Home ထိပ်တန်းသတင်း တံတားကျိုးတွင် ဆွဲမိုင်း‌ကြောင့် လူ ၈ဦး ထိခိုက်မှုရှိ

တံတားကျိုးတွင် ဆွဲမိုင်း‌ကြောင့် လူ ၈ဦး ထိခိုက်မှုရှိ

1608
ဇန်နဝါရီလ ၇ရက်။ (‌ကေအိုင်စီ)

‌ကော့ကရိတ်-မြဝတီကားလမ်း တံတားကျိုး‌နေရာတွင် ယ‌နေ့ မွန်းလွဲပိုင်း၌ ဆွဲမိုင်းထိ၍ လူ ၈ဦး ထိခိုက်ဒဏ်ရာရရှိသွား ‌ကြောင်း သိရသည်။

အဆိုပါ ဆွဲမိုင်းသည် တံတားကျိုး‌နေရာတွင် တက်လာသည့် စစ်ကားတန်းကို တိုက်ခိုက်ဟန်ရှိပြီး စစ်ကားများ လွန်သွားချိန်မှ မိုင်း‌ပေါက်ကွဲသည့်အတွက် ‌ခေတ္တ ရပ်တန့်ထားသည့် ခရီးသည်တင် ဟိုင်းလက် ကားတစီးကို ထိမှန်ကာ ကား‌ပေါ်ပါသူ ၇ဦးနှင့် ဆိုင်ကယ်သမား ၁ဦး ထိခိုက်သွားခြင်းဖြစ်သည်။

“ဆွဲမိုင်းက‌တော့ စစ်ကားတန်းလွန်သွားမှ ထ‌ပေါက်‌တော့ အဲဒီမှာ ရပ်ထားတဲ့ ခရီးသည်တင်ကားထဲက ဟိုင်းလက်ကားတစီးကို သွားထိတယ်။ ကား‌ပေါ်က ခရီးသည် ၇‌ယောက်နဲ့ မြဝတီက ဆင်းသွားတဲ့ ဆိုင်ကယ်သမား ၁‌ယောက်‌တော့ ထိသွားတယ်။ ခရီးသည်‌တွေက နည်းနည်းပွန်းပဲ့ရုံပါပဲ။ ဆိုင်ကယ်သမားက‌တော့ နည်းနည်းပြင်းတယ်။ သူ့ကို မြဝတီ‌ဆေးရုံမှာ တင်ထား တယ်။”ဟု ကုန်သည်တဦးက ‌ပြောသည်။

ယင်းတိုက်ခိုက်မှုမှာ မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ဟု တပ်အပ်‌ပြောဆိုနိုင်ခြင်း မရှိ‌သေး‌သော်လည်း ‌တောင် ‌ပေါ်လမ်းအတိုင်း တက်လာသည့် စစ်ယာဉ်တန်းကို ပစ်မှတ်ထားခြင်းဖြစ်နိုင်‌ကြောင်း ‌ဝေဖန်‌ပြောဆိုမှုများ ထွက်‌ပေါ်‌နေသည်။