Home Authors Posts by KIC News

KIC News

22447 POSTS 0 COMMENTS

တနင်္သာရီမြို့တွင် ဧည့်စာရင်းစစ်ပြီး လူငယ်များကို ဖမ်းဆီး စစ်မှုထမ်းရန် လူစုနေ

ဖေဖော်ဝါရီ ၁၃ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ပေါ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ဧည့်စာရင်းစစ်ပြီး လူငယ်များကို ဖမ်းဆီးကာ စစ်မှုထမ်းရန် လူစုဆောင်းမှုများ လုပ်ဆောင်နေသည်ဟု မြို့ခံတို့က အသီးသီးပြောဆိုသည်။ အဆိုပါ တနင်္သာရီမြို့ပေါ် ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်များသို့ စစ်ကောင်စီ၏ ရပ်ကွက် အုပ်ချုပ် ရေးမှူးများနှင့် တပ်ဖွဲ့ဝင်များက...

သံတောင်ကြီးအထူးဒေသရှိ ရှမ်းလယ်ပြင်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့ ပိတ်ဆို့တိုက်ခိုက်နေ

ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၂)နယ်မြေ၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ် အထူးဒေသရှိ ရှမ်းလယ်ပြင် စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းမှစတင်၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိရန် ပိတ်ဆို့တိုက်ခိုက်နေကြောင်း သိရသည်။ သံတောင်အထူးဒေသအတွင်းပါဝင်သော ရှမ်းလယ်ပြင်ကျေးရွာအခြေစိုက် ထိုတပ်စခန်းသည် မဟာဗျူဟာလည်းမြောက်သလို စစ်ကောင်စီ၏ရုံးဌာနများအခြေစိုက်ရာ နေပြည်တော်နှင့် လည်းလွန်စွာနီးကပ်သဖြင့်...

တနင်္သာရီတွင် စစ်ရှောင်၂၀၀ ဦးကျော် ယားနာနှင့် ဝမ်းရောဂါဖြစ်နေ

ဖေဖော်ဝါရီ ၁၃ရက် ၊၂၀၂၅ ခုနှစ်။ ကေအိုင်စီ တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများ၌ လူ ၂၀၀ ဦးကျော် ယားနာနှင့်ဝမ်းပျက်ဝမ်းလျှောရောဂါ များ ဖြစ်ပွားနေသည်ဟု မြေပြင်ကူညီနေသူများက ပြောသည်။ စစ်ကောင်စီ စစ်ကြောင်းထိုးလာသည့်အတွက် တနင်္သာရီမြို့နယ်အတွင်းရှိ သိန်ခွန်းကျေးရွာအုပ်စုနှင့် ထုံမခါရွာ၊ သဘော့လိပ်ငယ်ရွာများမှ ဒေသခံများ စစ်ဘေးရှောင်နေရပြီး ကျန်းမာရေးစောင့်ရှောက်မှု အားနည်းသည့် အတွက်...

ဖက်ဒရယ် အသွင်ကူးပြောင်းရေးကာလအတွက် ဥပဒေ ပြင်ဆင်ရေးဆွဲနေပြီဖြစ်ကြောင်း အတိုက်အခံ အဖွဲ့(၉)ဖွဲ့ ကြေညာ

ဖေဖော်ဝါရီ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ပါဝင်သည့် စစ်ကောင်စီအတိုက်အခံအဖွဲ့(၉)ဖွဲ့က ဖက် ဒရယ်ပြည်ထောင်စု အသွင်ကူးပြောင်းရေးကာလတွင် အသုံးပြုမည့် ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေ-AFTA အား ပြင်ဆင်ရေးဆွဲနေပြီဖြစ်ကြောင်း ယနေ့ရက်စွဲဖြင့် ကြေညာလိုက်သည်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် လူမျိုး(သို့မဟုတ်)ပြည်နယ်ကိုယ်စားပြု ကော်မတီများ ပါဝင်သော အဖွဲ့(၉)ဖွဲ့က ပြည်နယ်အားကောင်းရေးမှ...
Donate