Home ထိပ်တန်းသတင်း ‌ဘော်ဒါ‌ဆောင်‌နေ ဒုက္ခသည် ‌ကျောင်းသားများ ရိက္ခာခက်ခဲနိုင်

‌ဘော်ဒါ‌ဆောင်‌နေ ဒုက္ခသည် ‌ကျောင်းသားများ ရိက္ခာခက်ခဲနိုင်

1865
‌မေလ ၁၃ရက်။ ‌အောင်‌လေး (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းမှ ‌ဘော်ဒါ‌ဆောင်‌နေ ‌ကျောင်းသူ‌ကျောင်းသားများကို အ‌ခြေခံရိက္ခာများ ‌ထောက်ပံ့‌ပေး ရန် အလှူရှင်သစ် ရှာရအုံးမည်ဖြစ်‌ကြောင်း ထိုင်း-မြန်မာနယ်စပ်တ‌လျှောက် ကူညီ‌ရေးအဖွဲ့ (TBBC)က ပြီးခဲ့သည့်အပတ်က ‌ကေအိုင်စီကို ‌ပြောသည်။

TBBC အုပ်ချုပ်‌ရေးမှူး Ms. Oye က “စခန်း‌ဘော်ဒါ‌ဆောင်က ‌ကျောင်းသူ‌ကျောင်းသား‌တွေဟာ ယာယီ‌နေထိုင်သူ‌တွေပဲ ဖြစ် တာ‌ကြောင့် အလှုုရှင်‌တွေက ရိက္ခာ‌တွေ မ‌ထောက်ပံ့‌တော့ဘူး။ ဒါ‌ပေမဲ့ လက်ရှိမှာ‌တော့ TBBC က တာဝန်ယူပြီး ရိက္ခာ ဆက် လက် ‌ထောက်ပံ့‌ပေး‌နေသလို အလှူရှင်သစ်‌တွေကိုလည်း ဆက်ရှာ‌နေပါတယ်”ဟု ဆိုသည်။

လက်ရှိအချိန်တွင် စခန်းတွင်း‌ဘော်ဒါ‌ဆောင်မှ က‌လေးများကို ရိက္ခာဖြတ်‌တောက်မှုများ ပြုလုပ်ခြင်းမရှိ‌သေး‌သော်လည်း အလှူ ရှင်ရှာမရ‌သေးပါက ခက်ခဲနိုင်သည်ဟု TBBC က ‌ပြောသည်။

မယ်လစခန်းမှ ‌ကျောင်းသူ‌ကျောင်းသား‌လေးများ

အုန်းဖျန်စခန်းရှိ ‌ဘော်ဒါ‌ဆောင်အချို့တွင် လာ‌ရောက်‌နေထိုင်‌နေသည့် ‌ကျောင်းသားများအနက် အသက် ၃၀‌ကျော်အရွယ်များ ပါဝင်‌ကြောင်း (TBBC) မှ ‌လေ့လာသိရှိရသဖြင့် ရိက္ခာကိစ္စ စဉ်းစားလာခြင်းဖြစ်‌သော်လည်း လက်ရှိအချိန်ထိ ‌လျှော့‌ပေးခြင်းမျိုး မရှိ‌သေး‌ကြောင်း ရိက္ခာတာဝန်ခံ ‌စော‌ဘောမင်းက ‌ပြောသည်။

လာမည့် ‌မေလ ၂၁ရက်‌နေ့တွင် အသက် ၁၈နှစ်နှင့်အထက်ရှိ ‌ဘော်ဒါ‌နေ ‌ကျောင်းသားများအား ရိက္ခာ ဆက်လက် ‌ထောက်ပံ့ ‌ရေး မ‌ထောက်ပံ့‌ရေးကို TBBC မှ အလှူရှင်များနှင့် ‌ဆွေး‌နွေးသွားမည်ဟု သိရသည်။

