Home Authors Posts by KIC News

KIC News

22460 POSTS 0 COMMENTS

တပ်ရင်း နှင့် ဂိတ်စခန်းတိုက်ခိုက်ခံရ၍ ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကာ ၃၀ ကျော် ဒဏ်ရာရ

ဧပြီလ ၁၉ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ-၂၉၉) နှင့် မလွဲတောင်ဂိတ်ခစန်းကို ဧပြီလ ၁၂ ရက်နေ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကာ ၃၀...

ရေတာရှည်၊ ‌ဆွာအရှေ့ခြမ်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၃၀)ကျော် သေဆုံးကြောင်း တော်လှန်ရေးတပ်ဖွဲ့ပြော

ဧပြီလ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့အရှေ့ဘက်ခြမ်းရှိ ကျေးရွာများတွင် ယခုအပတ်အတွင်း စစ် ကောင်စီနှင့်တော်လှန်ရေးပူး‌ပေါင်းတပ်ဖွဲ့များ နှစ်ဖက်ထိ‌တွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင်(၃၀)ကျော် သေဆုံးခဲ့ကြောင်း ပူးပေါင်းတပ်ဘက်က ယနေ့အတည်ပြုပြောသည်။ ဧပြီလ(၁၃)ရက်နေ့တွင် စစ်ကောင်စီက စစ်တောင်းမြစ်အနောက်ဘက်မှ ဆွာအရှေ့ဘက်ကျေးရွာများသို့ လက်နက်ကြီးနှင့်စတင်ပစ်ခတ်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ပြီး...

ကျုံဒိုးချောင်းဖျား၊ နဘူးလမ်းကြောင်းမှ စစ်ကူတက်လာသော စစ်ကောင်စီတပ်များ ကြားဖြတ်တိုက်ခိုက်ခံရ၍ လေကြောင်းဖြင့် ဗုံးကြဲနေ

ဧပြီလ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်ခွဲဒေသအတွင်း ရောက်ရှိနေသည့် စစ်ကောင်စီစစ်ကူစစ်ကြောင်းများ ယနေ့ နံနက် ၇ နာရီခန့်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ် ပူးပေါင်းတပ်များ၏ ကြားဖြတ် တိုက်ခိုက်ခံရသည့်အတွက် လေကြောင်းဖြင့်တုန့်ပြန်တိုက်ခိုက်မှု လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။ အဆိုပါ စစ်ကောင်စီစစ်ကူစစ်ကြောင်းများသည်...

မုပွန်နယ်မြေရဲစခန်းတွင် အချုပ်ဖောက်ပြေးမှုဖြစ်ပွားပြီး အချုပ်သားနှစ်ဦး လက်နက်နှင့်တကွ လွတ်မြောက်

ဧပြီလ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မုပွန်နယ်မြေရဲစခန်းတွင် ပြီးခဲ့သည့် ဧပြီလ(၁၇)ရက်နေ့က အချုပ်ဖောက်ပြေးမှုဖြစ်ပွားခဲ့ပြီး ထွက်ပြေးသည့်အချုပ်သား(၃)‌ဦးအနက် လက်နက်နှင့်တကွ (၂)ဦးလွတ်မြောက်သွားကြောင်း ရဲစခန်းနှင့်နီးစပ်သည့်သတင်းအရင်းအမြစ်မှ သိရသည်။ အဆိုပါအချုပ်‌ဖောက်ပြေးသူ(၃)ဦးမှာ ၎င်းတို့နေအိမ်မှပေးပို့လာသော ပစ္စည်းများအား အချုပ်ခန်း အတွင်းဝင်ပေးသည့် ရဲတပ်ဖွဲ့ဝင်၏သေနတ်ကို လုယူ၍ ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်ပြီး အပြန်...

စစ်‌ကောင်စီ လွှတ်ပေးသည့် အကျဥ်းသား (၃,၀၀၀)အနက် နိုင်ငံရေးအကျဥ်းသား (၁၀၁)ဦးသာ ပါဝင်

ဧပြီလ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ နှစ်သစ်ကူး‌ပြောင်းသည့် နှစ်ဆန်း(၁)ရက်နေ့ ဧပြီလ(၁၇)ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်း ထောင်အသီးသီးမှ အကျဥ်းသား (၃,၃၀၃)ဦးအား စစ်ကောင်စီက လွတ်ငြိမ်းချမ်း သာခွင့်ပေးခဲ့သည့် အနက် နိုင်ငံရေးအကျဥ်းသား (၁၀၁) ဦးသာပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဥ်းသားများ...

စစ်တပ် လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့အနီး၊ မြို့ဟောင်းရွာဆရာတော် ပျံလွန် တော်မူပြီး ရွာသား ၃ ဦးဒဏ်ရာရ

ဧပြီလ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ ကျေးရွာအုပ်စု၊ မြို့ဟောင်းကျေးရွာတွင် ယနေ့နေ့လည်က စစ်ကောင်စီလေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာကျောင်းထိုင် ဆရာတော်တစ်ပါးပျံလွန်တော်မူပြီး ရွာသား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေသည့်ကော့ကရိတ်မြို့အနီးအနားဝန်းကျင်တွင်...
Donate