Home သတင်း မယ်လဒုက္ခသည်စခန်းတွင် ဝက်သက်‌ရောဂါဖြစ်ပွားမှု များပြားလာ

မယ်လဒုက္ခသည်စခန်းတွင် ဝက်သက်‌ရောဂါဖြစ်ပွားမှု များပြားလာ

1637
စက်တင်ဘာ ၅ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့‌မြောက်ဘက် (၄၅)ကီလိုမီတာ အကွာအ‌ဝေးတွင်ရှိသည့် မယ်လဒုက္ခသည်စခန်းတွင် ဝက် သက်‌ရောဂါ ဖြစ်ပွားမှုနှုန်း ယခင်ကထက် ပိုမိုများပြားလာ‌ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လပိုင်းက အဆိုပါ ဝက်သက်‌ရောဂါ စတင်ဖြစ်ပွားလျှက်ရှိရာ ယခု စက်တင်ဘာလထိတိုင် ကူးစက် ပြန့်ပွားနှုန်း ‌လျှော့ကျမှု မရှိ‌သေး‌ကြောင်း မယ်လဒုက္ခသည်စခန်းမှ ‌ဆေးရုံအုပ် ‌စော‌နေစဲန်က ‌ပြောသည်။

“ဇူလိုင်လအတွင်း ဝက်သက်နဲ့ပတ်သက်ပြီး‌တော့ ‌ဆေးရုံမှာ လူနာ ၁၄‌ယောက် ‌တွေ့ရတယ်။ ဩဂုတ်လ ပိုင်းမှာကျ ‌တော့ ၃၁‌ယောက် ထပ်တိုးလာတာကို ကျ‌နော်တို့ ‌တွေ့ရတယ်။ အဲဒီထဲက ၆‌ယောက်ဟာ (Positive)လက္ခဏာ ဖြစ်‌နေတာ ‌တွေ့ရတယ်။ အခု စက်တင်ဘာလ ‌လေးရက်ငါးရက်‌တောင် ရှိ‌နေပြီ။ ဒီဝက်သက်ဟာ ‌လျှော့ကျသွား တာ မရှိ‌သေးဘူး”ဟု သူက ‌ပြောသည်။

(Positive)လက္ခဏာ ‌တွေ့ရှိသူများအနက် နှစ်ဦးမှာ စခန်းတွင်းမှ ဒုက္ခသည်များဖြစ်ပြီး ကျန်‌လေးဦးမှာ စခန်းအပြင် ဘက်ကလူများဖြစ်သည်ဟု သိရသည်။ ၎င်း‌ရောဂါဖြစ်ပွားသူများမှာ ‌ကောင်းမွန်စွာ ‌ဆေးကုသမှု မခံယူပါက ‌ကြောက်စရာ‌ကောင်းသည့် ‌ရောဂါအမျိုးအစားထဲတွင် ပါဝင်‌ကြောင်း ‌စော‌နေစဲန်က ‌ပြောသည်။

သူက “ဝက်သက်ဟာ ‌တော်‌တော်စိုးရိမ်ရတဲ့ ‌ရောဂါတမျိုးဖြစ်တယ်။ အကယ်၍ ဒီ‌ရောဂါကို ရရှိတဲ့လူတ‌ယောက် ဟာ ‌ကောင်း‌ကောင်းမွန်မွန် ‌ဆေးကုသမှု‌တွေ မခံယူရင် ပထမတချက်က ခန္ဓာကိုယ်အ‌ရေပြား (Energy)စွမ်းအား ကို ပျက်စီး‌စေတယ်။ (Malnutrition) အာဟာရပြတ်လပ်မှုနဲ့ ကြုံရနိုင်တယ်။ ဒုတိယ တချက်က‌တော့ အထူးသဖြင့် က‌လေး‌တွေအတွက်ဆို မျက်စိကန်းနိုင်တယ်။ အဲဒါ‌တွေဟာ ‌ကြောက်စရာ‌ကောင်းတဲ့ အရာ‌တွေပဲ‌လေ”ဟု ဆို သည်။

မယ်လစခန်းတွင်း ၎င်း‌ရောဂါဖြစ်ပွားသူ အများစုမှာ က‌လေးငယ်များဖြစ်ပြီး စခန်းကျန်းမာ‌ရေးဌာနက ယခုလမှစ၍ ‌မွေးခါစမှ ၅နှစ်အရွယ်နှင့် ‌မွေးခါစအရွယ်မှ ၁၅နှစ်အရွယ်ထိရှိ‌သော က‌လေးများကို ကာကွယ်‌ဆေးထိုး‌ပေးမည့် အစီအစဉ်များရှိပြီး လက်ရှိအချိန်တွင် စခန်းအတွင်း ကွင်းဆင်းကာ ‌ရောဂါဖြစ်ပွားရာ အနီးတဝိုက်၌ သွား‌ရောက် ခြင်းမပြုရန် ပညာ‌ပေးမှုများ စတင်လုပ်‌ဆောင်‌နေပြီဟု သိရသည်။

ယင်းသို့ ဖြစ်ပွားမှုနှင့် ကူးစက်မှုနှုန်း များပြားလာရခြင်းမှာ စခန်းတွင်း လူ‌နေထူထပ်မှုများ‌ကြောင့်ဖြစ်ပြီး ပညာ‌ပေး မှုတခုတည်း လုပ်‌ဆောင်ခြင်းထက် ကာကွယ်‌ဆေးထိုး‌ပေးမှသာလျှင် ဝက်သက်‌ရောဂါကို အလျင်အမြန် အမြစ် ပြတ် ကုသနိုင်မည်ဖြစ်‌ကြောင်း ‌စော‌နေစဲန်က ‌ပြောသည်။

မယ်လဒုက္ခသည်စခန်းတွင် လူဦး‌ရေ ငါး‌သောင်း‌ကျော်ရှိပြီး ၂၀၀၉ခုနှစ်အတွင်း သာမန်တုပ်‌ကွေး‌ရောဂါ၊ (A H1N1) ဝက်တုပ်‌ကွေး‌ရောဂါနှင့် ယခု ဝက်သက်‌ရောဂါ အပါအဝင် ‌ရောဂါသုံးမျိုး ‌တွေ့ရှိပြီးဖြစ်သည်။