Home Authors Posts by KIC News

KIC News

21997 POSTS 0 COMMENTS

အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ‌ ရေးဆွဲပြီးစီးရန် ၂၀ ရာခိုင်နှုန်းသာလို

ဇန်နဝါရီ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCCတွင် တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုများ သဘောတူ ထားသည့် နိုင်ငံရေးလမ်းပြမြေပုံအရ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ-AFTA ရေးဆွဲရေးအဆင့်သို့ရောက်နေပြီး ရာခိုင်နှုန်း(၂၀)သာ ပြီးစီးရန်လိုကြောင်း NUCC ၏ ဇန်နဝါရီ(၁၇)ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီတွင်...

မဲဆောက်တွင် ကားမောင်းပြေးရာမှ ထပ်ဆင့်ယာဥ်တိုက်မှုဖြစ်ပွားပြီး (၅)ဦးထက်မနည်း ဒဏ်ရာရ

ဇန်နဝါရီ (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်တောင်တွင် ယနေ့ ဇန်နဝါရီလ (၁၉)ရက်၊ မွန်းလွဲ(၂)နာရီဝန်းကျင်က စစ်ဆေးရေးဂိတ်မှဖြတ်ကျော်မောင်းပြေးသည့် မော်တော်ယာဥ်တစ်စီးမှ ထပ်ဆင့်ယာဉ်တိုက်မှုဖြစ်ပွားပြီး (၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိကြောင်း မဲဆောက်မြို့တွင်းသတင်းအရင်းအမြစ်မှ သိရသည်။ လူမှောင်ခိုတင်ဆောင်လာသည်ဟုယူဆရသော အဆိုပါမော်တော်ယာဥ်အား မယ်တောင်အပိုင်း၊ မြို့ပြင်ပတ်လမ်းတွင်ဂိတ်ချစစ်ဆေးနေသည့် ထိုင်းရဲတပ်ဖွဲ့ကတားဆီးစစ်ဆေးရာ အစစ်မခံဘဲ...

ကျွန်းစုတွင် ၁၂ ရက်ကြာ တိုက်ပွဲပြင်းထန်၊ စစ်အုပ်စုတပ်က ကျေးရွာ ၄ ရွာကို မီးရှို့ဖျက်ဆီး

ဇန်နဝါရီ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဘဒ္ဒနဲကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်းသို့ စစ်အုပ်စုတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့များက ၁၂ ရက်ကြာ စစ်ကြောင်းထိုးတိုက်ခိုက်နေပြီး ကျေးရွာ ၄ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ပကဖ က ယမန်နေ့တွင်...

ဒူးသထူခရိုင်၊ တက်တူကုန်းရွာတွင် စစ်အုပ်စု ပစ္စည်းခိုးပြီးအကြမ်းဖက်ခဲ့ကြောင်း ကေအဲန်ယူထုတ်ပြန်

ဇန်နဝါရီ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ/သထုံခရိုင်၊ သထုံမြို့နယ်၊ တက်တူကုန်းနှင့် ကဒီပုကျေးရွာတို့တွင် ဇန်နဝါရီ(၁၀)ရက်မှ(၁၂)ရက်နေ့အထိ နှစ်ရက်တာတပ်စွဲသွားသည့် စစ်အုပ်စုက ဒေသခံပိုင် ပစ္စည်းများကိုခိုးယူပြီး ရွာသားတစ်ဦးကို ရိုက်နှက်နှိပ်စက်ခဲ့ကြောင်း ဇန်နဝါရီ(၁၈)ရက်နေ့တွင် ကေအဲန်ယူက ထုတ်ပြန်သည်။ ထိုရက်က စစ်ကြောင်းလှည့်ရင်း တက်တူကုန်းရွာတွင် တပ်စွဲနေထိုင်သွားသောစစ်အုပ်စုသည်...

ကရင်နီ၊ မယ်စဲ့ရှိ စစ်သုံ့ပန်းအကျဉ်းသား ၈၀ ဝန်းကျင် လက်နက်ခဲယမ်းများလုယူပြီး ထွက်ပြေးလွတ်မြောက်

ဇန်နဝါရီ ၁၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်နီပြည် ကြားကာလ စီမံအုပ်ချုပ်ရေးကောင်စီ (IEC) ထိန်းချုပ်နယ်မြေ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်တစ်ခုမှ ယနေ့ ဇန်နဝါရီလ ၁၈ ရက် နံနက်၁ နာရီခန့်တွင် စစ်သုံ့ပန်းအကျဉ်းသား ၈၀ ဝန်းကျင်ခန့်သည် လက်နက်ခဲယမ်းများ လုယူပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်း...

