Home Authors Posts by KIC News

KIC News

22457 POSTS 0 COMMENTS

စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ဟု မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်းပြော

စက်တင်ဘာ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၂ မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ် (အမတ-၃၀၆)က အင်အား...

တောင်ငူတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းကို နေရာအချို့သာ ဆောင်ရွက်နိုင်သေး

စက်တင်ဘာ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ စစ်တောင်းမြစ်ရေလျှံတက်မှုကြောင့် ရေဘေးဒဏ်ခံစားခဲ့ရသည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ရေများ စတင်ကျသွားပြီး ယခုလ ၂၃ ရက်နေ့မှစ၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်လုပ် ဆောင်နေကြပြီးဖြစ်သော်လည်း နေရာအချို့တွင် လုပ်ငန်းစတင်ရန်ခက်ခဲနေသေးကြောင်း မြို့ခံ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တာဝန်ရှိသူများက ပြောသည်။ ရေကြီးမှု...

ရေဘေးသင့် သေ့ဘောဘိုးစစ်ရှောင်စခန်း ပြန်လည်ထူထောင်ရေးအတွက် အကူအညီများလိုအပ်နေ

စက်တင်ဘာ ၂၅ ရက်၊ ၂၀၂၄ခုနစ်။ ကေအိုင်စီ သောင်ရင်းမြစ်ရေလျှံပြီး ရေကြီးနစ်မြှုပ်သွားသည့် မြဝတီမြို့တောင်ပိုင်း ဝေါလေဒေသရှိ သေ့ဘောဘိုး စစ် ရှောင်စခန်းတွင် ရေများပြန်ကျပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် စစ်ရှောင် များအတွက် နေရာထိုင်ခင်းဆောက်လုပ်ရေးပစ္စည်းများ လိုအပ်လျက်ရှိကြောင်း စစ်ရှောင်စခန်း၏ တာဝန်ရှိသူများထံမှ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်မှစပြီး ရာဂီမုန်တိုင်းအရှိန်ကြောင့်...

ကျုံပျော်မြို့နယ်ရှိ ကျေးရွာများတွင် စစ်တပ်က ဂိတ်များဆောက်လုပ်ပြီး ဒေသခံများအား ညဘက်လုံခြုံရေးယူခိုင်း

စက်တင်ဘာ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးစနစ်အရ ပြီးခဲ့သည့် ဩဂုတ်လပိုင်းမှစတင်ကာ ရွာခံများသာပါဝင်သည့်လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းပြီး ဂိတ်တဲများဆောက်လုပ်၍ ညဘက်လုံခြုံရေး ယူခိုင်းထားကြောင်း ဒေသခံများထံမှ သိရသည်။ ကျုံပျော်မြို့နယ်၊ ရှမ်းစု-ချောင်းစောက်-လှည်းဆိပ်-မိုးကြိုးပစ် အစရှိသည့်ကျေးရွာများမှ ကျုံပျော်မြို့အထိ ရွာထိပ်၊...

သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ကရင်နီ စစ်ရှောင်းများ အရေပြားရောဂါဖြစ်နေ

စက်တင်ဘာ ၂၅ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင် စခန်းများ၌ ရေကြီးမှု ဖြစ်ပွားပြီးနောက် သောက်သုံးရေ မသန့်ရှင်းမှုကြောင့် စစ်ရှောင်များ အရေပြားရောဂါ ဖြစ်ပွားနေသည်ဟု သိရသည်။ ရာဂီမုန်တိုင်းအရှိန်ကြောင့် ဒီးမော့ဆို အနောက်ဘက်ခြမ်းတွင် ယခုလို ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး နောက် ပိုင်း...
Donate