Tag: ဒုကၡသည္
ဒုက္ခသည် ၄၀၀ကျော် ရပ်ရွာသို့ ပြန်လည်နေထိုင်
ဖေဖော်ဝါရီလ ၁၂ရက်။ နန်းထူးစံ (ကေအိုင်စီ)
ထိုင်းနိုင်ငံ၊ ထာ့ဆောင်ယန်းမြို့နယ်ရှိ အူးသူးထာ့ယာယီဒုက္ခသည်စခန်းအတွင်းမှ စစ်ပြေးကရင်ဒုက္ခသည် ၄၀၀ကျော်သည် ယခု ရက်ပိုင်းအတွင်း ကရင်ပြည်နယ်ဘက်ခြမ်းရှိ ၎င်းတို့ရပ်ရွာများသို့ ပြန်လည်ထွက်ခွာသွားကြပြီဖြစ်ကြောင်း စခန်းကော်မတီဝင်တဦး ၏ ပြောပြချက်အရ သိရသည်။
“ဒီလ ၂ရက်နေ့ကစပြီးတော့ အိမ်ထောင်စု အစုလိုက် တဖြည်းဖြည်း ပြန်သွားကြတယ်။ ဒီနေ့တရက်တည်းမှာပဲ...
ဂျပန်နိုင်ငံသို့ အခြေချမည့် ဒုက္ခသည်များ လူတွေ့စစ်ဆေးနေပြီ
ဖေဖော်ဝါရီလ ၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ဂျပန်နိုင်ငံသို့ သွားရောက် အခြေချနေထိုင်မည့် ထိုင်းမြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းရှိ ဒုက္ခသည် များအား ဂျပန်နိုင်ငံ တရားရေးဝန်ကြီးဌာနမှ မဲဆောက်မြို့တွင် ယမန်နေ့က အင်တာဗျူး စတင်လုပ် ဆောင်နေပြီဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
ဂျပန်နိုင်ငံမှ တာဝန်ရှိသူများသည် ယခုလ ၁ရက်နေ့တွင် မယ်လစခန်းကော်မတီများနှင့် လာရောက်တွေ့...
လက်နက်ကိုင်အကျဉ်းသား ၃၄ဦးကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုမည့်အပေါ် ကေအဲန်ယူ ကြိုဆို
နိုဝင်ဘာလ ၁၉ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(ယူအဲန်အိပ်ချ်စီအာရ်)က အိန္ဒိယနိုင်ငံကလကတ္တား အကျဉ်းထောင်တွင် နှစ် ရှည် ထိန်းသိမ်းခံရသည့် မြန်မာလက်နက်ကိုင်အဖွဲ့ဝင် ၃၄ဦးကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလက်ခံရန် စဉ်းစားခဲ့သည့် အပေါ် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)က ကြိုဆိုလိုက်သည်။
ကေအဲန်ယူ ဒုဥက္ကဌ ပဒိုစောဒေးဗစ်သကဘောက “ဒီလိုဖြစ်မယ်ဆိုရင်တော့ ကောင်းတာပေါ့။ သူတို့တွေဟာ ဘာအပြစ်မှ...
ထိုင်းစစ်တပ်က ဒုက္ခသည်အသစ်များကို နေရပ်အတင်းပြန်ပို့
စက်တင်ဘာလ ၁၁ရက်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်းနိုင်ငံ၊ နိုဘိုးဒုက္ခသည်စခန်းသစ်သို့ ယမန်နေ့ နေ့လည်ပိုင်းတွင် ထွက်ပြေးလာသည့် ကရင်ရွာသား ၁၅ဦးကို ရောက်ရှိပြီး နာရီ ပိုင်းအကြာတွင် ထိုင်းစစ်တပ်က ကားဖြင့် အတင်းအဓမ္မ နေရပ်ပြန်ပို့လိုက်သည်ဟု သိရသည်။
ဖားအံမြို့နယ်အတွင်းရှိ မဲ့တနာ့ခီးရွာမှ မိသားစု (၂)စုနှင့် ပိုင်ကျုံမြို့နယ်၊ တငေါရွာမှ မိသားစု...
