Home Authors Posts by KIC News

KIC News

22457 POSTS 0 COMMENTS

KNU ပါဝင်သော မဟာမိတ်အဖွဲ့များ အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေး အတိုင်ပင်ခံနှင့်တွေ့ဆုံ၍ မြန်မာ့အရေးဆွေးနွေး

ဩဂုတ် (၁၇)ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ အမျိုးသားညီညွှတ်ရေးအစိုးရ-NUGနှင့် အခြားတိုင်းရင်းသားမဟာမိတ်များ ပါဝင်သော အဖွဲ့မှ ပြီးခဲ့သည့် ဩဂုတ်လ(၁၅)ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် မစ္စတာတွမ်ဆူလီဗန်နှင့် အွန်လိုင်းအစည်းအဝေးပြုလုပ်၍ မြန်မာ့အရေးဆွေးနွေးခဲ့ကြကြောင်း KNU ဗဟိုက ယနေ့ထုတ်ပြန်သည်။ ဆွေးနွေးပွဲတွင် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရာ၌ စည်းလုံးညီညွှတ်ရန်၊ ပြည်သူ့ဝန်ဆောင်မှုနှင့် လူသားချင်းစာနာမှုအကူအညီ မြှင့်တင်ရန်...

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအနေဖြင့် NUG နှင့် တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားမှုအပေါ် ပံ့ပိုးပေးရန် အရပ်ဘက်အဖွဲ့ (၂၅၅)ဖွဲ့ တောင်းဆို

ဩဂုတ် ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ ရာထူးမှ နုတ်ထွက်ပြေးပြီးနောက် ကြားဖြတ်အစိုးရ ဖြစ်လာ သည့် နိုဘယ်ဆုရှင် ဒေါက်တာမူဟမ္မဒ်ယူနွတ်စ် ဦးဆောင်အကြံပေးတာဝန်ခံများအနေဖြင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့၏ ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေးလှုပ်ရှားမှုအပေါ် ပံ့ပိုးပေးရန် တော်လှန်အရပ်ဘက်အဖွဲ့(၂၅၅)ဖွဲ့က...

ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန ဦးဆောင်ပြီး ပထမဆုံးအကြိမ် ရိုးရာစုပေါင်းလက်ချည်ပွဲကျင်းပ

ဩဂုတ် ၁၇ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECD (ဗဟို)မှ ဦးဆောင်ပြီး ယခု ဝါခေါင်လအတွင်းကျရောက်သည့် ကရင့်ရိုးရာ ချည်ဖြူထုံးဖွဲ့ခြင်း(ကရင့်ရိုးရာလက်ချည်ပွဲ)ကို ဖား အံခရိုင် အတွင်းရှိ KECD ပညာရေးဌာနတွင် ပထမဦးဆုံးအကြိမ် ပြုလုပ်ကျင်းပခဲ့သည်။ KECD ၏ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များတွင်...

(၅)လအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်ပြုလုပ်ခဲ့ပြီး မုန်းဒေသခံ တစ်သောင်းကျော် စစ်ရှောင်နေရ

ဩဂုတ် (၁၇)ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်တွင် ပြီးခဲ့သည့်် ဧပြီလမှ ဩဂုတ်လ(၁၅)ရက်နေ့အထိ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု (၇)ကြိမ်ပြုလုပ်ခြင်း၊ ရွာအတွင်း ဝင်ရောက်မီးရှို့ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံ(၁၀,၇၃၄)ဦး စစ်ဘေးရှောင်ခဲ့ရကြောင်း မြို့နယ်၏ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက ယနေ့ ထုတ်ပြန်သည်။ ထိုသို့ပစ်ခတ်မှုများကြောင့် မုန်းမြို့နယ်ဒေသခံ(၁၉)ဦး သေဆုံးပြီး...

ကျိုက်ထိုမြို့ခံအမျိုးသား(၄)ဦး စစ်မှုထမ်းရန် နေအိမ်တွင်းအထိဝင်ရောက် ဖမ်းဆီးခံရ

ဩဂုတ် ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်နေ အမျိုးသား(၄)ဦးအား ယမန်နေ့ ဩဂုတ်လ(၁၆)ရက်နေ့ ည(၇)နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ စစ်မှုထမ်းရန်အကြောင်း ပြချက်ဖြင့် နေအိမ်အတွင်းထိဝင်ရောက်ဖမ်းဆီးသွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။ စစ်နှင့်ရဲတပ်ဖွဲ့ဝင် အင်အား(၃၀)ခန့်ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကား(၃)စီးဖြင့် မြောက်ပိုင်းရပ်ကွက်ရှိ အဆိုပါလူငယ်အမျိုးသားများ၏နေအိမ်အတွင်းထိဝင်ရောက်၍...
Donate