KIC News
ရွှေကုက္ကို ရထိုက်ဟိုတယ်တွင် ဝါယာရှော့ဖြစ်ပြီး မီးလောင်၊ အကြီးစားထိခိုက်ပျက်စီးမှုမရှိ
မတ်လ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်ရှိ ရထိုက်ဟိုတယ်အပေါ်ဆုံးထပ်တွင် ယနေ့ နံနက် ၁၁ နာရီဝန်းကျင်က ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်ခဲ့သော်လည်း လူနှင့်ပစ္စည်းအဆောက်အအုံ ထိခိုက်မှုအကြီးစားမရှိကြောင်း ရွှေကုက္ကိုမြို့တွင်းသတင်းအရင်းအမြစ်မှ သိရသည်။
နယ်ခြားစောင့်တပ်-BGF နယ်မြေ ရွှေကုက္ကိုမြို့သစ်အတွင်းရှိ ရထိုက်ဟိုတယ်၌ အပူချိန်လွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ပြီး...














