KIC News
BNI ကို ချီးမြှင့်သည့် ဟီရိုရှီးမားဖောင်ဒေးရှင်းဆုပေးပွဲအစီအစဥ် ပြုလုပ်ပြီးစီး
စက်တင်ဘာလ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
နိုင်ငံတကာမြန်မာ့သတင်း-BNI အား ငြိမ်းချမ်းရေးနှင့် ယဥ်ကျေးမှုလုပ်ငန်းများကို စောင့်ကြည့် ဖော်ထုတ်ခြင်းအတွက် The Edita and Ira Morris Hiroshima Foundation က ပေးအပ်သော ၂၀၂၃ ခုနှစ်၏ ဟီရိုရှီးမား ဖောင်ဒေးရှင်းဆု...
ပြည်နယ်တွင်းရှိ မြို့နယ် ၄ ခုတွင် ရေကြီး၍ ပျက်စီးသွားသောစပါးများ အစားထိုးပြန်စိုက်ရန် ခက်ခဲနေ
စက်တင်ဘာ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ် နှင့်ကြာအင်းဆိပ်ကြီး စသည့်မြို့နယ် ၄ ခုရှိ ကျေးရွာတချို့တွင် ယခုနှစ် မိုးရာသီကာလအတွင်း မိုးကြီးရေကြီးရေလျှံမှုများကြောင့် ပျက်စီးသွားသော စပါးများ အစားထိုး ပြန်စိုက်ရန် အခက်အခဲကြုံတွေ့နေရသည်ဟု ဒေသခံလယ်သမားများ ပြောသည်။
တောင်ကျချောင်းရေ...
ကေအိုင်စီတမ်းချင်း
ကေအိုင်စီတမ်းချင်း
လင်္ကာဒီပ
စက်တင်ဘာ ၂၃ရက်၊ ၂၀၂၃ခုနှစ်။
သူဟာတစုံတယောက် တသင်းတဖွဲ့
အာဘော်နဲ့ အချယ်လှယ်ခံ မဟုတ်ဘူး
အထူး သတင်းသမားကျင့်၀တ်
စည်းကမ်းမူဘောင် မြဲကျင့်ဆောင်တဲ့
ဓားတစ်စင်း ကလောင်တစ်စင်းဖြစ်တယ်။
သူဟာအရှိကို အရှိအတိုင်းအမှန်
ပစ္စုပ္ပန် ပကတိအနေအထား
လှုပ်ရှားနေတဲ့ အလင်းအမှောင်
ဝေခွဲဆောင်ကျဉ်းပြ၀ံ့တဲ့အသိ
ညကြည့်မှန်ပြောင်းတစ်လက်လည်း ဖြစ်တယ်။
ဘက်မလိုက်စွာ ပြတ်သားသူ
တာ၀န်ယူမှု တာ၀န်ခံမှု
ဖြူစင်စွာ လိပ်ပြာလုံခဲ့တယ်
တရားတယ်ဆိုရင်ဖြင့်ကွယ်
နယ်စည်းတွေခြားမနေ
အခြေခံမူတွေချပြရင်း
နေအလင်းကိုသာ မျက်နှာမူတယ်
ကြယ်တံခွန်တစ်စင်းလိုလည်း ဖြစ်ပြန်တယ်။
ကိုယ်ပိုင်နိုင်ငံ ကိုယ်ပိုင်ကမ္ဘာ
ကိုယ့်အိမ်ယာ၊...
စစ်ကောင်စီ၏ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်မှုကြောင့် ကျောက်ကြီးဒေသခံ ၄ ဦးထိခိုက်ပြီး နေအိမ် ၉ လုံးပျက်စီး
စက်တင်ဘာလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် အတွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၉ ရက်မှ ၂၃ရက်နေ့အတွင်း လက်နက် ကြီး ဆက်တိုက်ပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦးထိခိုက်ပြီး နေအိမ် ၉...
ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာမပါဘဲသွားလာပါက ငွေညစ်တောင်းခံနေရ
စက်တင်ဘာ ၂၅ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့နှင့်ပလောက်မြို့တို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာမပါဘဲအပြင်ထွက်သွားလာပါက စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် ငွေညှစ်ခြိမ်းခြောက်တောင်းခံနေရမှုများကြုံနေရကြောင်း မြို့ခံများထံမှ သိရသည်။
ပလမြို့၊ လက္ကူးကျေးရွာအုပ်စုတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ရက်မှ ၁၈ရက်နေ့အထိ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်းစစ်ကောင်စီအကြား ရက်ရှည်တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ပလမြို့ပေါ်တွင် သွားလာရေးအတွက်...
စစ်ကောင်စီ၏ မြေပြင်အနေအထားအားနည်းလာ၍ ပြည်သူ့စစ်တပ်ဖွဲ့များ အသုံးချလာကြောင်း KNU ပြော
စက်တင်ဘာလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီအနေဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် ဖြစ်ပွား သော မြေပြင်တိုက်ပွဲများကို ထိန်းချုပ်နိုင်မှုအနေအထား ဆိုးရွားလာခြင်းနှင့်အားနည်းလာခြင်းတို့ကြောင့် ပြည်သူ့စစ်တပ်ဖွဲ့များအား အသုံးချလာနေကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရ ပဒို စောကလယ်စေးက ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ(၁၉)ရက်နှင့် (၂၀)ရက်နေ့တို့တွင် စစ်ကောင်စီက...
ကျိုက်ဒုံ-ပိုင်ခလန် လမ်းမပေါ် မဲတလဲကျေးရွာရှိ လူနေအိမ် ၃ လုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့
စက်တင်ဘာလ ၂၅ ရက်။ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် တပ်မဟာ(၆)ကော့ကရိတ်မြို့နယ် ကျိုက်ဒုံ-ပိုင်ခလန် လမ်းမပေါ်တွင်တည်ရှိသော မဲတလဲကျေးရွာရှိ လူနေအိမ်(၃)လုံးကို ဖုချိမူ စစ် ကောင်စီတပ်စခန်း အခြေစိုက် တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် စက်တင်ဘာလ (၂၂)ရက်နေ့တွင် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံထံမှ သိရသည်။
ဖုချိမူစစ်ကောင်စီတပ်စခန်းတွင်...














