Home ထိပ်တန်းသတင်း တိုက်ပွဲအတွင်း နအဖတပ်မှ က‌လေးစစ်သားအများစု ‌သေဆုံးခဲ့

တိုက်ပွဲအတွင်း နအဖတပ်မှ က‌လေးစစ်သားအများစု ‌သေဆုံးခဲ့

2155
ဇန်နဝါရီလ ၁၁ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌ဝေါ်‌လေ‌ဒေသတွင် နအဖနှင့် ကရင်တပ်ဖွဲ့ဝင်များအကြား ‌နေ့စဉ် ဖြစ်ပွား‌နေသည့် တိုက်ပွဲများ၌ နအဖဘက်က ထိခိုက်‌သေဆုံးသူများထဲတွင် အများစုမှာ က‌လေးစစ်သားများဖြစ်ကြသည်ဟု ယမန်‌နေ့က KNU ထံသို့ ထွက်‌ပြေး‌ရောက်ရှိလာ သည့် နအဖ က‌လေးစစ်သားတဦးက ထုတ်‌ဖော်‌ပြောဆိုသည်။

အသက် ၁၇နှစ်အရွယ် တပ်သား ‌အောင်ကိုလင်းသည် နအဖ စကခ(၈) လက်‌အောက်ခံ ခမရ(၄၀၉)တပ်ရင်းမှဖြစ်ပြီး ယခုလ ၇ရက်‌နေ့ မနက် ၄နာရီတွင် ၎င်း၏တပ်စခန်းမှ ထွက်‌ပြေးကာ KNU တပ်ရင်း(၁၀၁) ထံသို့ ယမန်‌နေ့က ‌ရောက်ရှိလာခြင်းဖြစ်ပြီး ယခုလပိုင်းအတွင်း နအဖနှင့် ကရင်တပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲများ၌ ၎င်းကိုယ်တိုင်‌တွေ့ကြုံခဲ့ရမှုများကို ပြန် လည်‌ပြောပြခဲ့သည်။

၎င်းက “ကျ‌နော်တို့တပ်ဖွဲ့‌တွေ အပစ်ခံရပြီဆိုရင် အရင်ဆုံး‌သေတာ ကျ‌နော့်အရွယ်လို စစ်သား‌တွေပါပဲ။ တ‌ခေါက်က ဆွဲမိုင်း ‌တွေနဲ့ ကျ‌နော်တို့စစ်‌ကြောင်း ဝိုင်းပစ်ခံရတယ်။ တခါတည်း အ‌ယောက် ၂၀‌ကျော်‌လောက် ထိတယ်။ ‌ခြေပြတ်လက်ပြတ်၊ ရုပ် ပျက်ဆင်းပျက်တဲ့လူ‌တွေလည်းရှိသလို တချို့‌ကောင်‌တွေ နှစ်ပိုင်း၊ သုံးပိုင်း ပြတ်သွားတဲ့လူ‌တွေလည်း ရှိတယ်။ အထူးသဖြင့် က‌လေးစစ်သား‌တွေပါ။ ကျ‌နော်လည်း နည်းနည်းထိတယ်။”ဟု ‌ပြောသည်။

ထိုတိုက်ပွဲများအတွင်း ပွဲချင်းပြီး ‌သေဆုံးသွားခဲ့သည့် စစ်သည်များရှိသလို အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအတွက် လည်း ‌ဆေးဝါးအလုံအ‌လောက်မရှိ‌သော‌ကြောင့် ဒဏ်ရာများကို ဖြစ်သလိုကုသရပြီး တပ်တွင်းရိက္ခာ ပြတ်လပ်မှုများ‌ကြောင့် ထွက်‌ပြေးလာရခြင်းဖြစ်‌ကြောင်း တိုက်ပွဲ‌ပေါင်း ၁ဝခု‌ကျော် ‌တွေ့ကြုံခဲ့ရသူ ‌အောင်ကိုလင်းက ဆိုသည်။

