Home ထိပ်တန်းသတင်း ၂၀၁၀‌ရွေး‌ကောက်ပွဲကို ဆန့်ကျင်‌ကြောင်း ကရင်အမျိုးသား စည်းလုံးညီညွှတ်‌ရေး နှီး‌နှောဖလှယ်ပွဲမှ ‌ကြေညာချက်ထုတ်ပြန်

၂၀၁၀‌ရွေး‌ကောက်ပွဲကို ဆန့်ကျင်‌ကြောင်း ကရင်အမျိုးသား စည်းလုံးညီညွှတ်‌ရေး နှီး‌နှောဖလှယ်ပွဲမှ ‌ကြေညာချက်ထုတ်ပြန်

1649
‌မေလ ၂၄ရက်။ ‌ကေအိုင်စီ

နအဖ စစ်အစိုးရမှ ကျင်းပမည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲသည် စစ်အာဏာရှင်စနစ် တရားဝင် သက်ဆိုးရှည်‌ရေးအတွက်သာဖြစ်ပြီး တိုင်းရင်းသားလူမျိုးစုများ၏ အကျိုးစီးပွားမပါဝင်သည့်အတွက် ဆန့်ကျင်ရှုတ်ချ‌ကြောင်း (၇)အကြိမ်‌မြောက် ကရင်အမျိုးသား စည်းလုံးညီညွှတ်‌ရေး နှီး‌နှောဖလှယ်ပွဲက ‌မေလ ၂၁ရက်‌နေ့တွင် ‌ကြေညာချက် ထုတ်ပြန်ခဲ့သည်။

‌မေလ ၁၇ရက်‌နေ့မှ ၂၁ရက်‌နေ့အထိ ကရင့်‌တော်လှန်‌ရေး နယ်‌မြေတ‌နေရာတွင် ပြုလုပ်ခဲ့သည့် အဆိုပါ နှီး‌နှောဖလှယ်ပွဲ၌ လက်ရှိ နိုင်ငံ‌ရေးအ‌ခြေအ‌နေနှင့် အမျိုးသားစည်းလုံးညီညွှတ်‌ရေးတို့အတွက် အ‌ကောင်အထည်‌ဖော်မည့် လုပ်ငန်းစဉ်များချမှတ် ခဲ့‌ကြောင်း နှီး‌နှောဖလှယ်ပွဲ တက်‌ရောက်ခဲ့သူ ဩစ‌တြေးလျားကရင်အဖွဲ့အစည်း (‌အေ‌ကေအို) ဥက္ကဌ ‌စောလွင်ဦးက ယခုလို ‌ပြောသည်။

(၇)ကြိမ်‌မြောက် ကရင်အမျိုးသား စည်းလုံးညီညွှတ်‌ရေး နှီး‌နှောဖလှယ်ပွဲ

“ကရင်အမျိုးသား စည်းလုံးညီညွှတ်‌ရေးကို တည်‌ဆောက်တဲ့‌နေရာမှာ အမျိုးသားတန်းတူ‌ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိ‌ရေး၊ ဒီမို က‌ရေစီ‌ရေးနဲ့ ပြည်နယ်‌ပေါင်းစု ဖယ်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေးဆိုတဲ့ နိုင်ငံ‌ရေး ဦးတည်ချက်‌တွေကို အ‌ခြေခံပြီး ‌ကေအဲန်ယူ ဦး‌ဆောင်တဲ့ ကရင့်‌တော်လှန်‌ရေး ‌အောင်ပွဲရတဲ့အထိ ဝိုင်းဝန်းပါဝင်လုပ်‌ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အမျိုး သား‌ရေးမှာ ဒီမိုက‌ရေစီကျတဲ့ လွတ်လပ်မှု၊ တန်းတူမှု‌တွေမှာ အ‌ခြေခံပြီး တည်‌ဆောက်မှ အမျိုးသား စည်းလုံးညီညွှတ်‌ရေးက ပြည့်စုံနိုင်မယ်”ဟု ဆိုသည်။