ကော့ကရိတ် အောက်ဘိုတဲလမ်းပိုင်းတိုက်ပွဲ စစ်အုပ်စုက လေကြောင်းပစ်ကူဖြင့် ဗုံးကြဲတိုက်ခိုက်နေ

ဇန်နဝါရီ ၁၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ မြောက်ပိုင်း အောက်ဘိုတဲ၊ နောင်ကိုင်း လမ်းပိုင်းတွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က လေကြောင်းပစ်ကူဖြင့် ဖျက်အားပြင်း ဗုံးသီးများ ကြဲချတိုက်ခိုက်နေကြောင်း တော်လှန်ရေး မြေပြင်သတင်းအရင်းအမြစ်ဘက်က ပြောသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်များ ထိန်းချုပ်ထားသော အောက်ဘိုတဲ၊...

ကျုံဒိုး/ကော့ကရိတ်ရှိ စစ်အုပ်စုတပ်ရင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ကိုယ်စားလှယ်လောင်းမသိဘဲ ကြံ့ခိုင်ရေးပါတီကို ကြိုတင်မဲထည့်ခိုင်းစေ

ဇန်နဝါရီ ၁၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ထဲရှိ ကျုံဒိုး၊ ကော့ကရိတ်၊ နဘူးစစ်အုပ်စု တပ်နယ်တပ်ရင်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများသည် ဇန်နဝါရီ ၂၅ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအပိုင်း ၃ အတွက် ကြိုတင်မဲထည့်ရာတွင် ဝင်ပြိုင်သည့် နိုင်ငံရေးပါတီကိုယ်စားလှယ်လောင်းများအား သိရှိခြင်းမရှိဘဲ...

ဘီးလင်းမြို့နယ် ကရင်လူငယ်အစည်းအရုံး (၄) ကြိမ်မြောက် ကွန်ဂရက် ပြီးစီး၊ ခေါင်းဆောင်သစ်များ တင်မြှောက်

ဇန်နဝါရီ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်၊ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်မှုနယ်မြေ၊ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ ကရင်လူငယ်အစည်းအရုံး (KYO) ၏ (၄) ကြိမ်မြောက် ကွန်ဂရက်ကို ကျင်းပခဲ့ပြီး ခေါင်းဆောင်သစ်များကို ရွေးကောက်တင်မြှောက်ခဲ့သည်ဟု ကေအဲန်ယူက ယနေ့ ထုတ်ပြန်သည်။ ဇန်နဝါရီလ ၁၃...

ထိုင်းနိုင်ငံတွင် မော်တော်ယာဥ်တစ်စီး မြေကျွံကျမှုဖြစ်ပွား

ဇန်နဝါရီ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ စမွန်စခွန်ခရိုင်၊ မဟာချိုင်မြို့နယ်တွင် ယနေ့ ဇန်နဝါရီ(၁၇)ရက်၊ မနက်(၇)နာရီဝန်းကျင်အချိန်က လမ်းမကြီးပေါ်သွားလာနေသည့် မော်တော်ယာဥ်တစ်စီး ရုတ်တရတ်မြေကျွံကျမှုဖြစ်ပွားခဲ့ကြောင်း သတင်းဌာနများဖော်ပြချက်အရ သိရသည်။ အဆိုပါမော်တော်ယာဥ်မှာ မြေပြင်အောက် ၁.၅ မီတာရှည်လျားပြီး လျှပ်စစ်ကြိုးများမြှုပ်နှံရာတွင်း အပေါ်မှဖုံးအုပ်ထားသည့် သံပြား၏အလေးချိန်ကိုမခံနိုင်ဘဲ ညာဘက်ယာဥ်ဦးခေါင်းပိုင်း ကျွံကျသွားခြင်းဖြစ်သည်။...

ဒူးပလာယာခရိုင်ရှိ ပြည်သူများ စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်

ဇန်နဝါရီ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်၊ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ မြို့နယ် အသီးသီးရှိ ပြည်သူလူ ထုများသည် အာဏာသိမ်းစစ်တပ်မှ ပြုလုပ်သည့် အတုအယောင် ရွေးကောက် ပွဲအား ဆန့်ကျင်ရေး အစီအစဉ်ကို တစ်ခရိုင်လုံး အတိုင်းအတာဖြင့် ဇန်နဝါရီလ ၉ ရက်၊ နံနက်...
Donate