Home Authors Posts by KIC News

KIC News

22460 POSTS 0 COMMENTS

လောင်းလုံးတွင် အသက်မပြည့်သေးသည့် အမျိုးသမီးငယ်တစ်ဦး စစ်ကောင်စီတပ် ပစ်သတ်

ဇူလိုင်လ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ သဗျာကျေးရွာ၊ နတ်ရေ ရတနာကျောင်းတိုက်အနီး နေအိမ်ရှိ အသက်(၁၆)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ယမန်နေ့ ဇူလိုင်လ (၁၀)ရက်နေ့က နေအိမ်ကျူးကျော်ဝင်ရောက်လာသော စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။ ယမန်နေ့ နံနက်ပိုင်းက နတ်ရေရတနာကျောင်းတိုက်အနီးတွင်...

တပ်ဖွဲ့ဝင်များ မူးယစ်ဆေးဝါးနှင့် လောင်းကစားလုပ်ငန်းများ မပြုလုပ်ရန် KNU/KNLA-PC နှင့် DKBAတို့ အမိန့်ညွှန်ကြားချက်ထုတ်

ဇူလိုင်လ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်-ထိုင်းနယ်စပ် မြဝတီမြို့ပေါ်ရှိ မူးယစ်ဆေးဝါးနှင့် လောင်းကစားကိစ္စများတွင် တပ်ဖွဲ့ဝင်များ အနေဖြင့် လုံးဝမပြုလုပ်ရန် ကရင်ငြိမ်းချမ်းရေးကောင်စီ-KNU/KNLA-PC နှင့် ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော်-DKBAအဖွဲ့တို့က ဇူလိုင်လ ၁၀ ရက်၊ ယနေ့ရက်စွဲဖြင့် အမိန့်ညွှန်ကြားစာ အသီးသီးထုတ်ပြန်လိုက်သည်။ မြဝတီမြို့ပေါ်ရှိ လောင်းကစားလုပ်ငန်းများတွင် ၎င်းတို့တပ်ဖွဲ့အနေဖြင့်...

ဖရူဆိုမြို့ အနောက်ဘက်ရှိ စစ်ဘေးရှောင်များ စားနပ်ရိက္ခာပြတ်လပ်မှုကြုံလာရ

ဇူလိုင်လ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်ပြည်သူများအနေဖြင့် လတ်တလောတွင် စားနပ် ရိက္ခာပြတ်လပ်မှုကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်များအား အနီးကပ်ကူညီနေသူများက ပြောသည်။ ဖရူဆိုမြို့အနောက်ဘက်ခြမ်းရှိ ဒေသခံများသည် ရွှေ့ပြောင်းတောင်ယာလုပ်ငန်းအများစုကို အသက် မွေးဝမ်းကျောင်းအနေဖြင့် လုပ်ကိုင်စားသောက်လျက်ရှိပြီး စစ်ဘေးရှောင်နေသူ ဒေသခံများအတွက် စိုက်ပျိုးရန် မြေနေရာနည်းပါးလာသောကြောင့်...
Donate