၏ ကမကထပြုမှုဖြင့် ကမ္ဘာက ‌လေးစားအားထား သူများ ‌ရှေ့‌မှောက် ‌ဆွေး‌နွေးမည်။ တိုးတိုးတိတ်တိတ် ကြိတ်၍ ‌ဆွေး‌နွေးရမည့် အ‌ကြောင်းအရာမျိုးကို မလိုလား။ ‌ဆွေး‌နွေးပွဲ အ‌ကြောင်းအချက်များကို ‌ရေဒီယိုရုပ်သံ စာနယ်ဇင်းတို့မှ လွတ်လပ်စွာ ‌ဖော်ပြနိုင်ရမည်။ ဗမာပြည်သူလူထု‌ကော ကမ္ဘာအရပ် ရပ်မှ ဗမာပြည်သားများပါ သိရှိကြရမည်။

ဗိုလ်မှူးချုပ်၏ သ‌ဘောထားမှာ စစ်အုပ်စု၏လက်‌အောက် ၎င်းတို့လုပ်ချင်သလိုလုပ်မည့် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးမျိုးကို လက်မခံ ဘဲ တန်းတူရည်တူ လွတ်လပ် ပွင့်လင်း မျှတစွာ ‌ဆွေး‌နွေး ညှိနှိုင်း ‌ဖြေရှင်းလို‌သော ရိုးစင်းလှပသည့် သ‌ဘောထားပင် ဖြစ်‌လေ သည်။

ယခုအချိန်တွင်မူ ဗမာပြည်၏ ပြဿနာအရပ်ရပ် ‌ပြေလည်‌စေရန်အတွက် စစ်အုပ်စုနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးလို၍ မရ‌တော့‌ချေ။ ဖိ နှိပ်အနိုင်ကျင့်မှုကို အကျင့်ပါ‌နေပြီးဖြစ်‌သော စစ်အုပ်စုအဖို့ တိုင်းရင်းသားလူမျိုးစုနှင့် ဒီမိုကရက်တစ် အဖွဲ့အစည်းများအား တန်းတူရည်တူ လွတ်လပ်စွာ ‌ဆွေး‌နွေး ‌ပြောဆိုခွင့်များ ‌ပေးလိမ့်မည်မဟုတ်။ ၎င်းတို့ချထားသည့် ‌ဘောင်အတွင်းကပင် ‌ဆွေး ‌နွေးကြရမည်ဖြစ်ပြီး ၎င်းတို့အဓွန့်ရှည်စွာ ဆက်လက် ကြီးစိုးအနိုင်ကျင့်နိုင်‌ရေးကို ထိခိုက်မည့် ‌ဆွေး‌နွေးချက်များနှင့် ၎င်းတို့ မတရားရယူထားသည့် ဥစ္စာဓနစည်းစိမ်များ ‌လျော့ပါးပျက်ပြားနိုင်မည့် မည်သည့်‌ဆွေး‌နွေးချက်များကိုမျှ လက်ခံကြလိမ့်မည် မဟုတ်‌ချေ။

(၆)
‌တော်လှန်‌ရေး အဖွဲ့အစည်းများအ‌နေဖြင့် မိမိတို့နယ်‌မြေကို မိမိတို့ ကာကွယ်တိုက်ခိုက်‌နေသည့် တချိန်တည်းမှာပင် ဗိုလ်မှူး ချုပ်‌စောလားပွယ်လို ပုဂ္ဂိ်ုလ်မျိုးကို ဝန်းရံမှု ‌ပေးကြရမည်ဖြစ်၏။ ရန်သူသည် ဗိုလ်မှူးချုပ်တို့အဖွဲ့အား တပ်ရင်း တပ်မဟာ တပ်မ တို့ဖြင့် ထိုးစစ်ဆင်ရန် ပြင်ဆင်လာ‌နေပြီ ဖြစ်၏။ ရန်သူ့တပ်များမှာ ဗိုလ်မှူးချုပ်‌စောလားပွယ်တို့ ‌ဒေသအနီး ‌ခြေချင်းလိမ်‌နေကြ ၏။ ‌နေ့စဉ် လက်နက်ကြီးကျည်‌တွေ ဆယ်နှင့် ရာနှင့်ချီပြီး ပစ်ခတ်‌နေ၏။