“(TBBC)က အလှူရှင်‌တွေ ပြီးခဲ့တဲ့ ဧပြီလမှာ သင်တန်းဆင်းပွဲလာတုန်းက ‌ဘော်ဒါ‌ဆောင်‌နေ က‌လေး‌တွေဟာ ‌ကျောင်းပိတ် ရက်‌တွေမှာ ကရင်စစ်တပ်ကို ကူညီတယ်လို့ ‌ပြောတယ်။ တချို့‌ဘော်ဒါ‌ဆောင်ကို ကရင်နာမည်‌တွေ‌ပေးထား‌တော့ ဒါဟာ လူမျိုး‌ရေးစိတ်ပြင်းထန်ပြီး ကရင်စစ်တပ်ကို အား‌ပေး‌နေတယ်။ စစ်‌ရေးမှာ ‌ကျောင်းသား‌တွေက ကူညီ‌နေတယ်လို့ ‌ပြောပါတယ်။ အမှန်က ဒီက‌လေး‌တွေဟာ စစ်မှုမထမ်းချင်လို့ စခန်းထဲမှာ ‌ကျောင်းလာ‌နေကြတာပါ”ဟု English Imersion Program – EIP ‌ဘော်ဒါ‌ဆောင်မှ ဆရာမတစ်ဦးက ‌ပြောသည်။

သို့‌သော် စခန်းထဲတွင် ဒုက္ခသည်အဖြစ် သတ်မှတ်ခံထားရသူများကို Thailand Burma Border Consortium (TBBC) မှ လုံ ‌လောက်သည့်ရိက္ခာများ ‌ပေး‌ဝေလျှက်ရှိပြီး ဒုက္ခသည်အဖြစ် မသတ်မှတ်‌သေးသူများမှာမူ ရိက္ခာ‌ထောက်ပံ့မှု ယခုအချိန်ထိ မရရှိ ‌သေးဟု အုန်းဖျန်ဒုက္ခသည်စခန်း ဥက္ကဌ ‌စောဝါးထီးက ယခုလို ‌ပြောသည်။

“ပြီးခဲ့တဲ့လအထိ ဒုက္ခသည် ၁၇,၀၀၀‌လောက်ကို တီဘီဘီစီက လုံ‌လောက်တဲ့ ရိက္ခာ‌တွေ ‌ပေးပါတယ်။ စခန်းထဲမှာ‌နေပြီး ဒုက္ခ သည်အဖြစ် မသတ်မှတ်တဲ့ လူဥိီး‌ရေ ၉,၀၀၀‌လောက်က အခုထိ ရိက္ခာမရ‌သေးပါဘူး”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

မယ်လစခန်း အတွင်း‌ရေးမှူး(၃) ‌စောအန်းကူးက “ဒီစခန်းမှာ‌တော့ ၂၀၀၅ခုနှစ်ကစပြီး UNHCR က အသိအမှတ်ပြုတဲ့ဒုက္ခ သည်‌တွေ ၄၀,၀၀၀‌သောင်းဝန်းကျင်က ရိက္ခာအလုံအ‌လောက် ရရှိပြီးသားပါ။ ၂၀၀၈-၀၉ခုနှစ်အတွင်း ထပ်‌ရောက်ရှိလာတဲ့ ဒုက္ခသည် ၉,၀၀ဝနီးပါးထဲက ၄၀၀‌လောက်ကို TBBC က စိစစ်ပြီး စခန်းထဲက Camp Management Program (CMP) က တာဝန်ယူပြီး ရိက္ခာ ‌ဝေ‌ပေးပါတယ်”ဟု ‌ပြောသည်။

(TBBC)မှ ဒုက္ခသည်များအတွက် လစဉ် ဆီ၊ ဆား၊ ပဲ၊ မီး‌သွေး၊ ငရုတ်သီး‌ခြောက်များနှင့် လူတစ်ဦးလျှင် ၁၅ကီလိုပါ ဆန်တစ်ပုံး စီ ‌ထောက်ပံ့‌ပေးလျှက်ရှိသည်ဟု သိရသည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ ဒုက္ခသည်စခန်းများဖြစ်‌သော မယ်လစခန်းတွင် ‌ဘော်ဒါ‌ဆောင် ၄၂လုံးနှင့် ‌ကျောင်းသား ‌ကျောင်းသူ ၁,၅၀၀‌ကျော်၊ အုန်းဖျန်စခန်းတွင် ‌ဘော်ဒါ‌ဆောင် ၁၇လုံးနှင့် ‌ကျောင်းသူ‌ကျောင်းသား‌ပေါင်း ၅၈၈ဦးနှင့် နို့ဖိုးစခန်း တွင်မူ ‌ဘော်ဒါ‌ဆောင် ၆လုံးရှိသည်။