KIC News
ဖမ်းထားသည့် ကျားဖြန့်လုပ်ငန်း ခေါင်းဆောင်ပိုင်းများကို သီးသန့်လွှဲပို့သွားမည်ဟု ဗိုလ်မှူးကြီး စောချစ်သူပြော
ဖေဖော်ဝါရီ ၁၇ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF က ၎င်းတို့နယ်မြေအတွင်း လူမှောင်ခိုနှင့် ကျားဖြန့် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်း နှိမ်နှင်းရေးလုပ်ငန်းစဉ်တွင် ဖမ်းမိထားသည့် ကျားဖြန့်လုပ်ငန်း ခေါင်းဆောင်ပိုင်းကို သီးသန့် လွှဲပို့သွားရန် စီစဉ်ထားသည်ဟု BGF ခေါင်းဆောင်ဗိုလ်မှူးကြီး စောချစ်သူက ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍...
အတင်းအကြပ် စစ်သားစုဆောင်းခံရသူ စစ်ကောင်စီတပ်သား ၃ ဦး လက်နက်နှင့်တကွ KNLA ထံ ခိုလှုံ
ဖေဖော်ဝါရီလ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ/ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၉)ထံသို့ အတင်းအကြပ် စစ်သားစုဆောင်းခံရသူ စစ်ကောင်စီ တပ်သား(၃)ဦး ယနေ့ လက်နက်နှင့်တကွ အလင်းဝင်ရောက်လာကြောင်း ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်ထားသည်။
စစ်ကောင်စီထံမှ အတင်းအကြပ် စစ်မှုထမ်းစေခိုင်းခံရသူ ခြေမြန်တပ်ရင်း ခမရ-၅၈၄ မှ...
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ဘီးလင်းဒေသခံ ၅ ဦး ဒဏ်ရာရပြီး နေအိမ် ၉လုံး ထိခိုက်ပျက်စီးခဲ့
ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးသထူ(သထုံ)ခရိုင်/တပ်မဟာ (၁)၊ ဘီးလင်းမြို့နယ်ရှိ ကော်ဟဲကျေးရွာသို့ စစ်ကောင်စီ၏ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၅ ဦး ဒဏ်ရာရပြီး နေအိမ် ၉ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ယမန်နေ့ (ဖေဖော်ဝါရီလ ၁၆ ရက်)တွင်...
ဘုရားသုံးဆူရှိ လောင်းကစားရုံတချို့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နေရာသို့ ပြောင်းရွှေ့နေ
ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ထဲရှိ လောင်းကစားနှင့် ကာစီနိုရုံများ ပိတ်သိမ်းကာ မွန်ပြည် သစ်ပါတီ ထိန်းချုပ်နေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်နေသည်ဟု အခြေအနေကို သိထားသူ မြို့ခံသတင်းရင်းမြစ်က ပြောသည်။
ထိုင်းက ဘုရားသုံးဆူသို့ လျှပ်စစ်ဓာတ်အားရောင်းချမှုကို ဖေဖော်ဝါရီ ၅ ရက်နေ့တွင်...
ယဉ်ကျေးမှုဇုန် သာဂရမြို့ဟောင်းအား ဖျက်ဆီးသူများကို အရေးယူမည်
ဖေဖော်ဝါရီ ၁၇ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မြို့ဟောင်းကျေးရွာ အုပ်စုရှိ ယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ထားသည့် သဂရ မြို့ဟောင်း အတွင်းရှိ မြို့ရိုးများကို စက်ယန္တရားဖြင့် ဖြိုချဖျက်ဆီးနေသူများကို ထိရောက်စွာ အရေးယူသွားမည်ဟု NUG တနင်္သာရီတိုင်း စစ်ဌာနရုံး၊ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
အဆိုပါ သဂရ...