ရန်သူနှင့် ၎င်းတို့လက်ပါး‌စေများ၏ မဲကလိမ်ကျမှုနှင့် မြဝတီလူထုအ‌ပေါ် ခြိမ်း‌ခြောက်အနိုင်ကျင့် အကြပ်ကိုင်မှုများကို ဗိုလ်မှူး ချုပ်‌စောလားပွယ်တို့က လူထုဘက်မှ ရပ်တည်‌စောင့်‌ရှောက်‌ပေးသည့် လုပ်ရပ်များအ‌ပေါ် ထိုကိစ္စမှာ ၎င်းတို့၏ ကိုယ်‌ရေးကိုယ် တာ မ‌ကျေနပ်ချက်များ‌ကြောင့်သာဖြစ်သည်ဟု ‌ပြောဆိုသူအချို့ အဖွဲ့အစည်းများထဲမှာ ရှိ‌နေသည်။ အခွန်အ‌ကောက်နှင့် အ ခြားအခွင့်အ‌ရေးများ ရ‌နေသည့် ဒီ‌ကေဘီ‌အေအဖြစ်မှ‌နေ၍ နယ်ခြား‌စောင့်တပ် မလုပ်လို‌သော‌ကြောင့်လည်း‌ကောင်း၊ ၎င်းတို့စီး ပွား‌ရေးလုပ်ငန်းများ စား‌နေကျ စားကျက်များ ‌ပျောက်ဆုံးကုန်ကြမည်ကို စိုးရိမ်‌သော‌ကြောင့်လည်း‌ကောင်း ထွက်‌ပေါက်ရှာလာ ခြင်းသာဖြစ်သည်ဟု ထိုသူ‌တွေက ဆိုကြသည်။ ဗိုလ်မှူးချုပ်တို့ ရန်သူ့လုပ်ရပ်များကို ဆန့်ကျင်သည်မှာ ၎င်းတို့ကိုယ်ကျိုးအ တွက် မဟုတ်‌ကြောင်း ယခုလိုအချိန်မျိုးတွင် ရှင်းလင်းစွာ သိမြင်ကြဖို့သင့်ပြီ ဖြစ်၏။

လူထု‌ကောင်းကျိုးအတွက် အသက်ကို ပမာမထားဘဲ လုပ်‌ဆောင်သူများကို ‌လေးစားစွာ ‌နေရာ‌ပေးရမည်သာ ဖြစ်သည်။ တိုင်း ရင်းသားအားလုံး၏ ဘုံရန်သူကို ထီမထင်စွာ ဆန့်ကျင်တိုက်ခိုက်‌နေသူများအား တတ်စွမ်းသမျှ အကူအညီ‌ပေးကြရ‌ပေမည်။ ကိုယ်နှင့်မဆိုင်သလို ဒို့လည်း တဘက်က‌နေ ရန်သူကိုတိုက်‌နေတာပဲဆိုပြီး လုပ်၍မရ။ မိမိတို့နယ်‌မြေအတွင်းမှ ရန်သူကို တိုက် သည့်သူများက တိုက်‌နေသလို ဗိုလ်မှူးချုပ်တို့အဖွဲ့များကို သွား‌ရောက်အားဖြည့် ကူညီသူ‌တွေကလည်း ကူကြရမည် ဖြစ် သည်။ အားဖြည့်ကူညီ‌နေကြသည့် ‌နေရာ‌တွေလည်း ရှိသည်။ အချို့‌နေရာများ၌ ‌ကေအဲန်အယ်လ်‌အေ-ဒီ‌ကေဘီ‌အေ ပူးတွဲ တိုက်ခိုက်‌နေကြသည့်သတင်းကိုလည်း ‌ကျေနပ်ဖွယ် ကြားသိရသည်။

