Home Authors Posts by KIC News

KIC News

22457 POSTS 0 COMMENTS

သီပေါမြို့ပေါ်သို့ ဗုံးအလုံး ၅၀ ကျော် စစ်ကောင်စီကြဲချ တိုက်ခိုက်

ဩဂုတ် ၂၇ ရက် ၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ပေါ်သို့ ယနေ့နံနက် တစ်နာရီဝန်းကျင် အချိန်တွင် စစ်ကောင်စီက Y-12 ဂျက်ဖိုက်တာဖြင့် ဗုံးအလုံး ၅၀ ကြဲချတိုက်ခိုက်ခြင်းကြောင့် ဒေသခံအမျိုးသား ၂ ဦး သေဆုံးပြီး ၂ ဦးထိခိုက် ဒဏ်ရာရရှိသွားသည်ဟု တအာင်းအမျိုးသား...

ဇရပ်ကြီးဒေသ အနောက်ပိုင်းကျေးရွာများတွင် PDF ဟုဆိုကာ ပစ်သတ်ခံရသည့် ဒေသခံအချို့ ရှိနေ

ဩဂုတ် ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးဒေသအနောက်ဘက် ဒါးဒေါက်ကျေးရွာအုပ်စုတွင် စစ်တပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟုစွပ်စွဲ၍ ပစ်သတ်ခံရသူ ဒေသခံအချို့ရှိနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။ ဩဂုတ်လဆန်းပိုင်းကတည်းက နှစ်ဖက်စစ်ရေးပဋိပက္ခကြောင့် နယ်မြေပိတ်ဆို့လှုပ်ရှားမှုများ လုပ်ဆောင်နေသော စစ်ကောင်စီက ဒါးဒေါက်ကျေးရွာအုပ်စု၊ ကင်မွန်းချုံကျေးရွာအုပ်စုမှ ဇရပ်ကြီးမြို့သို့လာသည့် လမ်းမကြီးကိုပိတ်၍...

အကျဥ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုမရသဖြင့် အသက်သေဆုံးသူ နိုင်ငံရေးအကျဥ်းသား (၁၀၁) ဦး ရှိလာ

ဩဂုတ် ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ စစ်တပ် အာဏာသိမ်းပြီးနောက် တော်လှန်ရေးနှင့်ဆက်စပ်၍ မြန်မာနိုင်ငံအနှံ့ရှိအကျဥ်းထောင်များတွင် ထောင်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဥ်းသားများအနက် ကျန်းမာရေးစောင့်ရှောက်မှုကောင်းမွန်စွာ မရရှိသဖြင့် အသက်သေဆုံးခဲ့ရသော အကျဥ်းသား (၁၀၁)ဦး ရှိလာကြောင်း မှတ်တမ်း တင်ထားသည့်အဖွဲ့များထံမှ သိရသည်။ အကျဥ်းထောင်များအတွင်း နိုင်ငံရေးအကျဥ်းသူ/သားများ အကြောင်းအမျိုးမျိုးဖြင့် ထောင်အာဏာပိုင်များ၏ ကိုယ်ထိလက်ရောက်ရိုက်နှက်ခံရခြင်း၊...

စခန်းသိမ်းတိုက်ပွဲ ပြင်းထန်လာချိန် အနန်းကွင်းဗျူဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထွက်ပြေး

ဩဂုတ် ၂၆၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)၊ ဝင်းရေးမြို့နယ် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမပေါ်ရှိ အနန်းကွင်းစစ်ဗျူဟာ၊ စခန်းသိမ်းတိုက်ပွဲ အရှိန်မြှင့် ပြင်းထန်လာသည့်အချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထွက်ပြေးမှုများ ဖြစ်ပေါ်နေသည်ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။ အဆိုပါ ဗျူဟာစခန်း မကျရေးအတွက် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ အပြင်း...

“အကြိမ်ရေအပြည့်အဝ ကာကွယ်ဆေးမထိုးနိုင်ခဲ့တဲ့ ကလေးတွေ”

"အကြိမ်ရေအပြည့်အဝ ကာကွယ်ဆေးမထိုးနိုင်ခဲ့တဲ့ ကလေးတွေ" လွန်ခဲ့တဲ့ ၂နှစ်ကျော်ဝန်းကျင်ကာလကို ပြန်ကြည့်မယ်ဆိုရင် အသက် ၂နှစ်အောက်ကလေးရှိတဲ့ မိဘတွေ ဗျာများခဲ့ရတဲ့ အခြေအနေတစ်ရပ် ရှိခဲ့ပါတယ်။ အဲဒါကတော့ ကာကွယ်ဆေးထိုးနှံရေးကိစ္စဖြစ်ပါတယ်။ အသက်အရွယ်အလိုက် ကာကွယ်ဆေး ထိုးရမယ့်အချိန်မှာ ကိုဗစ်ကာလဖြစ်နေတာရယ်၊ နိုင်ငံရေး အပြောင်းအလဲတွေရယ်၊ ဆေးဝါးပြတ်တောက်မှုတွေရယ်၊ နေရပ်စွန့်ခွာရတဲ့ အခြေအနေအကြောင်းကြောင်းတွေရယ်ကြောင့် ကလေးတွေ ကာကွယ်ဆေးထိုးဖို့...

ကျုံဒိုးဒေသရှိ စစ်ကောင်စီ တပ်ရင်း၊ တပ်ဖွဲ့များ အလစ်ငိုက်တိုက်ခိုက်ခံရမည်စိုး၍ အင်အားတိုး ခံစစ်ပြင်ဆင်နေ

ဩဂုတ်လ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးနယ်မြေအတွင်းရှိ စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့နေရာများအား ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပါင်းတပ်များမှ အလစ်အငိုက် ဝင်ရောက် တိုက် ခိုက်ခြင်း၊ ဒရုန်း၊ ရှော့ခ်တိုက်ဒုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း မရှိစေရေးအတွက် စစ်ကူအင်အားဖြည့် တင်းကာ ခံစစ်ပြင်ဆင်နေကြကြောင်း...
Donate