Home Authors Posts by KIC News

KIC News

22460 POSTS 0 COMMENTS

ဖာပွန်အခြေစိုက် (ခမရ-၄၃၄) တပ်ရင်းအား KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်

ဧပြီလ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ဖာပွန်ဒေသအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ-၄၃၄) တပ်စခန်းအား ဧပြီလ ၂၄ ရက်၊ ယမန်နေ့ တစ်ရက်တည်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သည့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင်...

စစ်ကောင်စီ စစ်ကြောင်းကြောင့် နဘူးနှင့် ဒုံရင်းဒေသတွင် စစ်ရှောင်သူ ဦးရေ တိုးလာပြီး အကူအညီများလိုအပ်နေ

ဧပြီ ၂၅ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ မြဝတီမြို့ ပြန်လည်ရရှိရေးအတွက် ကော့ကရိတ်မြို့နယ်အတွင်းသို့ ဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်း ကြောင့် ထောင်နှင့်ချီသည့် ဒေသခံများသည် နီးစပ်ရာ နဘူး နှင့် ဒုံရင်းဒေသအတွင်းသို့ ထပ်မံဝင်ရောက် ခိုလှုံလာပြီး အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။ အင်အား ရာနှင့်ချီသည့်...

မြဝတီမြို့ကို တော်လှန်ရေးတပ်ဖွဲ့များ ပြန်လက်လွတ်ခဲ့ရသည့် အခြေအနေနှင့် စပ်လျဥ်း၍ ကရင့်နိုင်ငံရေးသုတေသီတစ်ဦး၏ သုံးသပ်ချက်

မြဝတီမြို့ကို တော်လှန်ရေးတပ်ဖွဲ့များ ပြန်လက်လွတ်ခဲ့ရသည့် အခြေအနေနှင့် စပ်လျဥ်း၍ ကရင့်နိုင်ငံရေးသုတေသီတစ်ဦး၏ သုံးသပ်ချက် ------------------ “ကျည်တစ်ပေါက်မှမပေါက်ဘဲ ပြန်ပေးလိုက်ရသလို တနေ့နေ့တချိန်ချိန်မှာ မြဝတီက တော်လှန်ရေး အင်အားစုတွေလက်ထဲကို ကျည်ဆံတစ်တောင့်မှမကုန်ဘဲနဲ့ ပြန်ရသွားနိုင်ပါတယ်။” ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် PDF တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ကြိုးပမ်းသိမ်းပိုက်ခဲ့ရ သော မြဝတီမြို့ရှိ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲများအတွင်း နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီ၏...

ရွှေကုက္ကိုလ်မြို့တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းများ ပြန်လည်ပတ်နေ

ဧပြီလ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်မြို့တွင် ရပ်နားထားသည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျား ဖြန့်)များ ပြီးခဲ့သည့် မတ်လမှစ၍ ပြန်လည်စတင်လည်ပတ်လုပ်ကိုင်လာနေကြောင်း ရွှေကုက္ကိုလ်ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစ၍ အွန်လိုင်းငွေလိမ်လုပ်ငန်းကုမ္ပဏီအများစု ရပ်နားထားရာမှ ယခင်လမှစ၍...

မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတား (၁) မြန်မာဘက်ကပိတ်ထားသဖြင့် ယာယီပတ်စ်ပို့နှင့် နေထိုင်အလုပ်လုပ်သူများ သက်တမ်းတိုးမရ ဖြစ်နေ

ဧပြီလ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ် မြဝတီချစ်ကြည်ရေး တံတားအမှတ် (၁)ကို ဧပြီ ၂၁ ရက်မှစပြီး ယာယီပိတ်ထားသည့်အတွက် မြဝတီ-မဲဆောက်အသွားအလာ တစ်ပတ်နေထိုင်ခွင့်ယာယီပတ်စ်ပို့ဖြင့် နေထိုင်သူများခွင့်ပြုရက်ကျော်လွန်ကုန် ပြီး သက်တမ်းတိုးလက်မှတ်ရယူရန် တံတားပိတ်ထားသည့်အတွက် ရက်လွန်ဒဏ်ကြေးအဆမတန်ပေး ဆောင်ရ မည်ကို စိုးရိမ်ပူပန်နေကြရကြောင်း သိရှိရသည်။ တံတားကူးလက်မှတ်...
Donate