ဗိုလ်မှူးချုပ်တို့အား လုံ‌လောက်စွာ ဝန်းရံကူညီမှု မပြုနိုင်၍ အားနည်းချိနဲ့သွားရပြီဆိုလျှင် မိမိတို့ အဖွဲ့အစည်းသည်လည်း ကြာ ရှည်ခံနိုင်လိမ့်မည်မဟုတ် ဆိုသည်ကို တွက်ဆသိမြင်ကြဖို့ လိုသည်။ ယခုလို အချိန်အခါ‌ကောင်းတွင် အားလုံး ပြန်လည်‌ပေါင်း စည်း‌ရေးကို နှုတ်‌ပြောဖြင့်မဟုတ်ဘဲ ရန်သူကို ဝိုင်းဝန်းတိုက်ခိုက်ခြင်းအားဖြင့် လက်‌တွေ့ အ‌ကောင်အထည်‌ဖော်ကြရမည် ဖြစ် သည်။

ရန်သူ့လက်‌အောက် နယ်ခြား‌စောင့်တပ် မလုပ်လို‌သော ဗိုလ်ချုပ်‌ဌေး‌မောင်တို့၏ ငြိမ်းချမ်း‌ရေး‌ကောင်စီသည်လည်း လွန်ခဲ့‌သော လအတန်ကြာကပင် ရန်သူ့အစီအစဉ်ကို ဆန့်ကျင်‌ကြောင်းနှင့် ရန်သူက စစ်‌ရေးအရ တုန့်ပြန်မည်ဆိုလျှင်လည်း ရင်ဆိုင်မည် ဟု ‌ကြေညာချက်ထုတ်ခဲ့သည့် သတင်းများကို ကြားခဲ့ရသည်။ သို့ရာတွင် ပြီးခဲ့‌သော လအနည်းငယ်ကမူ ၎င်းတို့တပ်ဖွဲ့ဝင်အ ချို့ကို စစ်အုပ်စုတပ်များက သတ်ဖြတ်လိုက်သည့် ကိစ္စအ‌ပေါ် ၎င်းတို့ဟာ၎င်းတို့ ငြိမ်းချမ်းစွာ ‌နေ‌နေကြသည်ကို ဝင်‌ရောက်ဖမ်း ဆီးသတ်ဖြတ်လိုက်သည့်အတွက် ဗိုလ်ချုပ်မှူးကြီးထံ စာပို့မည်လိုလို၊ ဟိုတိုင်ဒီတိုင် တရားစွဲ ‌လျော်‌ကြေး‌တောင်းမည်လိုလို အူ ‌ကြောင်‌ကြောင် လုပ်လာကြသည်ကို ‌တွေ့ရသည်။

ရန်သူနှင့် ရင်ဆိုင်ရာ၌ ‌ကြောက်‌နေ ‌ကြောင်‌နေ၍မရ။ ထိပ်တိုက်ရင်ဆိုင်ဖို့အ‌ရေးမှ လမ်းလွဲ ‌တွေ‌ဝေ ‌သွေဖည်‌နေ၍ မရ။ စစ်အုပ် စုအား ဆန့်ကျင်တိုက်ခိုက်‌နေသည့် အ‌ခြေအ‌နေများကို မျက်‌ခြေမပြတ်‌စေဘဲ အခွင့်ကြုံလျှင် ကြုံသလို တတပ်တအား ဝင် ‌ရောက်ဆင်နွဲလိုက်ကြရမည် ဖြစ်သည်။

နိုဝင်ဘာ (၈)ရက်မှစ၍ ယခုထိ ‌လေးလ‌ကျော်ကြာသည့်တိုင် တိုက်ခိုက်‌နေဆဲဖြစ်‌သော ဗိုလ်မှူးချုပ်တို့တပ်များအား ပိတ်ဆို့‌ချေ မှုန်းရန်အတွက် စစ်အုပ်စုက တပ်ကူများ ရာနှင့်ချီ၍ ‌စေလွှတ်‌နေ၏။ ‌ရောက်ရှိလာ‌သော တပ်များမှ အချို့ကို ဗိုလ်မှူးချုပ်တို့တပ် များက ‌ပြောက်ကျားပစ်ခတ်လိုက်‌သော‌ကြောင့် ကျဆုံးသူ ဒဏ်ရာရသူများ ရှိ‌ကြောင်းကိုလည်း ဝမ်း‌မြောက်ဖွယ်ရာ ကြားရ၏။ ‌ရှေ့ထွက်မိုင်း‌ကြောင့် ရန်သူ ၆‌ယောက် ကျဆုံး‌သောသတင်းများ၊ ရန်သူအ‌ယောက် ၂၀‌ကျော် ကျဆုံးပြီး အများအပြား ဒဏ်ရာ ရ‌ကြောင်း သတင်းများကို ရန်သူ့‌ဆွေမျိုးသားချင်းနှင့် ‌နောက်လိုက်‌နောက်ပါများမှလွဲ၍ နားဝင်ပီယံ မဖြစ်‌သော ဗမာပြည်သား တ‌ယောက်မျှမရှိ။ ရန်သူ့တပ်များမှ တ‌နေရာနှင့် တ‌နေရာ သွားလာလျှင် အရပ်သားကားများကိုသုံးပြီး လက်နက်များကို ဝှက် ကိုင်ကာ အရပ်ဝတ်များ ဝတ်ဆင်လျက် အရပ်သား‌တွေကို အကာအကွယ်ယူ သွားလာ‌နေကြ‌ကြောင်းကိုလည်း ‌အော့နှလုံး နာ စရာ ကြားသိရ၏။

