Home Authors Posts by KIC News

KIC News

22460 POSTS 0 COMMENTS

KNU တပ်မဟာ(၅)နယ်မြေတွင် မေလအတွင်း စစ်ကောင်စီတပ်စခန်း (၅)ခု ရုပ်သိမ်းခဲ့

ဇွန်လ ၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်အရုံး၊ မူတြော်ခရိုင်/တပ်မဟာ(၅)နယ်မြေ၊ ဘူးသိုမြို့နယ်တွင် ပြီးခဲ့သည့် မေလအတွင်း စစ်ကောင်စီတပ်စခန်း (၅)ခု ရုပ်သိမ်းသွားခဲ့ကြောင်း ဇွန်လ (၄)ရက်၊ ယနေ့တွင် ထုတ်ပြန်သည့် ကေအဲန်ယူ မူတြော်ခရိုင်၏ လစဉ်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စခန်းရုပ်သိမ်းသည့် စစ်ကောင်စီတပ်စခန်းများမှာ ခြေမြန်တပ်ရင်း ခမရ-၄၃၄...

မြဝတီဒေသတွင်း လောင်းကစားနှင့် ကျားဖြန့်လုပ်ငန်းနေရာများတွင် ပြည့်တန်ဆာလုပ်ငန်းများ ပိုမိုတွင်ကျယ်လာနေ

ဇွန်လ ၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ထိုင်း−မြန်မာနယ်စပ်၊ ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ကာစီနိုလောင်းကစားနှင့် ကျားဖြန့် ငွေလိမ်လုပ်ငန်း အများစုအခြေချသည့် နေရာများတွင် ပြည့်တန်ဆာလုပ်ငန်းများ ပိုမိုတွင်ကျယ်လာနေသည်ဟု ပြည့်တန် ဆာလုပ်ငန်းနှင့် နီးစပ်သူများက ပြောသည်။ အဆိုပါ ဒေသရှိလောင်းကစားကုမ္ပဏီများနှင့် တရုတ်လုပ်ငန်းရှင်သူဌေးကြီးများက လူပွဲစားများလွှတ်၍ အမျိုး သမီးများခေါ်ယူရန်...

ကျိုက်ဒုံဒေသတွင် တပ်စခန်းအားလုံးတိုက်ခိုက်သိမ်းပိုက်နိုင်၍ တိုက်ပွဲဝင်ရဲဘော်များကို လူထုများဂုဏ်ပြု

ဇွန်လ၊ ၄ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ကော့ကရိတ်မြို့နယ် တောင်ပိုင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAတပ်ရင်း(၁၈)နယ်မြေရှိ ကျိုက်ဒုံဒေသထဲတွင် စစ်ကောင်စီတပ်စခန်းအားလုံးသိမ်းပိုက်နိုင်သည့်အပေါ် လူထုများ တိုက်ပွဲဝင် KNLAပူးပေါင်းတပ်ဖွဲ့ဝင်များကို ဇွန်လ ၁ ရက်နေ့က ဂုဏ်ပြုပွဲ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။ ထိုဒေသရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်သည့် ဖူးချိမူစစ်ကောင်စီတပ်စခန်းကို မေလ ၁၉...

KNU တပ်မဟာ(၃)အတွင်းရှိ တပ်စခန်းများ ပြန်ရယူရေး စစ်ကောင်စီတပ် အင်အားဖြည့် စစ်ကြောင်းထိုးနေ

ဇွန်လ ၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃) ထိန်းချုပ်နယ်‌မြေ၊ ညောင်လေးပင်ခရိုင်ရှိ စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးခဲ့ရသော ၎င်းတို့စခန်းများကို ပြန်ရယူနိုင်ရန် ပြီးခဲ့သည့် မေလပိုင်းမှစတင်၍ အင်အားဖြည့်တင်း စစ်ကြောင်းထိုးလာနေကြောင်း KNU တပ်မဟာ(၃) သတင်းအရင်းအမြစ်များမှ သိရသည်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များကြောင့်...

ထားဝယ်အရှေ့တောနယ်ဒေသရှိ စစ်ရှောင်နေအိမ်အများစု ဖောက်ထွင်းခံထားရ

ဇွန်လ ၄ ရက်၊၂၀၂၄ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသ တောင်သုံးလုံး ကျေးရွာရှိ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံများ၏ နေအိမ်အများစု ဖောက်ထွင်းခံထားရကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများကပြောသည်။ အရှေ့တောနယ်ဒေသ ထားဝယ်-မေတ္တာ-ထီးခီးကားလမ်းမပေါ်ရှိ တောင်သုံးလုံးကျေးရွာ အနီးတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလက စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ...

လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ငွေဈေးမတည်ငြိမ်၍ မွန်နှင့် ကရင်တွင် ကုန်စျေးနှုန်းများ အဆမတန် ထိုးတက်

ဇွန်လ ၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ မြန်မာကျပ်ငွေဈေးကျဆင်းပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းမတည်ငြိမ်သည့်အပြင် နယ်စပ်လမ်းပန်း ဆက် သွယ်ရေး အခက်အခဲများကြောင့် မွန်နှင့် ကရင်ပြည်နယ်တွင် အခြေခံစားသောက်ကုန်စျေးနှုန်းများ ပုံမှန် ထက် နှစ်ဆမြင့်တက်လျက်ရှိကြောင်း ကုန်ပစ္စည်းရောင်းချသူနှင့် စားသုံးသူများထံမှ သိရသည်။ ပြီးခဲ့သည့်မေလမှစ၍ ရာသီဥတုကြောင့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းများ ပျက်စီးသဖြင့် မော်တော်ယာဥ်များ...
Donate