“စခန်းထဲမှာ ရိက္ခာကုန်တာ‌ပေါ့‌နော်။ အထက်ကလည်း ရိက္ခာလာမချ‌ပေးဘူး။ လူ‌တွေကလည်း ထင်ရာစိုင်းကြပြီး ရွာထဲဆင်း၊ ရွာသား‌တွေရဲ့ ဆန်ကို အတင်း‌တောင်းယူစားတယ်။ မရရင် ‌ပေါ်တာဆွဲတယ်။ အဲလို ကိုယ်ထင်ရာကိုယ်စိုင်း‌နေတဲ့ တပ်ရင်းမှာ မ‌နေချင်‌တော့ဘူး။ စိတ်ကလည်း ကျဉ်းကြပ်‌တော့ ထွက်‌ပြေးလာတယ်။ တပ်ထဲမှာ‌တော့ ကျ‌နော့်အရွယ်တပ်သား‌တွေ ၂ဝ ‌ကျော် ရှိတယ်။ သူတို့လည်း အများစုက ထွက်‌ပြေးချင်‌နေကြတယ်။”ဟု ‌ပြောသည်။

စစ်သားအဖြစ် အဓမ္မ စု‌ဆောင်းခံရသူ စစ်သက်တမ်း ၂နှစ်ရှိ တပ်သား‌အောင်ကိုလင်းသည် ပြီးခဲ့သည့် ၂၀၁ဝခုနှစ်၊ ဒီဇင်ဘာလ ၂၂ရက်‌နေ့က ‌ဝေါ်‌လေ‌ကျေးရွာ၌ ဖြစ်ပွားခဲ့သည့် မုဒိမ်းလူသတ်မှုမှာ ၎င်းတို့တပ်ရင်းမှ တပ်ကြပ်ကြီးစိုးသန်းနှင့် သူ၏တပည့် ၃ဦးတို့၏ လုပ်ရပ်ဖြစ်‌ကြောင်း ‌အောင်ကိုလင်းက ယခုလို ‌ပြောသည်။

“သူတို့လမ်းမှာ ထိပ်တိုက်‌တွေ့‌တော့ ကုပ်ဆွဲလိုက်တယ်။ ဆရာကြီးစိုးသန်းက ပထမ လုပ်တာ‌ပေါ့။ သူက တ‌ယောက်‌ပေါ့‌နော်။ သူ့‌နောက်လိုက်တပည့် ၃‌ယောက်က‌တော့ အခြားတ‌ယောက်ကို‌ပေါ့။ ဆရာကြီးလုပ်တဲ့အမျိုးသမီးကို‌တော့ ‌ခေါင်းဖြတ်ပြီး သတ် ပစ်လိုက်တယ်။ သူ့တပည့်‌တွေ လုပ်တဲ့တ‌ယောက်က‌တော့ ဒီအတိုင်းပဲ သတ်လိုက်တယ်။”ဟု ‌ပြောသည်။

‌ဝေါ်‌လေ‌ဒေသတွင် လှုပ်ရှား‌နေသည့် နအဖတပ်ရင်းများ၏ အ‌ခြေချရာ စခန်းပတ်ပတ်လည်တွင် ကရင်အမျိုးသားလွတ်‌မြောက် ‌ရေးတပ်မ‌တော် KNLA၊ တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် DKBA၊ ဗမာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသား တပ်မ‌တော် ABSDF တပ်ဖွဲ့ဝင်များ၏ ဝိုင်းရံထားမှု‌ကြောင့် ရိက္ခာပြတ်လပ်သည့်ပြဿနာများ ကြုံ‌တွေ့‌နေရသည့်အ‌ပေါ် တပ် မှူးတပ်သားများမှာ ၎င်းတို့တပ်တွင်းမှ မကြာခဏ ထွက်‌ပြေးလျှက်ရှိသည်။