ယာယီဒုက္ခသည်စခန်းသစ် ထပ်မံအတည်ပြု
ဇူလိုင် (၅)ရက်။ စောခါးစူးညား။ (ကေအိုင်စီ)
နအဖ နှင့် ဒီကေဘီအေတို့၏ ပူးပေါင်းစစ်ဆင်မှုကြောင့် ထိုင်းနိုင်ငံ ဘက်ကမ်းသို့ ထွက်ပြေးခိုလှုံလာသော ကရင်စစ်ပြေး ဒုက္ခသည် များအတွက် ယာယီစခန်းသစ်တခုကို နိုဘိုးကျေးရွာ ဘုန်းကြီးကျောင်း နံဘေး၌ ထားရှိသွားရန် ထိုင်းအာဏာပိုင်များက ဇူလိုင် (၄) ရက်နေ့တွင် သဘောတူလိုက်ပြီဖြစ်ကြောင်း သိရသည်။
“ဒီနေ့မှာပဲ...
နအဖနှင့် ဒီကေဘီအေတို့၏ စစ်ဆင်ရေးအပေါ် ရင်ဖွင့်သံများ
မဲ့လာအားခီးရွာသူကြီး စောတင်လှ
“ရန်သူ (နအဖနှင့် ဒီကေဘီအေ) ဝင်လာ တော့မယ်လို့ ကြားတာနဲ့ ကျနော်တို့ တရွာ လုံးလည်း ဘာမှယူမခင်တော့ဘဲ ထွက်ပြေး လာခဲ့တယ်။ အရင်က သူတို့ ဝင်လာရင် ကျနော်တို့ကို မေးမြန်း၊ ရိုက်နှက် သတ်ဖြတ်တာတွေ လုပ်တာ ခံခဲ့ရဘူးတော့ သူတို့လာပြီဆိုရင် ကျနော်တို့က...
နအဖနှင့် ဒီကေဘီအေတပ်ဖွဲ့၏ လက်နက်ကြီးများ ထိုင်းဘက်ကမ်းသို့ ကျရောက်
ဇွန်လ ၁ဝရက်၊ ကေအိုင်စီ
ဇွန်လဆန်းပိုင်းမှစ၍ ဖြစ်ပွားခဲ့သည့် ထိုင်း-မြန်မာနယ်စပ် တိုက်ပွဲများအတွင်း နအဖနှင့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ပစ်ခတ်ခဲ့သည့် လက်နက် ကြီး (၇)လုံးမှာ ထိုင်းဘက်ကမ်းသို့ ကျရောက်ခဲ့သည်ဟု ဒေသဆိုင်ရာ ထိုင်းအာဏာပိုင်များ၏ ပြောပြချက်အရ သိရသည်။
အဆိုပါ လက်နက်မှာ (RPG) အမျိုးအစားဖြစ်ပြီး ထိုင်းဘက်ကမ်းရှိ နိုဘိုးကျေးရွာဘက်ခြမ်းတွင်...
မယ်လအူးစခန်းတွင် အမေရိကန်နိုင်ငံ ခိုလှုံခွင့်လျှောက်ထားသူ ထင်သလောက်မများ
ဇွန်လ ၂ရက်၊ စောခါးစူးညား (ကေအိုင်စီ)
ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်ဒုက္ခသည် စခန်းတခု ဖြစ်သည့် မယ်လအူး၌ အမေရိကန်နိုင်ငံ ခိုလှုံခွင့် လျှောက်ထားသူ ဦးရေ ထင်သလောက် မများဟု ဇွန်လ ၂ ရက်နေ့တွင် မယ်လအူး စခန်းနေသူ ကိုဉာဏ်က ကရင်သတင်းစဉ်ကို ပြောသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ...





