Home Authors Posts by KIC News

KIC News

22453 POSTS 0 COMMENTS

လက်နက်ကြီးကြောင့် ကော့ကရိတ်၊ ကမှိုင်ကုန်းရွာသားများ ထွက်ပြေးတိမ်းရှောင်နေရ

ဇန်နဝါရီ ၂၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ တောင်ပိုင်းရှိ ကမှိုင်ကုန်း ကျေးရွာသို့ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြီးခဲ့သည့်ရက်ပိုင်းတွင် မကြာခဏ လက်နက်ကြီးပစ်ခတ် နေမှုကြောင့် ရွာခံများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နေရသည်ဟု ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်အနေဖြင့် ယခင်က လက်နက်ကြီးကို အားထားအသုံးပြုရာမှ...

ကျားဖြန့်ပြဿနာဖြေရှင်းရန် သတင်းဖလှယ်ရေးကို ဦးစွာလုပ်ရမည်ဟု ကေအဲန်ယူပြော

ဇန်နဝါရီ ၂၁၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ငွေကြေးလိမ်လည်ဖြားယောင်းမှု(ကျားဖြန့်) ပြဿနာအပါအဝင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို ဖြေရှင်းရန် အိမ်နီးချင်း ၅ နိုင်ငံအစိုးရများအနေဖြင့် သတင်းအချက်အလက်ဖလှယ်ရေးကို ပထမဦးစွာပြုလုပ်ရမည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရ ပဒိုတောနီးက ပြောသည်။ ကေအဲန်ယူအပါအဝင် ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများ၏ မြန်မာနိုင်ငံရှိ ကြီးထွားလာနေသည့် ဆိုက်ဘာရာ ဇ၀တ်မှု အကျပ်အတည်းအပေါ်...

ဒေါ်နယ်ထရမ့် ကန်သမ္မတ ဖြစ်လာပြီး နာရီပိုင်းအတွင်း ဒုက္ခသည်ခေါ်ယူမှု အစီအစဉ် ယာယီရပ်ဆိုင်း

ဇန်နဝါရီ ၂၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ဒေါ်နယ်ထရမ့် အမေရိကန်ပြည်ထောင်စု သမ္မတအဖြစ် တာဝန်စတင်ထမ်းဆောင်ပြီး နာရီပိုင်းအတွင်း ဒုက္ခသည် ခေါ်ယူရေး အစီစဉ်ကို ယာယီရပ်ဆိုင်းလိုက်သည်ဟု သမ္မအိမ်ဖြူတော်က ထုတ်ပြန်ကြေညာ လိုက်သည်။ အမေရိကန်အနေဖြင့် ဒုက္ခသည်များကို ကူညီရန် ငွေကြေးနှင့် နေရာထိုင်ခင်း၊ အိမ်ယာ စသည့် အရင်းအမြစ်များ...

မိုးဗြဲမြို့ကို ပြန်ထိန်းချုပ်ရန် စစ်ကောင်စီစစ်ကြောင်းထိုး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ

ဇန်နဝါရီ ၂၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ကို နယ်မြေစိုးမိုးမှုပြန်ရရန် စစ်ကောင်စီက ဇန်နဝါရီ ၁၉ ရက်နေ့တွင် စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် တော်လှန်ရေးတပ်များနှင့် နှစ်ဖက် တိုက်ပွဲပြန်းထန် နေသည်ဟု ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ပြောရေးဆိုခွင့်ရှိသူ တာအယ်စိုးက ပြောသည်။ အဆိုပါ...

စစ်ပဋိပက္ခကြောင့် ၂၀၂၄ ခုနှစ်အတွင်း ၃ ရက်လျင် အမျိုးသမီး ၄ ဦးခန့် သေဆုံးခဲ့

ဇန်နဝါရီ ၂၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ စစ်ပဋိပက္ခကြောင့် ၂၀၂၄ ခုနှစ်အတွင်း ၃ ရက်လျင် အမျိုးသမီး ၄ ဦးခန့် သေဆုံးခဲ့ရ သည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့ချုပ် (BWU)က ထုတ်ပြန်ပြောသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့်...
Donate