အဆိုပါ နှီး‌နှောဖလှယ်ပွဲတွင် ကရင်ပြည်နယ်နှင့် တိုင်းရင်းသား‌ဒေသများတွင် နအဖ၏ လူသားများအ‌ပေါ် စစ်ရာဇဝတ်မှု ကျူး လွန်မှုများနှင့် စစ်အစိုးရ၏ ထိုးစစ်ဆင်မှု‌ကြောင့် မြန်မာနိုင်ငံ အ‌ရှေ့ဖက်ခြမ်းတွင် အိုးအိမ်စွန့်ခွာ‌နေရသည့် ပြည်တွင်းဌာ‌နေမဲ့ ကရင်ဒုက္ခသည်များအတွက် နယ်စပ်ဖြတ်‌ကျော်ကူညီမှုများနှင့် နယ်စပ်‌ဒေသရှိ ဒုက္ခသည်များအား လိုအပ်သည့် လူမှု‌ရေး ‌ထောက်ပံ့မှုများကို လုပ်‌ဆောင်သွားရန်ကိုလည်း ‌တောင်းဆိုခဲ့ကြသည်၊

‌အေ‌ကေအို ဥက္ကဌ ‌စောလွင်ဦးက “မြန်မာနိုင်ငံအ‌ရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂကလည်း သူတို့ရဲ့ အ‌ထွေ‌ထွေ ညီလာခံမှာ သုံးပွင့်ဆိုင် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး‌ပေါ်လစီကို ဆုံးဖြတ်ချက်ချထားတဲ့အတွက် ဒါကို အ‌ကောင်အထည်‌ဖော် ဝိုင်းဝန်းလုပ်‌ဆောင် သွားဖို့ကိုလည်း ယူအဲန်နဲ့ International Communities ကို ‌တောင်းဆိုထားပါတယ်။”ဟု ထပ်မံ ‌ပြောဆိုသည်။

၎င်းအပြင် ကရင်မျိုးဆက်သစ်လူငယ်များ နိုင်ငံ‌ရေးတွင် ပိုမိုနိုးကြားတက်ကြွရန်နှင့် လူငယ်‌ခေါင်း‌ဆောင်‌ကောင်းများ အဆက်မ ပြတ် ‌ပေါ်ထွန်းလာ‌ရေးအတွက် ‌ရေရှည် နိုင်ငံ‌ရေးသင်တန်း‌ကျောင်း ဖွင့်လှစ်သွားရန်နှင့် ပိုးကရင်စာ‌ပေကို ယခင်ပို၍ ကျယ်ပြန့် စွာ သင်ကြားပို့ချသွားရန်လည်း ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။

နှီး‌နှောဖလှယ်ပွဲ တက်‌ရောက်ခဲ့သူ ‌စောသူးကဘီးက “ကရင်လူမျိုးအချင်းချင်းကြားက မစည်းလုံးခဲ့မှု‌တွေကို နအဖက နိုင်ငံ‌ရေး အမြတ်ထုတ်ပြီး ဖြိုခွဲခဲ့တယ်။ ဒါကို ဘာသာစွဲ၊ မျိုးနွယ်စွဲမထားဘဲ မျက်နှာချင်းဆိုင် ‌ဆွေး‌နွေး‌ပြောဆိုမှု‌တွေ လုပ်သွားနိုင်မယ်ဆို ရင် အမျိုးသား စည်းလုံးမှုကို တည်‌ဆောက်နိုင်ရုံတင်မက ဖိနှိပ်ခံ‌နေရတဲ့ အမျိုးသားလွတ်‌မြောက်‌ရေးအတွက်ပါ ‌အောင်ပွဲခံနိုင် မှာပါ”ဟု ဆိုသည်။

ငါးရက်တိုင် ကျင်းပခဲ့သည့် (၇)ကြိမ်‌မြောက် ကရင်အမျိုးသား စည်းလုံးညီညွှတ်‌ရေး နှီး‌နှောဖလှယ်ပွဲသို့ ပြည်တွင်းပြည်ပရှိ ကရင်အဖွဲ့အစည်း ၃၇ဖွဲ့မှ ကိုယ်စားလှယ်များနှင့် ‌လေ့လာသူ စုစု‌ပေါင်း ၁၀၃ဦး တက်‌ရောက်ခဲ့ကြသည်။