Home ထိပ်တန်းသတင်း ‌ရွှေတူးလုပ်ငန်း‌ကြောင့် လယ်ကွင်း ၈၅ကွင်း ပျက်စီး

‌ရွှေတူးလုပ်ငန်း‌ကြောင့် လယ်ကွင်း ၈၅ကွင်း ပျက်စီး

1634
‌မေလ ၂၆ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်နှင့် သထုံခရိုင်နယ်စပ်၌ တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ)တပ်ဖွဲ့ ၏ ‌ရွှေတူး‌ဖော်ခဲ့ခြင်း‌ကြောင့် ထို‌ဒေသတဝိုက်မှ ဧက ၄၀ဝရှိ လယ်ကွင်း ၈၅ကွင်း ပျက်စီးသွားခဲ့သည်ဟု သိရသည်။

‌ကေအဲန်ယူ ဖာပွန်ခရိုင်၊ စည်းရုံး‌ရေးဌာန အတွင်း‌ရေးမှူး ‌စောကလယ်‌စေးက “အဲဒီဂွင်က လယ်‌မြေ ၈၅ကွင်းဟာ ဧက ၄၀ဝ ရှိ တယ်။ ပျမ်းမျှခြင်းနဲ့တွက်ရင် ဒီလယ်ကွင်း‌တွေဟာ တဧကကို စပါး ၉တင်းထွက်‌တော့ ဧက ၄၀ဝဆိုရင် စပါးတင်း ၃,၆၀၀ဝ ထွက်တယ်။ အဲဒီက ထွက်ရှိတဲ့ စပါး‌တွေဟာ လူ‌ထောင်ဂဏန်းများစွာအတွက် ဖူလုံတယ်။ အခု ဒီလယ်‌တွေ ပျက်စီးကုန်‌တော့ ‌ဒေသခံ‌တွေ ဒီနှစ် ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်လာရမှာ ‌သေချာတယ်”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ဒီ‌ကေဘီ‌အေ တပ်ဖွဲ့သည် ၎င်းတို့ ‌ရွှေတူးသည့်‌နေရာသို့သွားမည့် လမ်းတစ်‌လျှောက် ကားလမ်း‌ဖောက်လုပ်ခဲ့သဖြင့် ‌ရွှေတူး‌နေ သည့် မယ်ကလဲ့‌လော်‌ချောင်း ကမ်းပါး‌ပေါ်တွင် စုပုံထား‌သော သဲ‌မြေများ‌ကြောင့် ‌ချောင်းနံ‌ဘေးရှိ လယ်ကွင်းနှင့် သွယ်ကာ ‌ဖောက်ထားသည့် ‌ရေ‌ပေးတူး‌မြောင်းများမှ ‌ရေမစီးဝင်နိုင်‌တော့ဘဲ ယခုလို လယ်ကွင်းများနှင့် ဥယျာဉ်ခြံများ ပျက်စီးရခြင်းဖြစ်သည်ဟု ‌စောကလယ်‌စေးက ရှင်းပြသည်။

ဒီ‌ကေဘီ‌အေ ‌ရွှေတူးသည့် မဲချို၊ ဝင်း‌မောင်း(‌ဝေါမူ)၊ မ‌လေး‌ကျောက် (မ‌လေးလယ်) ‌ကျေးရွာအုပ်စုရှိ ရွာသားများသည် လယ် ယာလုပ်ငန်းကို အသက်‌မွေးဝမ်း‌ကျောင်းအဖြစ် အဓိက လုပ်ကိုင်ကြပြီး ယခုကဲ့သို့ လယ်ကွင်းများ၌ စပါး မစိုက်ပျိုးနိုင်‌တော့ သည့်အတွက် ယခုနှစ်အတွင်း စားနပ်ရိက္ခာ ပြဿနာနှင့် ရင်ဆိုင်ရနိုင်‌ကြောင်း ‌ဒေသခံရွာသားတဦးက ‌ပြောသည်။

“လယ်လုပ်မရ‌တော့ ‌တောင်ယာခုတ်မယ်ဆိုလည်း ‌တောင်‌ကြောတစ်‌လျှောက်မှာ ဒီ‌ကေဘီ‌အေက မိုင်းဗုံး‌ထောင်ထားတယ်။ သူတို့ သွားခွင့်မ‌ပေးဘူး။ ကျ‌နော်တို့လည်း မသွားရဲဘူး။ မိုင်းနင်းမိမှာ ‌ကြောက်တယ်‌လေ။ ဒီနှစ် အိမ်‌ဆောက်ဖို့အတွက် သစ်၊ ဝါးခုတ်ဖို့‌တောင် မသွားခုတ်ရဲဘူး”ဟု ဆိုသည်။

အဆိုပါ ‌ရွှေတူးသည့်‌နေရာတဝိုက်၌ ကျက်စားသွားလာရာ‌နေသည့် ကျွဲ၊ နွားနှင့် ဆိတ်များသည် သဲနှင့် ရွှံ့ဗွက်များပါ‌သော မသန့်ရှင်းသည့် ‌ရေကို‌သောက်ရခြင်းနှင့် ၁၅‌ပေမှ ‌ပေ ၂ဝအထိ နက်‌သော ‌ရွှေတူးတွင်းများထဲသို့ ပြုတ်ကျခြင်းများ‌ကြောင့် ‌သေဆုံးမှု အများအပြားရှိသည်ဟု သိရသည်။

အင်အား ၆၀ဝခန့်ရှိသည့် ဒီ‌ကေဘီ‌အေ တပ်မဟာ(၉၉၉)၊ (၃၃၃)နှင့် (၆၆၆)လက်‌အောက်ခံ တပ်ရင်းတို့သည် ၂၀၀၉ခုနှစ်၊ ‌အောက်တိုဘာလက သစ်ထုတ်လုပ်ရန်နှင့် ‌ရွှေတူး‌ဖော်ရန်အတွက် ဖာပွန်နှင့် သထုံခရိုင်နယ်စပ် ဝင်း‌မောင်း‌ကျေးရွာအုပ်စုသို့ ‌ရောက်ရှိလာခဲ့ပြီး ထို‌ဒေသရှိ မယ်ကလယ့်‌လော်‌ချောင်း၌ ‌ရွှေများကို တူး‌ဖော်ခဲ့သည်။

‌ရွှေတူး‌ဖော်မှု‌ကြောင့် လယ်ကွင်းပျက်စီးသွားရသည့် ‌ကျေးရွာများမှာ ဖာပွန်ခရိုင်၊ ဒွယ့်လိုးမြို့နယ်အတွင်းရှိ ဝင်း‌မောင်း(ဝါမူ)၊ ကျွန်းပင်ဝင်း(ဖို့ခဲထာ့)၊ မိ‌ချောင်းဝင်း(ကွီးတမာ့)၊ သရက်ပင်ဆိပ်(ညာ့ဆာ့‌ဂေါ်ထာ့)၊ မဲပူ(မဲ့ပူထာ့)၊ ‌ဝေါ်‌လေ၊ ပဒါ‌ဒေါင်နှင့် ‌ခေါ်က လား စသည့်‌ကျေးရွာများ ဖြစ်သည်။