ထိုရန်သူသည် တိုင်းရင်းသားတို့ ‌ဒေသများအတွင်း လူ့အခွင့်အ‌ရေး ‌ဖောက်ဖျက် ‌စော်ကားမှုမျိုးစုံ ပြုကျင့်ကျူးလွန်‌နေ‌သော ရန် သူဖြစ်၏။ တိုင်းရင်းသားတို့ နယ်‌မြေများ၌သာမက ဗမာပြည်တွင်း ‌နေရာအနှံ့အပြား၌ပါ သဘာဝပတ်ဝန်းကျင်များ ထိခိုက်ပျက် စီး‌စေပြီး အနာဂတ်တွင် ဆိုးကျိုးများစွာ ခံစားကြရမည့် ‌ရေကာတာများ‌ဆောက်ခြင်း၊ လယ်‌မြေများ အဓမ္မသိမ်းယူခြင်း၊ အဓမ္မ လုပ်အား‌ပေးဝန်ထမ်း(‌ပေါ်တာများ) စု‌ဆောင်း‌ကောက်ခံခြင်း၊ မတန်တဆ အခွန်အတုပ်များ ရယူပြီး ပြည်သူလူထုအတွက် လျှပ်စစ်မီး၊ ‌ရေ၊ သန့်ရှင်း‌ရေးဝန်‌ဆောင်မှုများ လုံးဝနီးပါး ဖြတ်‌တောက်ခြင်း စသည်တို့ဖြင့် လူထုအ‌ပေါ် စိတ်‌စေတနာဆိုး ထား ရှိ‌သော ရန်သူဖြစ်၏။ လူထု‌ကောင်းကျိုး ‌ဆောင်ရွက်သူများကို ဖမ်းဆီး‌ထောင်ချ ညှဉ်းဆဲ‌နေ‌သော ရန်သူဖြစ်၏။

ယခုသုံး‌လေးလအတွင်း ကရင်ပြည်နယ်ထဲ၌ ဖြစ်ပွားခဲ့‌သော တိုက်ပွဲများနှင့် ရန်သူ့ ‌သေ‌ကြေဒဏ်ရာစာရင်းမှာ ရာနှင့်ချီ၍ ရှိ၏။ ‌သေဆုံးဒဏ်ရာရကြသူ‌တွေသည် ရန်သူ့လက်ကိုင်တုတ်‌တွေ ဖြစ်၏။ ရန်သူ့ထံက စွန့်ကြဲသမျှ အရိုးအရင်းကို ဝါးကာ တိုင်းရင်း သားပြည်သူတို့အ‌ပေါ် နှိပ်စက်ကလူ ရန်ပြု‌စော်ကား‌နေကြသူ‌တွေ ဖြစ်၏။ လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြ‌တောင်းဆို‌သော လူ ထုအ‌ပေါ် အနိုင့်အထက် ပြုကျင့်သတ်ဖြတ်တတ်‌သော်လည်း လက်နက်ချင်း ရင်ဆိုင်ရပြီဆို‌သောအခါ ၎င်းတို့ ထိမှာ နာမှာ ‌သေ‌ကြေမှာကို အလွန် ထိတ်လန့်စိုးရွံ့ကြ‌သော သူရဲ‌ဘော‌ကြောင်သူ‌တွေ ဖြစ်၏။

