KIC News
ခမရ-၅၆၄ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ရရှိပြီးဟု ရက္ခိုင့်တပ်တော်(AA) သတင်းထုတ်ပြန်
ဧပြီလ ၆ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အခြေစိုက်စစ်ကောင်စီ ခြေမြန်တပ်ရင်းဌာနချုပ်ကို ရက္ခိုင့်တပ်တော် (AA)မှ အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း ဧပြီလ (၅)ရက်နေ့ ညပိုင်းက ၎င်းတို့၏ တယ်လီဂရမ် စာမျက်နှာ တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း(ခမရ-၅၆၄)တပ်ရင်း ဌာနချုပ်ကို ပြီးခဲ့သည့် ဧပြီလ (၁)ရက်နေ့မှ...
ဓမ္မသကျေးရွာအတွင်း စစ်ကောင်စီတပ်များ ထပ်မံဝင်ရောက်တပ်စွဲထား
ဧပြီလ ၆ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ဓမ္မသကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧပြီလ ၅ရက်နေ့ ညပိုင်းအချိန်တွင် ထပ်မံ ဝင်ရောက်တပ်စွဲထားကြောင်း ကျေးရွာရှိ ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ဧပြီ ၅ရက်၊ ယမန်နေ့ ည(၇)နာရီခွဲအချိန်တွင် ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တပ်စွဲထားပြီး အင်အားအရေအတွက်ကိုမူ...
ကော့ကရိတ်အနီး ကျေးရွာများမှ ဒေသခံများ၏ ရာဘာပင်များ ကို စစ်ကောင်စီတပ် မီးရှို့ ခုတ်ဖြတ်
ဧပြီလ ၅ ရက်၊ ၂၀၂၄ခုနစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့အနီး၊ လှိုင်ဝအခြေစိုက် စစ်ကောင်စီတပ်စခန်းကုန်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် စခန်းကုန်းအနီးရှိ ဒေသခံများ၏ ရာဘာပင်များကို ခုတ်ဖြတ်မီး ရှို့ရှင်းလင်းမှုများပြုလုပ်နေကြောင်း စိုက်ခင်းမီးရှို့ခံနေရသည့် ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှစ၍ ဒေသခံ ရာဘာစိုက်ခင်းပိုင်ရှင်များကို အသိပေး အကြောင်းကြားခြင်းမျိုးမရှိဘဲ ၎င်းတို့ စခန်းကုန်းမှနေ၍...
ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံ ဂိတ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ
ဧပြီလ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီတပ်၏ မုပ္ပလင်လမ်းဆုံဂိတ်ကို ဧပြီလ ၄ ရက် ယမန်နေ့ ၊ နေ့လည် ၂ နာရီအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF က ယနေ့တွင်...
မြဝတီမြို့ သင်္ဃန်းညီနောင် အခြေချစစ်ဗျူဟာကုန်းအား KNLA မဟာမိတ်ပူပေါင်းတပ် တိုက်ခိုက် သိမ်းပိုက်
ဧပြီလ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့ သင်္ဃန်းညီနောင်အခြေချ စစ်ဗျူဟာကုန်းအား ဧပြီလ ၅ ရက်၊ ယနေ့တွင် စစ်တပ်လေကြောင်း တိုက်ခိုက်မှုအဆက်မပြတ် ဗုံးကြဲနေသည့်အကြားမှပင် နေ့လည် ၂နာရီကျော်အချိန်က ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ် ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်နိုင်ကြောင်း မြေပြင်သတင်းအရင်းအမြစ်က ပြောသည်။
“သင်္ဃန်းညီနောင်...













