Home Authors Posts by KIC News

KIC News

22457 POSTS 0 COMMENTS

ပြောင်းခင်းထဲက ‘အိပ်မက်’

ပြောင်းခင်းထဲက ‘အိပ်မက်’ စောကို (အောင်တိုဘာ ၈၊ ၂၀၂၄) “ပြောင်းချိုးတော့ လက်အိတ်တွေလည်း ဝတ်ရမှန်းမသိဘူး။ လက်အရေခွံတွေလှန်တယ်။ ခေါင်းကို အဝတ်အုပ် ရမှာလည်း မသိတော့ အပူခံရတာပေါ့” ဟု အသက် ၁၈ နှစ်အရွယ် ပြောင်းစိုက်အလုပ်သမ ဖြစ်သူက ပြောင်းခင်း လုပ်သမားဘဝအစကို ပြန်ပြောပြသည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀...

စွန့်ခွာသွားသည့် သိန္ဓောစခန်းကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ

အောက်တိုဘာ ၈ရက် ၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ သိန္ဓောစစ်ကောင်စီစခန်း နှင့်အနီးတဝိုက်ကို စစ်ကောင်စီက အောက်တိုဘာ ၇ ရက်နေ့တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသတွင်းရှိ မြိတ်ခရိုင်၊ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း- ပြန်ကြားရေးတာဝန်ခံ ရဲဘော်မျိုးကြီးက ပြောသည်။ အဆိုပါ သိန္ဓောစခန်းကို...

ကြံ့ခိုင်ရေးပါတီတာဝန်ရှိသူကိုယ်တိုင် သန်းခေါင်စာရင်းဦးဆောင်ကောက်ယူနေ၍ ဒေသခံများ အယုံအကြည်မရှိဖြစ်နေ

အောက်တိုဘာလ ၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ‌ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးဒေသ ကျေးရွာများဘက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ တာဝန်ရှိသူများဦးဆောင်ပြီး သန်းခေါင်စာရင်းကောက်ယူနေသည့်အတွက် ဒေသခံများအယုံအကြည်မရှိဖြစ်နေကြောင်း ဒေသခံသတင်းအရင်းအမြစ်ထံမှ သိရသည်။ ကော့ကရိတ်မြို့နယ် ကျုံဒိုးဒေသ ကော့ဘိန်း၊ ကော့ပေါက်၊ ဒေါ့ဖျာ၊ ကော့ကမာအပါအဝင် မွန်တိုင်းရင်းသားအများစုနေထိုင်သည့် ကျေးရွာများဘက်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ...

သန်းခေါင်စာရင်းတွင် အိမ်တွင်ပြောဆိုသည့်ဘာသာစကားကို တမင်မှားယွင်းထည့်သွင်းမှုများရှိနေ

အောက်တိုဘာ ၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက ပြောဆိုသော ဘာသာစကားမေးခွန်းကို ကရင်စကားပြောဆိုသည်ဟု ဖြေဆိုသော်လည်း ဗမာ စကားပြောသည်ဟု ထည့်သွင်းဖြည့်စွက်မှုများရှိနေကြောင်း အခြေအနေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ကရင်အမျိုးသမီးတစ်ဦးက ပြောသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက...

ခလယ်လွီထူ(ညောင်လေးပင်) ခရိုင် နောက်ဆုံးရသတင်းတိုများ

အောက်တိုဘာ ၇ရက် ၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၃ နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်အတွင်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းဖြင့် ဗုံးသီးကြဲချမှုနှင့် လူ့အခွင့်အရေးချိုး ဖောက်မှုစသည့်သတင်းတိုများကို စုစည်းဖော်ပြလိုက်ပါသည်။ မူး(မုန်း) မြို့နယ်တွင် စစ်ကောင်စီ ဒရုန်းဗုံးကြဲအမျိုးသမီးတစ်ဦးသေဆုံး ကေအဲန်ယူ-မူးမြို့နယ်တွင် စစ်ကောင်စီခြေလျင်တပ်ရင်း (ခမရ-၃၀၇)က...

ဘုရားသုံးဆူတွင် တရုတ်များ လုပ်ငန်းမျိုးစုံတိုးချဲ့ လောင်းကစားများ ပြုလုပ်နေ

အောက်တိုဘာ ၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ(၆) ဘုရားသုံးဆူမြို့တွင် တရုတ် လူမျိုးများအများပြား ဝင်ရောက်နေထိုင်ပြီး စီးပွားရေးလုပ်ငန်းမျိုးစုံ တိုးချဲ့နေသလို လောင်း ကစား မှုများလည်း ပြုလုပ်နေသည်ဟု မြို့ခံများက အောက်တိုဘာ ၇ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။ ဘုရားသုံးဆူမြို့သို့...

ကျောင်းအုပ်ကြီးပါဝင်သည့် သန်းခေါင်စာရင်းကောက်သူ ၇ ဦးကို လောင်းလုံး PDF ဖမ်းဆီး

အောက်တိုဘာ ၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျောင်းအုပ်ဆရာမကြီး ပါဝင်သည့် သန်းခေါင်စာရင်း ကောက်ယူသူ ၇ ဦး ကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာ ၆ ရက်နေ့ညပိုင်းတွင် ဖမ်းဆီးလိုက်သည်ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။ လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအတွင်းနေထိုင်သည့် ဒေသခံပြည်သူများကို...
Donate