Home ထိပ်တန်းသတင်း မြဝတီမြို့တွင် ဗုံးတလုံး‌ပေါက်ကွဲ (၁)ဦး ဒဏ်ရာရရှိ

မြဝတီမြို့တွင် ဗုံးတလုံး‌ပေါက်ကွဲ (၁)ဦး ဒဏ်ရာရရှိ

1670
‌မေလ ၇။ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့၌ ယ‌နေ့မနက် (၁)နာရီ‌ကျော်တွင် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ ‌ကေဘီ‌အေ)တပ်ဖွဲ့ဝင်တဦး၏‌နေအိမ်၌ ဗုံးတလုံး‌ပေါက်ကွဲခဲ့ရာ အိမ်ရှင်မှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်ဟု မြို့ခံတဦးက ‌ပြောသည်။

မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက် ‌နေထိုင်သူ ဒီ‌ကေဘီ‌အေ တပ်မဟာ (၉၉၉) ဌာနချုပ်မှ တပ်စုမှူး ‌စောအစိုး(‌ခေါ်) ဗိုလ်‌နေစိုး၏ ‌နေအိမ်၌‌ပေါက်ကွဲခဲ့ရာ အိမ်ရှင်ဖြစ်သူမှာ ဒဏ်ရာရရှိပြီး မြဝတီ‌ဆေးရုံသို့ ညတွင်းချင်း ပို့‌ဆောင်လိုက်ရသည်ဟု ‌ဆွေမျိုး‌တော် စပ်သူတစ်ဦးက ‌ကေအိုင်စီကို ‌ပြောသည်။

“အချင်းချင်း မ‌ကျေမနပ်ဖြစ်ကြလို့ လုပ်ကြံတာဖြစ်မယ်။ ဗုံးက သစ်သားနဲ့ လုပ်ထားတဲ့ လက်လုပ်ဗုံးအမျိုးအစားပဲ။ အစိုးက တ ကိုယ်လုံးဒဏ်ရာနဲ့ဆို‌တော့ ‌ဆေးရုံကို တင်လိုက်ရတယ်။ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အ‌ခြေအ‌နေအထိ‌တော့ မရှိပါဘူး”ဟု ဆိုသည်။

ဗုံး‌ပေါက်ကွဲမှုအပြီး မနက်ပိုင်းတွင် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ရဲများ ‌ရောက်ရှိလာပြီး စစ်‌ဆေးမှုများ လုပ်‌ဆောင်ကာ ၎င်း ဗုံးသည် သစ်သားဖြင့် ပြုလုပ်ထား‌သော ချိန်ကိုက်ဗုံးဖြစ်‌ကြောင်း အတည်ပြုခဲ့သည်ဟု အဆိုပါပုဂ္ဂိုလ်က ‌ပြောသည်။

ယင်း‌ပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သူမည်ဝါလက်ချက်ဖြစ်‌ကြောင်းကို သက်ဆိုင်ရာ မြဝတီရဲများက ဆက်လက်စုံစမ်း‌နေဆဲ ဖြစ်‌ကြောင်း ဒီ‌ကေဘီ‌အေ အသိုင်းအဝိုင်းက ‌ပြောသည်။

ထို‌ပေါက်ကွဲမှုနှင့်ပတ်သက်၍ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-‌ကေအဲန်အဲလ်‌အေ တပ်ရင်း(၁၀၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး‌စော‌ဖောဒိုက “ဒီ‌ကေဘီ‌အေ တပ်ဖွဲ့အတွင်းမှာ နအဖစစ်အစိုးရရဲ့ နယ်ခြား‌စောင့်တပ်ကိစ္စကို လက်မခံနိုင်တဲ့အ ဖွဲ့ ရှိတယ်‌လေ။ အဲဒါကို နအဖက ကြားက‌နေ ဝင်ဆွပြီး ပြဿနာ‌ပေးတက်လိုက်တဲ့သ‌ဘောပဲ။ ဒါ ကရင်အချင်းချင်း ထင် ‌ယောင်ထင်မှားဖြစ်‌အောင် သက်သက် ဖန်တီးလိုက်တာ‌ပေါ့”ဟု ‌ပြောသည်။

မြဝတီမြို့တွင် လွန်ခဲ့သည့် နှစ်ရက်မှစ၍ စာတိုက်စသည့် ဌာနဆိုင်ရာ အစိုးရရုံးများတွင် ယခင်ကနှင့်မတူဘဲ ရဲများက လုံခြုံ ‌ရေးပုံစံမျိုးဖြင့် ‌စောင့်ကြပ်မှုများ ပြုလုပ်လာသည်ဟုလည်း ကုန်သည်တဦးက ဆိုသည်။