Home ထိပ်တန်းသတင်း ‌ရွေး‌ကောက်ပွဲမတိုင်ခင် လူထုအတွင်း စစ်တပ်၏ ‌စောင့်ကြည့်မှုခံရ

‌ရွေး‌ကောက်ပွဲမတိုင်ခင် လူထုအတွင်း စစ်တပ်၏ ‌စောင့်ကြည့်မှုခံရ

1635
ဩဂုတ်လ ၃ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

ကရင်ပြည်နယ်‌နေရာ အ‌တော်များများတွင် နအဖ စစ်အစိုးရတပ်များသည် လာမည့် ‌ရွေး‌ကောက်ပွဲမတိုင်ခင် ၎င်းတို့ထိန်းချုပ်မှု ‌အောက်ရှိ လူထုများကို သွားလာလှုပ်ရှားမှုများကို ဇူလိုင်လဆန်းပိုင်းမှစ၍ ‌နေ့စဉ် ‌စောင့်ကြည့်လျှက်ရှိသည်ဟု ‌ဒေသခံများက ‌ပြောသည်။

သထုံ၊ ‌တောင်ငူ၊ ‌ညောင်‌လေးပင်နှင့် ဖာပွန်ခရိုင်များအတွင်း အ‌ခြေစိုက် လှုပ်ရှား‌နေ‌သော နအဖ တပ်ဖွဲ့ဝင်များသည် ‌ဒေသခံလူထု များ ၎င်းတို့၏ ‌ကျေးရွာမှ အပြင်သို့ သွားလာခြင်းကို အမျိုးမျိုး ပိတ်ပင်တားဆီးကာ သွားလာ‌နေသူများကို စစ်‌ဆေး‌မေးမြန်းခြင်း၊ အိမ်‌ထောင်စုစာရင်း၊ မိဘအမည် စာရင်းမှတ်ယူခြင်း၊ ‌ငွေ‌ကြေး‌တောင်းခံခြင်းများကို ယခုလဆန်းကတည်းက စတင် လုပ်‌ဆောင် လာသည်ဟု သိရသည်။

ဖာပွန်ခရိုင်ရှိ မြို့နယ်များအတွင်း ‌နေထိုင်သည့် ‌ဒေသခံလူထုသည် ၎င်းတို့၏ စားဝတ်‌နေ‌ရေးအတွက် အလုပ်ရှာ‌ဖွေရန် သွားလာ ရာတွင် နအဖ လှုပ်ရှားတပ်များက နည်းလမ်းမျိုးစုံဖြင့် တားဆီးပိတ်ပင်သည့်အပြင် လူထုထံမှ ‌ငွေညှစ်‌တောင်းခံနိုင်ရန် အမြဲလိုလို ရှာကြံလုပ်‌ဆောင်‌နေ‌ကြောင်း ဖာပွန်နယ်ခံတဦးက ‌ပြောသည်။

သူက “ကျ‌နော်တို့ ဖာပွန်ခရိုင်မှာ အထူးသဖြင့် ဒွယ်လိုးမြို့နယ်က ကွီးတမာ့၊ ‌ဝေါ်မူနဲ့ မာ‌လေးလယ့်ဂွင်‌တွေမှာ အခုချိန်ဆို ရွာသား ‌တွေ တ‌နေရာရာ သွားလာရင် သူတို့(စစ်တပ်)ဆီမှာ လက်မှတ်‌ရေးပြီးမှ သွားလို့ရတယ်။ သူတို့သတ်မှတ်တဲ့အတိုင်းလည်း ပိုက်ဆံ ‌ပေးရတယ်။ အဲလိုမျိုးသွားရင်‌တောင်မှ အချိန်နဲ့။ မနက် ၆နာရီက ည‌နေ ၄နာရီအတွင်းမှာပဲ ခွင့်ပြု‌ပေးတယ်။ အဲဒါ‌ကြောင့် ရွာသား ‌တွေဟာ သွားလာလုပ်ကိုင် စား‌သောက်ဖို့ အရမ်းခက်ခဲလာတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

“ဒီ့အပြင် ရွာသူရွာသား‌တွေ ဘယ်‌နေရာ‌တွေကိုပဲသွားသွား နအဖ တပ်‌တွေက သူတို့လူ‌တွေကိုလွှတ်ပြီး သွားလာ‌နေတဲ့ ရွာသူရွာ သား‌တွေဆီမှာ ‌ငွေ‌တောင်းတာ၊ ‌ငွေညစ်တာ‌တွေ လုပ်တာရှိတယ်။ ဒီလိုမျိုးလုပ်ရပ်‌တွေ သူတို့အ‌ခြေချတဲ့ ‌နေရာတိုင်းမှာ ရှိ‌နေ တယ်။”ဟု ၎င်းဖာပွန်သားကပင် ဆက်‌ပြောသည်။

