KIC News
ပိတပ်ကျေးရွာ၌ လာရောက်တပ်စွဲသည့် စစ်တပ်နှင့် ပုလော PDF တို့ ၈နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့
စက်တင်ဘာလ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ၊ ပိတပ်ကျေးရွာတွင် ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့ ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်း (Palaw People's Defence Force-PPDF) တို့အကြား ၈နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း...
စစ်ကောင်စီတပ် အုပ်ချုပ်ရေးနေရာများ တိုက်ခိုက်မခံရရေး ဖားအံမြို့တွင်း လုံခြုံရေး အင်အားတိုးမြှင့်
စက်တင်ဘာလ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် စစ်ကောင်စီ အုပ်ချုပ်ရေးနေရာများ တိုက်ခိုက်မခံရရေးအတွက် မြို့တွင်း လုံခြုံရေးကို တင်းတင်းကြပ်ကြပ်လုပ်ဆောင်ပြီး စောင့်ကြည့်စစ်ဆေးဖမ်းဆီးမှုများ ပိုလုပ်လာ နေသည်ဟု ဖားအံစစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းမိသားစုဝင်များက ပြောသည်။
သံလွင်တံတားဖောက်ခွဲ တိုက်ခိုက်ခံရမှု၊ မြဝတီရဲရုံးတိုက်ခိုက်ခံရမှုများ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း စစ်ကောင်စီဌာန...
လိပ်သိုတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦးသေဆုံး၊ ကလေးငယ် လေးဦးဒဏ်ရာရ
စက်တင်ဘာ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့မြောက်ပိုင်း၊ လိပ်သိုမြို့နယ်ခွဲရှိ ထီးသာစောကျေးရွာတွင် ယမန်နေ့ စက်တင်ဘာလ(၁၀)ရက်က စစ်ကောင်စီ၏ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ တစ်ဦးသေဆုံးပြီး ကလေးငယ်လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
အဆိုပါ ကျေးရွာနှင့်အနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လေကြောင်းဖြင့်...
စာသင်ကျောင်းများ ဆက်လက်တိုက်ခိုက်သည့် စစ်ကောင်စီကို တိုးချဲ့ပိတ်ဆို့မှုများလုပ်ရန် နိုင်ငံတကာအား KNU တောင်းဆို
စက်တင်ဘာ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်တပ်မဟာ(၅)တွင် စာသင်ကျောင်းနှင့် လူနေအိမ် အ ဆောက်အဦးများကို လေကြောင်းဖြင့် ဆက်လက်တိုက်ခိုက်လုပ်ဆောင်နေသည့် စစ်ကောင်စီကို နိုင်ငံ တကာအဖွဲ့ အစည်းများမှ ပိတ်ဆို့အရေးယူမှု တိုးချဲ့လုပ်ဆောင်ရန် ကေအဲန်ယူက စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကြေညာ...
စကစ ငြိမ်းချမ်းရေးကြိုးပမ်းမှုအကြောင်း ကရင်လူထုများအား မန်းငြိမ်းမောင် လာရောက်ရှင်းပြခဲ့
စက်တင်ဘာ ၁၁ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ် ဖားအံမြို့ ဇွဲကပင်ခန်းမ၌ စက်တင်ဘာလ ၉ ရက်နေ့က ပြုလုပ်သည့် လူထုတွေ့ဆုံပွဲအခမ်းအနား တွင် စစ်ကောင်စီ၏ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မန်းငြိမ်းမောင်က ၎င်းတို့ စစ်ကောင်စီ ငြိမ်းချမ်းရေး ကြိုးပမ်းပေး နေမှုအခြေအနေများကို ဒေသခံလူထုများအား လာရောက်ချပြရှင်းလင်းသွားခဲ့သည်ဟု...














