Home သတင်း DKBA က KNU တပ်ရင်း သုံး‌နေရာသို့ ဝင်‌ရောက်၊ တပ်ရင်းတ‌နေရာကို မီးရှို့ခဲ့

DKBA က KNU တပ်ရင်း သုံး‌နေရာသို့ ဝင်‌ရောက်၊ တပ်ရင်းတ‌နေရာကို မီးရှို့ခဲ့

3026

နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)
ဇွန် ၁၅၊ ၂၀၀၉

တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်ဖွဲ့ (DKBA)သည် ဇွန်လ (၁၄)ရက်‌နေ့က ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၇) လက်‌အောက်ခံ တပ်ရင်း ၃ ရင်း ‌နေရာသို့ ဝင်‌ရောက်ခဲ့ပြီး တပ်ရင်း(၂၁) စခန်း ‌နေရာကို ဝင်‌ရောက် မီးရှို့ခဲ့သည်ဟု သိရသည်။

ထို‌နေ့ မွန်းလွဲ (၂)နာရီခန့်တွင် KNLA တပ်ရင်း (၂၂)၊ တပ်ရင်း(၁ဝ၁) နှင့် DKBA (၉၉၉) တပ်ဖွဲ့ဝင်များ နာရီဝက်ခန့်ကြာ အပြန်အလှန် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး‌နောက် နှစ်ဖက် ထိခိုက်မှုကို မသိရဘဲ KNLA ဘက်မှ ပြန်ဆုတ်ခဲ့ရသည် ဟု သိရသည်။ ၎င်းအပြင် ည‌နေ (၄းဝ၈) နာရီခန့်တွင် DKBA ဗဟို လုံခြုံ‌ရေး တပ်ဖွဲ့နှင့် (၉၉၉) တပ်မဟာတို့က ‌နေရာ ‌ရွှေ့‌ပေးလိုက်သည့် KNLA တပ်ရင်း(၂၁)၏ စခန်း‌နေရာကို ဝင်‌ရောက် မီးရှို့ခဲ့ခြင်းဖြစ်သည်။

ထိုကိစ္စနှင့်ပတ်သက်၍ KNU တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်‌စော‌ဂျော်နီက “ကျ‌နော်တို့ အ‌နေနဲ့ ကိုယ့်လူ‌တွေကို ပြန် ဆုတ်ခိုင်းလိုက်တာ ပဲ။ နှစ်ဖက်ထိခိုက်မှုမှာ ကရင်‌တွေချည်းပဲ ဖြစ်‌နေ‌တော့ နအဖကိုသာ တိုးလာခိုင်း။ နအဖဟာ ကရင် အချင်းချင်းကို ပြန်တိုက်ခိုင်း‌နေတာ ဖြစ်တဲ့အတွက် မင်း တို့မတက်လာနဲ့လို့ DKBA ကို ‌ပြောထား‌ပေမဲ့ တက်လာရင်‌တော့ ဘယ်တတ်နိုင်မှာလဲ။ ကိုယ့်ကို လာပစ်ရင်‌တော့ ပြန်ပစ်ရမှာပဲ‌ပေါ့။ DKBA အ‌နေနဲ့ အ‌သေခံနိုင်ရင် တိုးလာ‌ပေါ့။ ဒါ သူ့ အ‌ခြေ အ‌နေကို သူ သိရမှာပဲ။ ‌ရေရှည် အတွက်ကို ကြည့်ပြီး ကျ‌နော်တို့က လုပ်‌နေတာ”ဟု ကရင်သတင်းစဉ်ကို ‌ပြောသည်။