၎င်းတို့အား ထိ‌ရောက်စွာ လက်တုံ့ပြန်မှု မပြုနိုင်သမျှ ကာလပတ်လုံး ဗမာပြည်ကြီး ‌အေးချမ်းသာယာနိုင်လိမ့်မည် မဟုတ်‌ချေ။
အဖိနှိပ်ခံလူထုအား စစ်အုပ်စုက အဘယ့်‌ကြောင့် ပို၍ တိုး၍ ဖိနှိပ်သနည်း။ လူထုအ‌နေဖြင့် အ‌ကြောင်း‌ကြောင်းကိုငဲ့ကာ ၎င်း တို့စစ်အုပ်စုကို မတွန်းလှန်ရဲကြ‌သော‌ကြောင့် ဖြစ်၏။ လူထုအများစုအ‌နေဖြင့် ‌တော်လှန်‌ရေး အဖွဲ့အစည်းများနှင့် ၎င်းတို့စစ် အုပ်စုအကြား ဖြစ်ပွား‌နေ‌သော ပြဿနာများ၌ မိမိတို့နှင့် မဆိုင်သလို မျက်နှာလွဲ‌နေခဲ့ရာ ယခု‌တော့ ၎င်းတို့မြှားဦးသည် လူထု ဖက်သို့ တည့်တည့်မတ်မတ်ပင် လှည့်လာခဲ့ပြီ ဖြစ်‌လေသည်။

အမျိုးသား အမျိုးသမီး လူငယ်လူရွယ်များကို မ‌ရေရာ‌သော နှစ်အကန့်အသတ်များဖြင့် စစ်သား စစ်သမီး မလုပ်မ‌နေရ လုပ်ခိုင်း မည့်ကိစ္စ။ ၎င်းတို့ကို မတိုက်ရဲလျှင် ၎င်းတို့အမိန့်‌အောက်မှ‌နေ၍ ၎င်းတို့အတွက် တိုက်‌ပေးကြရ‌ပေလိမ့်မည်။ ‌လော‌လောဆယ် တွင် အ‌ရေးတကြီး တွန်းလှန်တိုက်ခိက်ဖို့ရန် မည်သည့် ပြည်ပရန်စွယ် အန္တရာယ်မျှ မရှိ။ ငါးကြင်းဆီနှင့် ငါးကြင်း‌ကြော်သည့် နှယ် တိုင်းရင်းသား ပြည်သူလူထုအ‌ပေါ် ဆထက်ထမ်းပိုး တိုး၍ ဖိနှိပ်မည်ဖြစ်‌သော နယ်‌မြေ‌ဒေသ ကျူး‌ကျော်စစ်ပွဲများအတွင်း အသုံးချခြင်းကိုသာ မလွဲမ‌သွေ ခံကြရ‌တော့မည် ဖြစ်၏။

