KIC News
KNU တပ်မဟာ (၆) နယ်မြေတွင် စစ်ရှောင်ဦးရေနေ့စဉ်မြင့်တက်နေသဖြင့် အကူအညီများ ထပ်မံလိုအပ်နေ
ဒီဇင်ဘာလ(၂၀)ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၆)ထိန်းချုပ်သည့် ဒူးပလာယာခရိုင်အတွင်း တော်လှန်ရေး အင်အားစုများနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ဦးရေ နေ့စဉ်မြင့် တက်နေ၍ စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ထပ်မံလိုအပ်နေကြောင်း ခရိုင် သတင်းနှင့်ပြန်ကြားရေး၏ ယနေ့ဒီဇင်ဘာလ(၂၀)ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းမှစ၍ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်တွင်...
တုပ်ကွေးရောဂါ တကျော့ပြန် အဖြစ်များလာသဖြင့် ဆေးဝါးများလိုအပ်ချက်ရှိနေ
ဒီဇင်ဘာလ(၂၀)ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ခရိုင်(၇)ခုတွင် ယခုနှစ် ဆောင်းရာသီကာလ တုပ် ကွေးရောဂါတကျော့ပြန် အဖြစ်များလာနေပြီး ဆေးဝါးလိုအပ်ချက်များလည်းရှိနေကြောင်း ကေအဲန်ယူ၏ ကရင် ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန(KDHW) ထံမှ သိရသည်။
ကော်သူးလေနယ်မြေများတွင်သာမက ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းအချို့တွင်လည်း တုပ်ကွေး ရောဂါများ ထပ်မံဖြစ်ပွားလာနေသည်ကိုတွေ့ရှိရပြီး ရောဂါ...
KNU တပ်မဟာ ၆ နယ်မြေထဲတွင် နှစ်ဖက်တိုက်ပွဲအရှိန်မြှင့် ဖြစ်ပွားလာနေ
ဒီဇင်ဘာ ၂၀ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊တပ်မဟာ(၆)နယ်မြေ၊ ဒူးပလာခရိုင်အတွင်းရှိ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ တောင်ကြာအင်း၊မြဝတီ နှင့် သင်္ဃန်းညီနောင်မြို့အနီးဝန်းကျင်များတွင် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်-BGF တပ်များ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ တိုက်ပွဲအရှိန်မြှင့်လာကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များကပြောသည်။
တောင်ကြာအင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်တစ်ဦးက “အခုကတိုက်ပွဲတွေနေ့တိုင်း ဆက်တိုက်ဖြစ်...
စခန်းသိမ်းယူရမှုအပြီး စစ်ကောင်စီ သေဆုံးစာရင်းနှင့် လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု ကေအဲန်ယူ ထုတ်ပြန်
ဒီဇင်ဘာလ ၂၀ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေရှိ စစ်ကောင်စီတပ်၏ မိုလိုကျိုး ခေါ် ဖဲထာနှင့် စောထာစစ်စခန်း ၂ ခုကို ဒီဇင်ဘာလ(၁၆)ရက်နေ့က တိုက်ခိုက်သိမ်းပိုက်မှုအပြီး စစ်ကောင်စီတပ်သား ၇၀ ဦးသေဆုံးကာ လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရရှိခဲ့ကြောင်း ကေအဲန်ယူ မူတြော်သတင်းစဉ်က ယမန်နေ့ညတွင် သတင်းထုတ်ပြန်ထားသည်။...