ပြီးခဲ့သည့် ဇွန်လ (၁၃)ရက်‌နေ့ မနက် (၆)နာရီ‌ကျော်တွင် KNLA တပ်ရင်း(၂၁)တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး DKBAဘက်မှ ဗိုလ်ကြီးဆဒါ့ဘူ(ဗျတ္တ)၊ ဒုဗိုလ်ဖားနိုကလဲနှင့် တပ်သားတဦး ကျဆုံးပြီး ၆ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဇွန်လ (၁၂)ရက်‌နေ့ မနက် (၈း၃ဝ)နာရီမှ စ၍ တနာရီကြာဖြစ်ပွားသည့် တိုက်ပွဲတွင် DKBA (၉၉၉)မှ တပ်ခွဲမှူးတဦး ထိခိုက်မိပြီး ခလယ့်ကာ့ရွာဘက်တွင်မူ DKBA (၃၃၃)မှ တပ်သား ၃ဦး ဗုံးထိမှန်ခဲ့‌ကြောင်း နယ်‌မြေခံ KNU သတင်းများ အရ သိရသည်။

၎င်းအပြင် ယမန်‌နေ့ မွန်းလွဲ (၃း၁၉) နာရီတွင် ဗုံးတလုံး‌ပေါက်ကွဲပြီး DKBA ဗဟို လုံခြုံ‌ရေး တပ်ဖွဲ့မှ အရာရှိ တဦး ဖြစ်သူ ဗိုလ်မြင့်ဦး အပါအ ဝင် ၄ဦး ဒဏ်ရာရရှိခဲ့ပြီး ည (၆း၄၈)နာရီတွင် ဗုံးတလုံး ထပ်မံ ‌ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ယ‌နေ့အထိ DKBA တပ်ဖွဲ့ဝင် (၁၄၈) ဦး ရှိပြီ ဖြစ်‌ကြောင်း ကရင် သတင်းစဉ်က စုံစမ်းသိရှိရသည်။

ယင်းသို့ ဆယ်ရက်ခန့်ကြာ ဖြစ်ပွားခဲ့သည့် ထိုးစစ် ကာလအတွင်း DKBA တပ်မဟာ (၉၉၉) ဘက်မှ ရိက္ခာ ပြတ်လပ်မှုများ ရှိ‌နေ‌ကြောင်းနှင့် ထိခိုက် ဒဏ်ရာရသူ အများစုကို မြဝတီòမိ့၊ ‌ရွှေကုက္ကို ‌ကျေးရွာ ‌ဆေးရုံတွင် သီးသန့် ထားကာ ကုသ‌ပေးလျက်ရှိသည် ဟုလည်း DKBA အသိုင်းအဝိုင်း နှင့် နီးစပ်သူများ၏ ‌ပြောပြချက် အရ သိရသည်။

DKBA နှင့် နီးစပ်သူ အမည် မ‌ဖော်လိုသူတဦးက “DKBA က‌တော့ ဒီ ထိုးစစ်အတွက် သူ့ လူ‌တွေကို အနည်းဆုံး ၅ဝဝ ‌လောက် အ‌သေခံမဲ့ သ‌ဘောမှာ ရှိတယ်။ ကုက္ကို ‌ဆေးရုံမှာ ဆိုရင် ထိခိုက် ဒဏ်ရာရတဲ့ DKBA ရဲ‌ဘော်‌တွေ အပြည့်ပဲ။ ဆံ့‌တောင် မဆံ့‌တော့ဘူး။ အရပ်သား လူနာ ‌တွေကို‌တောင် လက်ခံလို့ မရ‌တော့ဘူး”ဟု ဆိုသည်။

DKBA တပ်မဟာ(၉၉၉)၊ (၅၅၅)၊ (၃၃၃)နှင့် ဗဟိုလုံခြုံ‌ရေး တပ်ဖွဲ့ဝင်များသည် KNU တပ်မဟာ(၇)နယ်‌မြေရှိ တပ်ရင်း‌နေရာများကို အပြုတ်တိုက်‌ရေး ထိုးစစ်ဖြင့် ဇွန်လဆန်း ကတည်းက ဝင်‌ရောက် တိုက်ခိုက်ခဲ့သည်မှာ ယ‌နေ့ အချိန်ထိ ဖြစ်သည်။