KIC News
မြိတ်မြို့တွင် ပြည်သူ့စစ်ထောက်ပံ့ကြေးဟုဆိုကာ တစ်အိမ်နှစ်သောင်းကျပ် ကောက်ခံနေ
မတ်လ ၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြည်သူ့စစ်ထောက်ပံ့ကြေးအတွက်ဟုဆိုကာ တစ်အိမ်လျှင် နှစ်သောင်းကျပ်နှုန်းဖြင့် ကောက်ခံမှုများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောသည်။
မြိတ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှစတင်ပြီး ပြည်သူ့စစ်အဖွဲ့များ ထောက်ပံ့နိုင်ရေးဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ...
သုံးလကျော်ပိတ်ထားသည့် ကော့ကရိတ်-မြဝတီ အာရှကုန်သွယ်ရေးလမ်း သွားလာခွင့်မရသေး
မတ်လ ၆ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား နှစ်ဖက်တိုက်ပွဲပြင်းထန်မှုကြောင့် သုံးလကျော်သွားလာမှု ပိတ်ထားရသည့် ကော့ကရိတ်-မြဝတီ အာရှကုန်သွယ်ရေးလမ်းမှာ လက်ရှိအချိန်ထိ သွားလာခွင့်မရသေးကြောင်း ဒေသခံ ပြည်သူများက ပြောသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ခဲ့သည့် KNLA ၏ ကော့ကရိတ်မြို့သိမ်းတိုက်ပွဲသည်...
အာဏာသိမ်း (၃)နှစ်ကျော်အတွင်း စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်ပေါင်း (၆၁) မြို့နယ်ရှိလာ
မတ်လ ၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီ အာဏာသိမ်းယူထားသည့် ၂၀၂၁ ခုနှစ်မှ လက်ရှိ ၂၀၂၄ ခုနှစ်၊ မတ်လ (၄) ရက်နေ့အထိ မြန်မာနိုင် ငံတစ်ဝှမ်းတွင် စစ်အုပ်ချုပ်ရေး(Martial Law) ထုတ်ပြန်ကြေညာထားသော မြို့နယ်ပေါင်း (၆၁) မြို့နယ်ရှိလာကြောင်း Data...
ရွှေကုက္ကိုလ်တွင် တိုက်ခန်းများတိုးချဲ့ဆောက်လုပ်နေသော်လည်း ငှားရမ်းနေသူမရှိသလောက်နည်းပါး
မတ်လ ၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ခြမ်းရှိ ရွှေကုက္ကိုလ်ဒေသတွင် လုပ်ငန်းကုမ္ပဏီများက တိုက်ခန်း အဆောင်များကို တိုးချဲ့ဆောက်လုပ်နေသော်လည်း အဆိုပါနေရာများတွင် ငှားရမ်းနေသူမရှိသလောက် နည်းပါး နေကြောင်း ရွှေကုက္ကိုလ်ဒေသခံများက ပြောသည်။
ယခင်က တရုတ်လူမျိုးနှင့် ကာစီနိုအွန်လိုင်းအလုပ်သမားများသည် တိုက်ခန်းအဆောင်များကို ငှားရမ်း နေထိုင်မှုများရှိခဲ့သော်လည်း လက်ရှိတွင်...














