Home Authors Posts by KIC News

KIC News

22436 POSTS 0 COMMENTS

စစ်ကောင်စီ လက်နက်ကြီးကြောင့် ကော့ကရိတ်ရွာသား ၁၂ ဦး ဒဏ်ရာရခဲ့

ဧပြီ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီက မတ်နှင့် ဧပြီလအတွင်း လက်နက်ကြီး ပစ်ခတ်မှုများ ကြောင့် ဒေသခံအရပ်သား ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကျေးရွာကျန်းမာရေးနှင့် စစ်ဘေးရှောင်အရေး ကူညီလုပ်ဆောင်ပေးနေသူများက ပြောသည်။ စစ်ကောင်စီက မတ်လနှင့် ယခုဧပြီလ အပစ်ရပ်ထားသည့်...

ကမမောင်းမြို့ပေါ် မိုင်းပေါက်ကွဲမှုကြောင့် အသက်မပြည့်သေးသည့် မိန်းကလေး ၃ ဦး ထိခိုက်ဒဏ်ရာရ

ဧပြီလ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မူတြော်(ဖာပွန်)ခရိုင် ကမမောင်းမြို့ပေါ်ရှိ ကမ်းနားဘုရားဆိပ်အနီး၊ ရေစက်အားကစားကွင်း၌ ယမန်နေ့ ဧပြီလ (၁၀) ရက်နေ့တွင် နင်းမိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဆယ်ကျော်သက်အရွယ် မိန်းကလေး (၃)ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။ ယမန်နေ့ ညနေ ...

သံလွင်ငြိမ်းချမ်းရေး ဥယျာဉ် ဧရိယာထဲရှိ ကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဗုံးကြဲ

ဧပြီ ၁၁ ရက် ၊၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်(ဖာပွန်)၊ တပ်မဟာ (၅)နယ်မြေ၊ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ် ဧရိယာထဲရှိ လူသောမြို့နယ်၊ ဂလောထကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဧပြီ ၁၀ ရက်နေ့၊ နံနက် ၅ နာရီကျော် အချိန်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု...

ဘိတ်-ထားဝယ်ခရိုင်တွင် ဒရုန်းကျွမ်းကျင် တရုတ် ၅ ဦး စစ်ကောင်စီကို ကူညီရန်ရောက်ရှိနေ

ဧပြီ ၁၁ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၄၊ ဘိတ်-ထားဝယ် ခရိုင်တွင် ဒရုန်းကျွမ်းကျင်ပညာရှင် တရုတ်လူမျိုး ၅ ဦး စစ်ကောင်စီကို ကူညီရန် ရောက်ရှိနေသည်ဟု ခရိုင်တာဝန်ရှိသူက ပြောသည်။ အဆိုပါ ခရိုင်အတွင်း ယခင်က စစ်ကောင်စီအနေဖြင့် ဒရုန်းတိုက်ခိုက်မှု နည်းပါးခဲ့သော်လည်း လက်ရှိ ဒရုန်း...

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖာပွန်ဒေသခံ နှစ်ဦး ဒဏ်ရာရပြီး နေအိမ် ၄ လုံး ထိခိုက် ပျက်စီးခဲ့

ဧပြီလ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံ၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅) နယ်မြေ၊ လူသောမြို့နယ်ရှိ ကျေးရွာများသို့ ယခုလအတွင်း စစ်ကောင်စီ၏ လေယာဉ် ဗုံးကြဲမှုကြောင့် ဒေသခံအမျိုးသား နှစ်ဦး ဒဏ်ရာရပြီး နေအိမ် (၄) လုံးထိခိုက်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူ (ဗဟို)က ယမန်နေ့...
Donate