ပြီးခဲ့‌သော ဒီဇင်ဘာ၊ ဇန္နဝါရီလများမှစ၍ တူနီးရှား၊ အယ်လ်ဂျီးရီးယား၊ ‌ဂျော်ဒန်၊ ယီမင်၊ အီဂျစ်၊ ဆူဒန်တို့၌ ဖြစ်‌ပေါ်လျှက်ရှိ‌သော ဆန္ဒပြအုံကြွမှုများမှာ ‌ဖေ‌ဖော်ဝါရီလအတွင်း ပါလက်စတိုင်း၊ အီရတ်၊ ဘာရိန်း၊ အီရန်၊ လစ်ဗျား အပါအဝင် အ‌ရှေ့အလယ်ပိုင်း အာရပ်နိုင်ငံ အများအပြားသို့ ပျံ့နှံ့သွားခဲ့ပြီး နှစ်‌ပေါင်း နှစ်ဆယ်‌ကျော် သုံးဆယ်‌ကျော် အုပ်ချုပ်‌နေသည့် နိုင်ငံ‌ခေါင်း‌ဆောင်များ ကို တဦးပြီးတဦး ပြုတ်ကျ‌စေခဲ့သည်။ အနှစ်နှစ်အလလ အုပ်ချုပ်ခဲ့‌သော အာဏာရှင်များ ပြုတ်ကျကုန်ကြ‌ကြောင်း ကြားသိရ သည်မှာ နိုင်ငံအသီးသီးမှ ‌တော်လှန်‌ရေးသမားများအဖို့ နှစ်‌ထောင်းအားရဖွယ် ဖြစ်သည်။ လူထုကို ပြန်လည် အကြမ်းဖက် နှိပ် ကွပ်သတ်ဖြတ်သူ အာဏာရှင်များရှိ‌သော်လည်း ကမ္ဘာ့နိုင်ငံကြီးများ၏ ဖိအား‌ကြောင့် တာရှည် မလုပ်နိုင်ကြ။ ဆန္ဒပြမှုများမှာ သိပ်မကြာလိုက်‌သော ရက်များအတွင်းမှာပင် ‌အောင်မြင်မှု ရခဲ့သည်ချည်း ဖြစ်သည်။ အချို့နိုင်ငံများ၌ စစ်တပ်က လူထုဘက် က ရပ်တည်လိုက်ကြ‌သော‌ကြောင့်လည်း ‌အောင်မြင်ခဲ့ကြခြင်း ဖြစ်သည်။

ဗမာပြည်တွင်းလည်း စစ်အုပ်စု၏လုပ်ရပ်ကို မ‌ကျေနပ်‌သော တပ်မ‌တော်သား‌ကောင်းများ ရှိ‌နေသည်။ ပီပြင်အားကိုး‌လောက် ‌သော ဦး‌ဆောင်မှုနှင့် လူထု အုံကြွလာမည့်အချိန်ကို ‌စောင့်စားလျှက်ရှိသည်။ လူထုသည်လည်း ပီပြင်‌သော ဦး‌ဆောင်မှု‌နောက် သို့လို်က်ရန် အသင့်ရှိ‌နေပြီ ဖြစ်သည်။ ပြည်တွင်းပြည်ပ အနယ်နယ် အရပ်ရပ်သို့ စစ်အုပ်စုက ‌စေလွှတ်ထား‌သော သူလျှို ဒလံ များက လူထုအုံကြွမှု မဖြစ်‌စေ‌ရေး၊ “လူထုက အ တဲ့သူ‌တွေ မဟုတ်ဘူး။ ရှစ်‌လေးလုံးတို့ ‌ရွှေဝါ‌ရောင်တို့တုန်းကလို လမ်း‌ပေါ် ထွက်‌တော့မှာ မဟုတ်ဘူး”ဟူ‌သော အ‌ပြောအဆိုမျိုးများဖြင့် လူထုကို ‌တွေ‌ဝေ‌အောင်၊ အချင်းချင်း မယုံကြည်ရ‌အောင် မှိုင်း တိုက်ခြင်းများကိုလည်း သိမြင်လာကြပြီ ဖြစ်သည်။ တပ်‌ကော ပြည်သူ‌ကော တိုင်းရင်းသားများပါ ‌လေးစားယုံကြည်မှု ရှိကြ သည့် ‌ခေါင်း‌ဆောင်‌တွေက အချက်‌ပေးလိုက်လျှင် တိုင်းပြည်လွတ်‌မြောက်‌ရေးအတွက် ကျရာ‌နေရာမှ တိုက်ပွဲဝင် လှုပ်ရှားကြ မည်သူ‌တွေ ဗမာပြည် အနှံ့အပြားမှာ ရှိ‌နေပြီ ဖြစ်သည်။ လူထုသည် အချိန်ကို‌စောင့်‌နေ‌သော်လည်း သိပ်ကြာကြာ‌တော့ ‌စောင့် နိုင်‌တော့မည် မဟုတ်‌ချေ။