အလားတူ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ နအဖ ခလရ(၉)တပ်ဖွဲ့ဝင်များသည် ပြီးခဲ့‌သော ဇူလိုင်လ ၂၅ရက်‌နေ့မှစ၍ ယခုချိန်အထိ ဝင်း‌ရောဂွင်၌ ဝင်ထွက်သွားလာ‌နေသည့် ‌ဒေသခံလူထုများကို စစ်‌ဆေး‌မေးမြန်းမှုများ လုပ်‌ဆောင်လျှက်ရှိပြီး တ‌နေရာရာသို့် သွား လာရန်ရှိပါက ခရီးသွား ‌ထောက်ခံစာ၊ မှတ်ပုံတင်၊ အိမ်နံပါတ်၊ နာမည်၊ အသက်၊ မိဘအမည်၊ ‌နေရပ်စသည်တို့ကို ယူ‌ဆောင်သွား ရသည့်အပြင် တစ်ဦးလျှင် ၅၀ဝကျပ်စီ ‌တောင်းသည်ဟု ‌ဒေသခံများက ‌ပြောသည်။

၎င်းအပြင် ‌တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင်လည်း နအဖ ခလရ (၇၃)နှင့် စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ(၇) လက်‌အောက်ခံ တပ်ရင်းတပ်ဖွဲ့ဝင်များ ပူး‌ပေါင်းကာ ဇူလိုင်လကုန်တွင် ပြင်ကားနှင့် ‌လေး‌တော‌ကျေးရွာရှိ ရွာသူရွာသားများကို ဓါတ်ပုံရိုက်ယူပြီး အိမ်‌ထောင်စုစာရင်းများကိုလည်း ‌ကောက်ယူခဲ့‌ကြောင်း ‌ကေအဲန်ယူ၏ သတင်းမှတ်တမ်းများတွင် ‌ဖော်ပြထားသည်။

ထိုနည်းတူ ကရင်လူထု ‌နေထိုင်ရာ ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်အတွင်း ရပ်ကွက်အတွင်းဖြစ်‌စေ၊ ‌ကျေးရွာအတွင်းဖြစ်‌စေ လူ တစ်ဦးချင်း၏ အဝင်အထွက်ကို ဇွန်လ ၁၂ရက်ကတည်းက အချိန်ပြည့် ‌စောင့်ကြည့်မှုများမှာ ယခုအချိန်ထိ ရှိ‌နေသည်ဟု ဝါးခယ်မ မြို့ခံတစ်ဦးက ယခုလို ‌ပြောသည်။

သူက “ကျ‌နော်တို့ ဝါးခယ်မမြို့နယ်ဘက်မှာလည်း လူထု‌တွေ ကိုယ့်‌နေရာက‌နေ ဝင်တာ၊ ထွက်တာ‌တွေကို ‌စောင့်ကြည့်‌နေတာ ‌တွေ ရှိတယ်။ ဇွန်လ ၁၂ရက်က အခုချိန်ထိပဲ။ တကယ်လို့ တစ်‌ယောက်‌ယောက်က သူ့‌နေရာမှာ မရှိရင် ‌ငွေကျပ် ၁၂၀၀‌ပေးရ တယ်။ အထူးသဖြင့် မြို့နယ်ထဲက တရုတ်တန်းရပ်ကွက်၊ တရုတ်‌ချောင်းရွာ၊ ‌တောင်းဦး‌ချောင်းပြ အဲဒီရွာ‌တွေမှာ‌ပေါ့။”ဟု ‌ကေအိုင် စီကို ‌ပြောသည်။

စစ်အစိုးရတပ်များ၏ ယင်းလုပ်ရပ်များကို မည်သည့်အတွက်‌ကြောင့် လုပ်‌ဆောင်‌နေသည်ကို လူထုထံ အသိမ‌ပေး‌သော်လည်း ၂၀၀၈ ခုနှစ်က ၎င်းတို့ ‌ရေးဆွဲထားသည့် ဖွဲ့စည်းပုံအ‌ခြေခံ ဥပ‌ဒေကို အတည်ပြု‌ရေးအတွက် လူထုဆန္ဒခံယူပွဲ မကျင်းပခင် အလား တူ လုပ်‌ဆောင်မှုမျိုး ပြုလုပ်ခဲ့‌ကြောင်း သိရသည်။