KIC News
မြဝတီ ဆန္ဒပြပွဲ ကြွေးကြော်မှုများ လက်တွေ့မကျ၍ ပူးပေါင်းသူနည်းပါး
ဖေဖော်ဝါရီ ၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးနှင့် လောင်စာဆီ တင်ပို့ရောင်းချမှုရပ်တန့် လိုက်သည့်အပေါ် တုန့်ပြန်သည့် အနေဖြင့် ထိုင်းကုန်စည်များ မသုံးစွဲရေးနှင့် နယ်စပ်ဂိတ်ပိတ်ရန် မြဝတီမြို့ပေါ်၌ ယနေ့ နံနက်ပိုင်းတွင် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပြီး ပူးပေါင်းပါဝင်သူ နည်းပါးသည်ဟု မြို့ခံများက ပြောသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို...
အနန်းကွင်းကျေးရွာရှိ နေအိမ် ၅၀ ကျော်ကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး
ဖေဖော်ဝါရီ ၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)၊ ဝင်းရေးမြို့နယ် အနန်းကွင်းကျေးရွာ၌ လူနေအိမ် ၅၀ လုံးကျော်ကို စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့သည်ဟု နယ်မြေခံ ကေအဲန်ယူ တာဝန်ရှိသူက ပြောသည်။
အဆိုပါ အနန်းကွင်းကျေးရွာရှိ စစ်ကောင်စီဗျူဟာကုန်းတပ်စခန်းကို စစ်ကူအင်အားတိုးပို့ထားပြီးနောက် ဝေဟင်မှ...
စစ်ကောင်စီကို ရေနံရောင်းသည့် ကုမ္ပဏီ စင်ကာပူစတော့အိတ်ချိန်းက ရှယ်ယာရောင်းဝယ်ခွင့် ရပ်ဆိုင်း
ဖေဖော်ဝါရီ ၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီ ထိန်းချုပ်ထားသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) သို့ ရေနံ ရောင်းချသည့် စင်ကာပူရေနံ ကုမ္ပဏီ Interra Resources Ltd ကို စင်ကာပူစတော့အိတ်ချိန်း၌ ဇန်နဝါရီလကုန်ပိုင်းတွင် ရှယ်ယာရောင်းဝယ်ခွင့် ရပ်ဆိုင်း လိုက်သည်ဟု Finance...
အတင်းအဓမ္မ စစ်မှုထမ်းရသူများ အလင်းဝင်ရန် KNU ဖိတ်ခေါ်
ဖေဖော်ဝါရီ ၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီက မတရားအတင်းအဓမ္မ စေခိုင်းမှုကြောင့် လက်နက်ကိုင် စစ်မှုထမ်းနေရသူများကို ကရင်အမျိုးသား အစည်းအရုံး-ကေအဲန်ယူအပါအဝင် တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချအလင်းဝင်ရန် အမြဲမပြတ် ကြိုဆို ကြောင်း ကေအဲန်ယူက ထုတ်ပြန် ပြောဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ (၅)ရက်နေ့က ကေအဲန်ယူ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်...














