Tag: ကရင္
မုလအိ- ကရင်ပြည်နယ်၏ အမြင့်ဆုံးတောင်ထိပ်သို့ ခရီးစဉ်တစ်ခေါက်
ကရင်ပြည်နယ်ရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ မုုလအိတောင်ဟာ ပင်လယ်ပြင် မျက်နှာပြင်အထက် ပေပေါင်း ၆,ဝဝဝ ကျော် ရှိပါတယ်။ ပြည်နယ်ရဲ့ မြို့တော် ဖားအံ အရှေ့တောင်ဘက် မိုင်ပေါင်း ၁ဝဝ ကျော်အကွာအဝေးမှာ တည်ရှိပါတယ်။
မုလအိတောင်ထိပ်ရှိ ဆံတော်ရှင် မုလအိ စေတီတော်ကို တက်ရောက်ဖူးမျှော်မယ်ဆိုရင် ဖားအံ-မြဝတီ-တနော်ထာ့လမ်းကြောင့်ကနေတစ်ဆင့်...
လက်နက်ကိုင် တော်လှန်ရေးသမား ၃၄ဦးကို မြန်မာပြည် ပြန်ပို့ရန် အိန္ဒိယအစိုးရ ရုပ်သိမ်း
နိုဝင်ဘာလ ၂ဝရက်။ စောခါးစူးညား (ကေအိုင်စီ)
အိန္ဒိယနိုင်ငံ ကလကတ္တားအကျဉ်းထောင်တွင် နှစ်ရှည်ထောင် ချုပ်နှောင်ခံထားရသော ကရင်နှင့် ရခိုင်တော်လှန်ရေးသမား အကျဉ်းသား ၃၄ဦးအား မြန်မာပြည်ပြန်ပို့ရေးကိစ္စကို အိန္ဒိယအစိုးရက နိုဝင်ဘာလ ၁၁ရက်နေ့က ပြန်လည်ရုပ်သိမ်းလိုက် သည်ဟု သိရသည်။
၎င်းတို့ ၃၄ဦးသည် အမှုပြီးဆုံးသော်လည်း မြန်မာပြည်သားဖြစ်သည့်အတွက် အိန္ဒိယနိုင်ငံ ဘဂင်္လားပြည်နယ်အစိုးရက...
ကရင့်စွမ်းရည်ပြပွဲပြိုင်ပွဲအခမ်းအနား ဩစတြေးလျား၌ကျင်းပခဲ့
အောက်တိုဘာလ ၁ဝရက်။ စောကျော်ခွီး (ကေအိုင်စီ)
ဩစတြေးလျားနိုင်ငံ၊ ဆစ်ဒနီမြို့ Granville Town Hall တွင် ကရင့်စွမ်းရည်ပြပွဲပြိုင်ပွဲ အခမ်းအနားတခုကို အောက်တိုဘာလ (၉)ရက် စနေနေ့က ကျင်းပခဲ့ရာ လူပရိဿတ် ၃၀၀ကျော် လာရောက်အားပေးခဲ့ကြသည်ဟု သိရသည်။
ဩစတြေးလျားကရင်အမျိုးသားအဖွဲ့အစည်း (AKO) ဆစ်ဒနီမှ စီစဉ်ကျင်းပသော အဆိုပါ အခမ်းအနားမှာ...
ကရင်ဒုက္ခသည်စခန်းနှစ်ခုတွင် H1N1 လူနာ ၅ဦး တွေ့ရှိ
အောက်တိုဘာလ ၉ရက်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် မဲဟောင်ဆောင်ခရိုင်ရှိ မယ်ရာမိုနှင့် မယ်လအူး ကရင်ဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့်အပတ်မှစ၍ တုပ် ကွေးရောဂါဖြစ်ပွားခဲ့ရာ AH1N1 ခေါ် Swine Flu ရောဂါပိုးရှိသူ လူနာ ၅ဦးကို စမ်းသပ်တွေ့ရှိခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိ ရှိရသည်။
တုပ်ကွေးရောဂါဖြစ်ပွားမှုမှာ အရှိန်အဟုန် မြင့်တက်လာသဖြင့်...
ကရင်နှင့် ရခိုင်တော်လှန်ရေး ၃၄ဦးအား တရားစီရင်ချက်ချလိုက်ပြီ
ဇူလိုင်လ ၁၄ရက်။ စောခါးစူးညား (ကေအိုင်စီ)
အိန္ဒိယနိုင်ငံ ကလကတ္တားအကျဉ်းထောင်တွင် နှစ်ရှည်ထောင် ချုပ်နှောင်ခံထားရသော ကရင်နှင့် ရခိုင်တော်လှန်ရေးသမား အ ကျဉ်းသား ၃၄ဦးကို ကလကတ္တား တရားရုံးတခုက တစ်ဦးလျှင် ထောင်ဒဏ် ၁နှစ်၊ ၃လနှင့် ဒဏ်ငွေ အိနိ္ဒယရူပီ ၆,၀၀ဝဖြင့် ဇူလိုင်လ ၁၂ ရက်နေ့က...
