Home Authors Posts by KIC News

KIC News

22460 POSTS 0 COMMENTS

ဘုရားမဲ စစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ်သား(၂)ဦးသေဆုံး

မေလ ၂၁ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ ဘုရားမဲ စစ်ဆေးရေးဂိတ်စခန်းကို ဒေသအခြေစိုက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်(၂)ဦး သေဆုံးခဲ့ကြောင်း ဗထူးတပ်မတော်(BHA)မှ ယမန်နေ့ ညတွင် ထုတ်ပြန်ထားသည်။ ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ ဘုရားမဲစစ်ဆေးရေးဂိတ်တွင် ရေဖြူအခြေစိုက် စစ်ကောင်စီ ခြေမြန် တပ်ရင်း (ခမရ-၄၀၆)...

ထိုင်းရေနံကုမ္ပဏီ PTTEP ၏ ပညာသင်ဆုအစီအစဥ်အား သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ သပိတ် မှောက်ကမ်ပိန်းပြုလုပ်ခဲ့

မေလ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် ရင်းနှီးလုပ်ကိုင်ခြင်းဖြင့် စစ်ကောင်စီကိုငွေကြေးအရ အထောက်အပံ့ပြုနေသော ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီမှ ပေးအပ်သည့် ပညာသင်ဆုအစီအစဥ်သို့ သပိတ် မှောက်ကမ်ပိန်းကို သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့က မေလ(၁၈)နှင့်(၁၉)ရက်နေ့တို့တွင် နှစ်ရက်တာ ပြုလုပ်ခဲ့သည်။ ထိုင်းနိုင်ငံပိုင် ရေနံနှင့်သဘာဝဓာတ်ငွေ့စွမ်းအင်ကုမ္ပဏီ PTT...

တနင်္သာရီ မြို့နယ်ရှိ စစ်ဘေးရှောင်များတွင် ငှက်ဖျားရောဂါ အဖြစ်များလာနေ

မေလ၂၀ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်ဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ အများစုနေထိုင်ရာနေရာများတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု ပိုမိုများပြားလာကြောင်း တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်အနီးကပ် ကူညီနေသူများက ပြောသည်။ ခြင်ကိုက်ခံရမှုများကြောင့် ပြီးခဲ့သည့်ဧပြီလမှ စတင်ပြီး အသက်လတ်ပိုင်း အရွယ်များတွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်း ပိုမိုများပြားလာကြောင်း စစ်ဘေးရှောင်ကူညီနေသူ အမျိုးသမီး တစ်ဦးက ယခုလို...

မြဝတီမြို့ရှိ ကျွန်းသစ်တောများ ခုတ်လှဲရောင်းစားခံရမှုကြောင့် ပျက်စီးမှုပိုများ လာနေ

မေလ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နှင့် ဌာနေလက်နက်ကိုင်အဖွဲ့ပေါင်းစုံက တပ်ဖွဲ့ဝင်များ၏ မြဝတီ ခရိုင်အတွင်း ကျွန်းစိုက်ခင်းနှင့် ကျွန်းသစ်တောမှ သစ်ပင်များကို ခုတ်လှဲရောင်းချနေခြင်းကြောင့် ကျွန်းသစ်ပင်များ ပျက်စီးမှု ပိုများလာနေကြောင်း မြဝတီသစ်တောဌာနဝန်ထမ်းဟောင်းတစ်ဦးက ကေအိုင်စီသို့ ပြောသည်။ ၎င်းက “ စစ်တပ်အာဏာမသိမ်းခင်က မြဝတီမြို့ပြင်နဲ့ညီနောင်၊...

သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်ဂိတ်တွင် ဂေဘားတပ်မတော် သင်တန်းဆင်းအချို့အား နေရာချထား

မေလ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၂) နယ်မြေ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ် သံတောင်-တောင်ငူလမ်းပေါ်ရှိ စစ်ကောင်စီတပ်ဂိတ်တွင် စစ်ကောင်စီ ကျောထောက်နောက်ခံပြုထားသော ဂေဘားတပ်မတော်မှ သင်တန်းဆင်းလာသူအချို့အား နေရာချထားကြောင်း ကေအဲန်ယူ သတင်းအရင်းအမြစ်မှ သိရသည်။ စစ်ကောင်စီက ပြည်သူ့စစ်ခေါင်းဆောင်အချို့၏ ဦးဆောင်မှုဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းကတည်းက...

ဖူ့ချိမူစခန်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ဒေ သခံ ၄ ဦးကိုပစ်သတ်

မေလ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်/တပ်မဟာ(၆) နယ်မြေ၊ ကော့ကရိတ်မြို့နယ် ဖူ့ချိမူ စစ်ကောင်စီတပ်စခန်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများသည် ယမန်နေ့ မေလ ၁၉ ရက်နေ့တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံအရပ်သား ၄ ဦးကို ပစ်သတ်သွားခဲ့သည်ဟု သိရသည်။ မေလ ၁၈...
Donate