‌လော‌လောဆယ်တွင် လူထုအ‌နေဖြင့် ‌တော်လှန်‌ရေးအင်အားစုများ ယခုလို တိုက်ပွဲဝင်‌နေသည့်အချိန်၌ တိုင်းရင်းသားပြည်သူ အားလုံး လွတ်‌မြောက်‌ရေးအတွက် စွမ်းအားမြှင့်စစ်သည်များ၊ ဒီမိုကရက်တစ် ‌ကျောင်းသားတပ်မ‌တော်များနည်းတူ တိုင်းရင်း သားအင်အားစုများနှင့် တက်ညီလက်ညီ ပူး‌ပေါင်းလျက် မိမိတို့ကျွမ်းကျင်ရာ ကဏ္ဍအသီးသီးမှ အားဖြည့်ပါဝင်နိုင်ကြမည် ဖြစ် သည်။

၁၉၉၃-၉၄ခုနှစ်တုန်းက ‌ရေးခဲ့‌သော ‌တောင်ပံတစ်ဖက်နှင့် ချိုးငှက်တစ်‌ကောင် သီချင်းမှာ ‌ရေရှည်တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်း ‌ရေးအတွက် ဗမာပြည် စစ်အုပ်စုအား ‌ဒေါ်‌အောင်ဆန်းစုကြည် ‌ခေါင်း‌ဆောင်‌သော ဒီမိုကရက်တစ် အဖွဲ့အစည်းများနှင့် ‌တော် လှန်‌သော တိုင်းရင်းသား အဖွဲ့အစည်းများကို ‌တွေ့ဆုံ‌ဆွေး‌နွေးရန် တဖက်သတ် ကမ်းလှမ်းခဲ့သည့် သီချင်းဖြစ်သည်။ အ‌တောင်ဆိုသည်မှာ နှစ်ဖက်စုံခတ်နိုင်မှ ‌ကောင်းမွန်စွာ ပျံနိုင်မည် ဖြစ်သည်။ စစ်အုပ်စုဘက်က သ‌ဘောထား ညီညွှတ်‌ပြေ လည်စွာ ‌ဆွေး‌နွေးညှိနှိုင်းလိုမှုမရှိသည့် အ‌နေအထား၌ ငြိမ်းချမ်း‌ရေး ချိုးငှက်မှာ အ‌တောင်တစ်ဖက်တည်းဖြင့် ပျံသန်း၍ မရခဲ့ ‌ချေ။

ယခု ၂၀၁၀-၁၁ခုနှစ်တွင်လည်း ‌တော်လှန်‌ရေး အဖွဲ့အစည်းများ၏ အ‌ခြေအ‌နေမှာ ‌တောင်ပံတစ်ဖက်သာရှိ‌သော ချိုးငှက်လို ဖြစ်‌နေသည်။ စစ်မှန်‌သော ငြိမ်းချမ်း‌ရေးသည် ရန်သူကို တိုက်ခိုက်‌အောင်မြင်မှသာလျှင် ရရှိနိုင်မည့်ကိစ္စ ဖြစ်၏။ လက်ရှိ အ‌နေ အထား၌ ရန်သူကို တိုက်ခိုက်ရာတွင် ‌တော်လှန်‌ရေး အဖွဲ့အစည်းများသက်သက်ဖြင့် ‌အောင်ပွဲခံနိုင်မည် မဟုတ်‌ချေ။ စစ်တပ် တွင်းမှ အုံကြွတွန်းလှန်ရန် အရှိန်ယူ‌နေကြသည့် လူထုဘက်သား တပ်မ‌တော်သားများသက်သက်ဖြင့်လည်း ‌အောင်ပွဲရနိုင်မည် မဟုတ်။ လူထု၏ ‌ပေါင်းစည်းပါဝင်မှု အခန်းကဏ္ဍမှာ အ‌ရေးကြီး၏။ ‌တော်လှန်‌ရေးအဖွဲ့‌တွေ‌ကော လူထုဘက်သား တပ်မ‌တော် သား‌တွေ‌ကော တိုင်းရင်းသားပြည်သူလူထုပါ ညီညီညာညာရုန်းပါမှ အာဏာရူးစစ်အုပ်စု၏ ဖိနှိပ်မှု‌အောက်မှ လွတ်‌မြောက်နိုင် မည်ဖြစ်ပြီး လူထုလိုလား‌သော ‌တောင်ပံစုံ ငြိမ်းချမ်း‌ရေးချိုးငှက်သည်လည်း ဗမာပြည်တဝှမ်း တကယ်တမ်း ပျံသန်းနိုင်‌ပေလိမ့် မည်။