KIC News
ဆွာမြို့ဘက်သွား တံတားတစ်စင်း စစ်တပ်က ဖျက်ဆီးလိုက်သဖြင့် သံတောင်မြောက်ပိုင်းရှိ ကျေးရွာများ သွားလာရေးခက်ခဲ
ဖေဖော်ဝါရီလ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ ဆွာမြို့သို့ ခြောက်သွေ့ရာသီအတွင်း သွားလာရေးအတွက် ယာယီဆောက်လုပ်ထားသော တံတားတစ်စင်းအား စစ်ကောင်စီတပ်က ဖျက်ဆီးလိုက်သဖြင့် သံတောင်ကြီးမြို့မြောက်ပိုင်း(အထူးဒေသ)၊ လိပ်သိုမြို့နယ်ခွဲရှိ ကျေးရွာမှဒေသခံများ သွားလာရေး ခက်ခဲသွားကြောင်း ဒေသခံများထံမှ သိရသည်။
ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းအစပ်တွင်ရှိသော သံတောင်(အထူးဒေသ) ကျောက်တံခါး ကျေးရွာအုပ်စုနှင့်...