ခရိုင်အဆင့် ကရင်လူငယ်ညီလာခံ ပြီးစီး
မတ်လ ၁၃ရက်။ (ကေအိုင်စီ)
ကရင်လူငယ်အစည်းအရုံး(ကေဝိုင်အို)၏ ဒူးပလာယာခရိုင် ညီလာခံကို ကရင်ပြည်နယ်၊ ဝင်းရေးမြို့နယ်အတွင်း၌ ယနေ့ မတ် လ ၁၃ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည်ဟု သိရသည်။
အဆိုပါ ခရိုင်အဆင့် ညီလာခံကို မတ်လ ၁ဝရက်နေ့မှစ၍ လေးရက်တိုင်တိုင် ကျင်းပခဲ့ရာ မြို့နယ်လေးမြို့နယ်မှ ကိုယ်စား လှယ်များနှင့် လေ့လာသူများ စုစုပေါင်း...
ကရင်သတင်းဌာနကို ထိုင်းအာဏာပိုင်များ ဝင်ရောက်
ဖေဖော်ဝါရီလ ၄ရက်။ ကေအိုင်စီ
ယနေ့နံနက် ၆နာရီတွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ကရင်သတင်းဌာန(ကေအိုင်စီ)ကို ထိုင်းစစ်တပ်နှင့် ရဲများက ဝင်ရောက်စစ် ဆေးမှု ပြုလုပ်ခဲ့သည်။
အင်အား ၂ဝဦးကျော်ရှိသည့်ရှိ အဆိုပါထိုင်းအာဏာပိုင်များသည် ကေအဲန်ယူမှ ပဒိုစောဒေးဗစ်သကဘော နေထိုင်ခဲ့သည့်အ ခန်းနှင့် ကေအိုင်စီရုံး နှစ်ခန်းကို တရားဝင် လာရောက်မေးမြန်းခွင့်စာရွက်နှင့် ရောက်ရှိလာခြင်းဖြစ်သည်ဟု သိရသည်။
အချိန်...
ကရင်လူထု ၇,၀၀၀ကျော် စားနပ်ရိက္ခာ ပြတ်လပ်မှုကြုံနေရ
စက်တင်ဘာလ ၁၄ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှ ဘူးသိုနှင့် လူသောမြို့နယ်အတွင်းရှိ ကရင်လူထု ၇,၀၀၀ကျော်သည် ၂၀၀၉ခုနှစ် လဆန်းပိုင်းမှစ၍ ယခုအချိန်အထိ စားနပ်ရိက္ခာပြတ်လပ်မှု ပြဿနာနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။
အဆိုပါ ကရင်လူထုများသည် ၎င်းတို့အခြေချရာ နေရပ်ရင်းများ၌ စစ်အစိုးရတပ်များ၏ နယ်မြေစိုးမိုးရေး လှုပ်ရှားမှုကြောင့် နီးစပ်ရာ တောတွင်းသို့...
မယ်လအူးစခန်းအတွင်း ကျူရှင်အတန်းများပြားလာ
ဩဂုတ်လ ၂ဝရက်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင်ရှိ မယ်လအူး ကရင်ဒုက္ခသည်စခန်းအတွင်း တတိယနိုင်ငံထွက်မည့်သူများအတွက် အဂင်္လိပ် ကျူရှင် အတန်း (Tuition Class) ဖွင့်လှစ်မှုများ ၂၀၀၉ခုနှစ် အစပိုင်းမှ ယခု ဩဂုတ်လအထိ များပြားလာသည်ဟု သိရသည်။
တတိယနိုင်ငံ လျှောက်ထားသူများသည် ၎င်းတို့ သွားရောက်အခြေချမည့် နိုင်ငံတွင်...
ကေပီအက်ဖ် တပ်ဖွဲ့ဝင်တချို့ ကေအဲန်ယူထံ ပူးပေါင်း
ဇူလိုင် ၁၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဝင်းရေးမြို့နယ်၊ ဘုရားသုံးဆူနှင့် သံဖြူဇရပ်ကြား အနန်းကွင်းစခန်းရှိ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ (ကေပီအက်ဖ်) တပ်ရင်း (၃)မှ တပ်ဖွဲ့ဝင်တချို့သည် လက်နက်ခဲယမ်းနှင့်အတူ ဝင်းရေးမြို့နယ်ရှိ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်(ကေအဲန်အယ်လ်အေ)တပ်ရင်း (၁၆)ထံသိုု့ ယမန်နေ့ညနေက သွားရောက်ပူးပေါင်းခဲ့သည်ဟု ကေပီအက်ဖ် တပ်ဖွဲ့မှ ထုတ်ဖော်ပြောဆိုသည်။
ကေပီအက်ဖ် တပ်ရင်း...